၂၀ ဇူလိုင် ၂၀၁၇ - ၁၉:၂၉
မန္တလေးတိုင်းအစိုးရအဖွဲ့ အင်တာနက်စာမျက်နှာသစ်ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အင်တာနက်စာမျက်နှာ ၀က်ဆိုက်သစ်ဖွင့်တခုစတင်ဖွင့်လှစ်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အင်တာနက်စာမျက်နှာ ၀က်ဆိုက်သစ်ဖွင့်တခုစတင်ဖွင့်လှစ်လိုက်ပါတယ်။

လက်ရှိအချိန်မှာ တိုင်းအစိုးရရဲ့ ဝန်ကြီးဌာန (၅) ခုနဲ့ ၎င်းတို့အောက်ရှိ ဌာန ၇၀ ဝန်းကျင်ရဲ့ အကြောင်းအရာ ပေါင်း ၁၉၉ ခုနဲ့ စတင်လွှင့်တင်နိုင်ဖို့ စီစဉ်ထားပြီး ၂၀၁၇ ခုနှစ်အတွင်း ကျန်ရှိနေတဲ့ ဝန်ကြီးဌာနတွေနဲ့ ဌာနတွေရဲ့ အချက်အလက်တွေ ရရှိဖို့ ကြိုးပမ်းဆောင်ရွက်ပြီး အပြီးသတ်ရေးသား ထည့်သွင်းသွားမယ်လို့ ၀က်ဆိုက် စတင်ဖွင့်လှစ်တာနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရဖွဲ့ရုံးမှာဒီနေ့ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၀က်ဆိုက်ကို http://www.emandalay.gov.mm/ မှာ သွားရောက်ကြည့်ရှုနိုင်သလို Google play store မှာ e-mandalay ဆိုပြီး ဒေါင်းလုပ်ဆွဲ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

=====================
251/ End