အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူ့အခွင့်အရေးချိုး ဖောက်နေသော ခိုးဝင်ဘင်္ဂါလီ များကို သွေးထိုးလှုံ့ဆော်ပေးနေ သည်ဆိုကာ ကုလသမဂ္ဂ လူ့အ ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကို စစ်တွေနှင့် ဘူး သီးတောင်မြို့ခံ သုံးရာကျော်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။
မစ္စရန်ဟီးလီသည် ဇူလိုင် ၁၂ ရက် နံနက်က ကျောက်ဖြူ မှ စစ်တွေမြို့သို့ လာရောက်စဉ် စစ်တွေလေဆိပ်တစ်လျှောက် ဒေသခံ တစ်ရာကျော်နှင့် စစ်တွေမှ ဘူးသီးတောင်မြို့သို့ လာရောက် စဉ် ဘူးသီးတောင်လှေဆိပ်တွင် ဒေသခံဦးရေ ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
မစ္စရန်ဟီးလီ၏ ရခိုင်ပြည် နယ်ခရီးစဉ်သည် ခြောက်ကြိမ် မြောက်ဖြစ်ပြီး ယခင်ခရီးစဉ်များ တွင် ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းမရှိခဲ့ပေ။
မစ္စရန်ဟီးလီသည် လူ့အခွင့် အရေးချိုးဖောက်နေသော ခိုးဝင် ဘင်္ဂါလီများကို သွေးထိုးလှုံ့ဆော် ပေးနေပြီး အစီရင်ခံစာတင်ပြရာ တွင်လည်း တစ်ဖက်သတ်တင်ပြ နေသဖြင့် ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲစီစဉ်ခြင်းဖြစ်ကြောင်း စစ် တွေမြို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဒေါ်ကျော့စိန်က ပြော သည်။
မစ္စရန်ဟီးလီသည် ဇူလိုင် ၁၁ရက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မြင်းတက်တောင်ကျေးရွာရှိ တောင်သူလယ်သမားအသင်းလီမိတက်မှ တာဝန်ရှိသူအချို့၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ ဒေသခံအချို့နှင့် တွေ့ဆုံခဲ့ပြီး ပြင်ဖြူမော်ကျေးရွာ ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။
မစ္စရန်ဟီးလီသည် စစ်တွေ မြို့သို့ ရောက်ရှိစဉ် ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူများနှင့် တွေ့ ဆုံ၍ ကျောက်ဖြူအထူးစီးပွားရေး ဇုန်လုပ်ဆောင်မည့် ကိစ္စရပ်များ နှင့် ကျောက်ဖြူဒေသခံတောင်သူ များနှင့် တွေ့ဆုံစဉ် ကြားသိခဲ့ရသည့် စိုးရိမ်စိတ်များရှိနေမှု အခြေအနေများကိုဆွေးနွေးခဲ့သည်။
ယင်းနောက် ဘူးသီးတောင် မြို့ရှိ အကျဉ်းထောင်သို့ သွား ရောက်ကာ အကျဉ်းသားအချို့ နှင့် တွေ့ဆုံခဲ့သည်။ မစ္စရန်ဟီးလီ သည် ယခင်လာရောက်စဉ်က ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အောင်မင်္ဂလာရပ် ကွက်သို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် ရသေ့တောင်မြို့ နယ် ကိုးတန်ကောက်ကျေးရွာ၊ ဇန်နဝါရီ ၁၅ ရက်တွင် မောင်တောမြို့နယ်ရှိ ကျေးရွာခြောက်ရွာနှင့် နယ်ခြားစောင့်ရဲဌာနချုပ်သို့ သွားရောက်ကာ သက်ဆိုင်သူများနှင့် တွေ့ဆုံခဲ့သည်။
=====================
251/ End
၁၃ ဇူလိုင် ၂၀၁၇ - ၁၉:၀၃
News ID: 842111
လူ့အခွင့်အရေးချိုး ဖောက်နေသော ခိုးဝင်ဘင်္ဂါလီ များကို သွေးထိုးလှုံ့ဆော်ပေးနေ သည်ဆိုကာ ကုလသမဂ္ဂ လူ့အ ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကို စစ်တွေနှင့် ဘူး သီးတောင်မြို့ခံ သုံးရာကျော်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည်။ မစ္စရန်ဟီးလီသည် ဇူလိုင် ၁၂ ရက် နံနက်က ကျောက်ဖြူ မှ စစ်တွေမြို့သို့ လာရောက်စဉ် စစ်တွေလေဆိပ်တစ်လျှောက် ဒေသခံ တစ်ရာကျော်နှင့် စစ်တွေမှ ဘူးသီးတောင်မြို့သို့ လာရောက် စဉ် ဘူးသီးတောင်လှေဆိပ်တွင် ဒေသခံဦးရေ ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။