၂၁ ဇူလိုင် ၂၀၁၇ - ၁၆:၃၂
စာဖတ်ကြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တိုက်တွန်း

မြန်မာ့စာပေတည်တံ့ခိုင်မြဲရေးနဲ့ မြန်မာ့စာပေမြှင့်တင်ရေးကို အလေးထား၍ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့နဲ့ စာတတ်ရုံနဲ့ မပြီးဘဲ စာဖတ်ကြဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာ့စာပေတည်တံ့ခိုင်မြဲရေးနဲ့ မြန်မာ့စာပေမြှင့်တင်ရေးကို အလေးထား၍ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့နဲ့  စာတတ်ရုံနဲ့ မပြီးဘဲ စာဖတ်ကြဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက် မြ၀တီစာပေတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသွားတာဖြစ်ပြီး မိမိတို့ရဲ့ စာပေကိုထိန်းသိမ်းမြှင့်တင်ခြင်းဖြင့် စာပေနဲ့ ဆက်စပ်နေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသွားပါတယ်။

အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ စာဖတ်ဝါသနာမပါရင်  ကမ္ဘာကျဉ်းမြောင်းမှာဖြစ်တယ်၊ ကလေးတွေ စာဖတ်ဝါသနာပါဖို့ လိုတဲ့အကြောင်းနဲ့  စာကြည့်တိုက်ယဉ်ကျေးမှုနဲ့  စာကြည့်တိုက်သို့သွားတဲ့ အလေ့အထ ထူထောင်ရမယ်လို့ မနေ့က ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကို သွားရောက် စစ်ဆေးစဉ်ပြောကြားသွားပါတယ်။

အကြောင်းအရာတစ်ခုကို အင်တာနက်နဲ့ Google မှာရှာဖတ်တာဟာ ပြည့်စုံခြင်းမရှိနိုင်ကြောင်းနဲ့  ကလေးတွေ အမြင်ကျဉ်းမှာကို  စိတ်ပူမိတယ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှာ သမိုင်းဂုဏ်ထူးရသူနည်းနေတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

=====================
251/ End