အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ပင်ရပ်ကွက်နဲ့ ရွှေပြည်အေး အမှတ် ၇ ရပ်ကွက်တို့အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ပြီး သောက်သုံးရေခက်ခဲနေတဲ့ အိမ်ခြေ ၂၅၅ အတွက် ရဲတပ်ဖွဲ့က သောက်ရေသန့် လှူဒါန်းခဲ့ပါတယ်။
မြို့နယ်မှုး ရဲမှုးမြင့်ကျော်ဦးဆောင်တဲ့အဖွဲ့ သောက်ရေသန့်ဘူးကြီး ၆၀၀ ကို ဒီနေ့မနက်ပိုင်းက သွားရောက်လှုဒါန်းခဲ့တာပါ။
“အရင်နှစ်တွေကလည်း လှူပါတယ်။ နွေဖြစ်ဖြစ်၊ မိုးဖြစ်ဖြစ် ရေခက်ခဲတယ်ဆိုတိုင်း သွားလှူပါတယ်။ ဒါကလည်း ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းကို ဆောင်ရွက်တာပါပဲ” လို့ ရေလှူသွားရာမှာပါဝင်ခဲ့သူ ရဲအရာရှိတဦးက ပြောပါတယ်။
အခြား ကျေးရွာတွေကိုတော့ သောက်သုံးရေအတွက် ရေသန့်ဆေးပြားတွေကို ကျန်းမာရေးဌာနက ဖြန့်ဝေထားတယ်လို့ သိရပါတယ်။
ဒီနေ့ထိ မုံရွာမြို့မှာတော့ ချင်းတွင်းမြစ်ရေဆက်တက်နေဆဲဖြစ်ပြီး စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့် မြင့်တက်နေတာဖြစ်ပါတယ်။
=====================
251/ End
၁၅ ဇူလိုင် ၂၀၁၇ - ၁၆:၅၈
News ID: 842406
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ပင်ရပ်ကွက်နဲ့ ရွှေပြည်အေး အမှတ် ၇ ရပ်ကွက်တို့အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်ပြီး သောက်သုံးရေခက်ခဲနေတဲ့ အိမ်ခြေ ၂၅၅ အတွက် ရဲတပ်ဖွဲ့က သောက်ရေသန့် လှူဒါန်းခဲ့ပါတယ်။ မြို့နယ်မှုး ရဲမှုးမြင့်ကျော်ဦးဆောင်တဲ့အဖွဲ့ သောက်ရေသန့်ဘူးကြီး ၆၀၀ ကို ဒီနေ့မနက်ပိုင်းက သွားရောက်လှုဒါန်းခဲ့တာပါ။