၂၁ ဇူလိုင် ၂၀၁၇ - ၁၆:၀၃
၃၅မြို့နယ်တွင် လူနေအိမ် ၂၀,၀၀၀ခန့် ရေနစ်မြုပ်၊ လူ ၈၀,၀၀၀ ကျော် ရေဘေးရင်ဆိုင်ခဲ့ရ

ဇူလိုင်လဆန်းကစတင် ရင်ဆိုင်ခဲ့ရသော ရေကြီးနစ် မြုပ်မှုကြောင့် မြို့အများအပြားမှ အိမ်ခြေ ၁၉,၀၀၀ ကျော် ရေနစ် မြုပ်ကာ လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးရင်ဆိုင်ခဲ့ရကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာ နမှ သတင်းရရှိသည်။ ဧရာဝတီ၊ ချင်းတွင်းနှင့် သံလွင်မြစ်ရေ၀င်ရောက်လာ၍ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးနှင့် ကရင်ပြည် နယ်တွင် မြို့နယ်အချို့၌ ရေကြီး နစ်မြုပ်မှု ရင်ဆိုင်ခဲ့ရပြီး ဇူလိုင် ၁ ရက်မှ ၂၀ ရက်အထိ စာရင်း အရ လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ယာယီခိုလှုံခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဇူလိုင်လဆန်းကစတင် ရင်ဆိုင်ခဲ့ရသော    ရေကြီးနစ် မြုပ်မှုကြောင့် မြို့အများအပြားမှ အိမ်ခြေ ၁၉,၀၀၀ ကျော် ရေနစ် မြုပ်ကာ လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးရင်ဆိုင်ခဲ့ရကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာ နမှ သတင်းရရှိသည်။

ဧရာဝတီ၊ ချင်းတွင်းနှင့် သံလွင်မြစ်ရေ၀င်ရောက်လာ၍ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး တိုင်းဒေသကြီးနှင့် ကရင်ပြည် နယ်တွင် မြို့နယ်အချို့၌ ရေကြီး နစ်မြုပ်မှု  ရင်ဆိုင်ခဲ့ရပြီး ဇူလိုင် ၁ ရက်မှ ၂၀ ရက်အထိ စာရင်း အရ  လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး   စခန်းများတွင် ယာယီခိုလှုံခဲ့ရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်းက ပြော ကြားသည်။

ယင်းကာလအတွင်း အိမ် ခြေ ၁၉,၀၀၀ ကျော် ရေကြီးနစ် မြုပ်ကာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေပြန်ကျပြီဖြစ်၍ ရေဘေးသင့်သူများ နေရပ်ပြန်ပြီဖြစ် သော်လည်း မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည် နယ်တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ရေဘေးသင့်ဒေသများတွင် အစိုးရနှင့် ဒေသခံလူမှုရေး အဖွဲ့များက ကယ်ဆယ်ထောက်ပံ့ရေး လုပ်ဆောင်နေသော်လည်း အချို့ကျေးရွာများသည် ရေကြီးနစ်မြုပ် သည့်ကာလ ၁၀ရက်ကျော်လာပြီ ဖြစ်၍ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ရေဘေးသင့်ဒေသမှ ဒေသခံများက ပြောသည်။

လတ်တလော၌ မကွေးတိုင်းဒေသကြီးတွင် ရေဘေးသင့်လူ ဦးရေ အများဆုံးဖြစ်ကာ ၂၇,၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံနေရပြီး ကယ် ဆယ်ရေးပစ္စည်း  ထောက်ပံ့နေ ကြောင်း မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဦးစီးဌာနဦးစီး မှူးဦးမြင့်စိုးက ပြောသည်။ ပဲခူးတိုင်းဒေသကြီး ရွှေတောင်၊ မင်းလှ၊ အုတ်ဖို၊ အုတ်ကျင်းနှင့် ပဲခူးမြို့နယ်တို့၌ ရေကြီးနစ်မြုပ်မှုနှင့် လေပြင်းကျရောက်မှုများ ဖြစ်ပေါ် ၍ နေအိမ်များပျက်စီးခဲ့သည်။

၂၀၁၆ ဇူလိုင်အတွင်းက ရေ ကြီးနစ်မြုပ်မှုသည် ယခုနှစ်ထက် ဆိုး ရွားပြီး လူဦးရေ လေးသိန်းခန့် ရေဘေးရင်ဆိုင်ခဲ့ရသည်။ ၂၀၁၅ ဇူလိုင်ကလည်း သမိုင်းတစ် လျှောက် အဆိုးရွားဆုံးရေဘေး ရင်ဆိုင်ခဲ့ရဖူးသည်။

ဇူလိုင် ၂၀ ရက်၌ ချင်းတွင်းမြစ်ရေသည်      စိုးရိမ်ရေမှတ် အောက်   ပြန်လည်ကျဆင်းသွား သော်လည်း ဧရာဝတီ၊ သံလွင်နှင့် င၀န်မြစ်တို့သည် စိုးရိမ်ရေ မှတ်အထက်တွင်   ရှိနေဆဲဖြစ် ကာ  ဧရာဝတီ၊   တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့်   မွန်ပြည်နယ်တို့၌   နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနက သတိပေးထားဆဲ ဖြစ်သည်။

=====================
251/ End