အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ ဒီနေ့ အစောပိုင်းက ၁၈ ဘီးတွဲ ကားတစ်စီးတိမ်းမှောက်ကာ လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်းညွန့်ဌေး မောင်းနှင်လာတဲ့ ၁၈ ဘီးယာဉ်ဟာ မိုင်တိုင်အမှတ်၁၂၀/၄ နဲ့ ၅ အကြား အလယ်ခင်ရွာအနီးအရောက်မှာ စလစ်ဖြစ်ပြီး တိမ်မှောက်ခဲ့တာပါ။
“ကားက တောင်ဘက်ကလာတာဗျ။ ရန်ကုန်ဘက်ကပေါ့။ ကားပေါ်မှာတော့ သုံးထပ်သားပြားတွေ တင်လာတာ။ စလစ်ဖြစ်ပြီးမှောက်သွားတာပါ။ လမ်းပိတ်နေလို့ လမ်းအမြန်ပြန်ပွင့်ရေး ကျနော်တို့ ဆောင်ရွက်နေပါတယ်” လို့ ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိပေမယ့် ယာဉ်ကတော့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲစခန်းက ညွန့်ဌေးကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ-၂၇၉ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
=====================
251/ End
၂၃ ဇူလိုင် ၂၀၁၇ - ၁၉:၂၉
News ID: 843842
ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ ဒီနေ့ အစောပိုင်းက ၁၈ ဘီးတွဲ ကားတစ်စီးတိမ်းမှောက်ကာ လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ပဲနွယ်ကုန်းနယ်မြေ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။ ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်းညွန့်ဌေး မောင်းနှင်လာတဲ့ ၁၈ ဘီးယာဉ်ဟာ မိုင်တိုင်အမှတ်၁၂၀/၄ နဲ့ ၅ အကြား အလယ်ခင်ရွာအနီးအရောက်မှာ စလစ်ဖြစ်ပြီး တိမ်မှောက်ခဲ့တာပါ။