အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်ကို ပြင်း ထန်စွာ ကန့်ကွက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် ကျင်းပသော ပြည် သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုတစ်ရပ်တင်သွင်း ခဲ့သည်။
အရေးကြီးအဆိုကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အိမ်မဲအမတ် ဒေါ်သန္တာက တင် သွင်းခြင်းဖြစ်ပြီး အရေးကြီးအဆို ကို လက်ခံဆွေးနွေးရန် လွှတ် တော်က သဘောတူခဲ့သည်။
အရေးကြီးအဆိုတင်သွင်းရ ခြင်းသည် ကုလအထူးကိုယ်စား လှယ်၏မြန်မာနိုင်ငံခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်သည် နိုင်ငံ တော်အစိုးရက ဆောင်ရွက်နေ သော ရင်ကြားစေ့ရေးကို မျက် ကွယ်ပြုခြင်း၊ ကုလသမဂ္ဂ၏ပူး ပေါင်းဆောင်ရွက်နေမှုများကို လျစ်လျူရှုခြင်း၊ ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသော အခြေအနေ အမှန်များကို ထည့်သွင်းဖော်ပြ ထားမှုမရှိခြင်း စသည့် ရည်ရွယ် ချက်သုံးခုကြောင့် ဖြစ်ကြောင်း ဒေါ်သန္တာက လွှတ်တော်သို့တင် ပြသည်။
‘‘အောက်တိုဘာမှာ ပြုလုပ် ကျင်းပမယ့် ကုလသမဂ္ဂအထွေ ထွေညီလာခံမှာ တင်သွင်းမယ့် အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံ စာမှာ တရားမျှတမှုတွေ နည်းတာ ကို တွေ့ရပါတယ်။ ဘက်လိုက်မှု မကင်းတဲ့ အစီရင်ခံစာဖြစ်သွား ရင် အဲဒီအစီရင်ခံစာပါ အကြောင်းအရာတွေကြောင့် ဆွေးနွေးဆုံးဖြတ်ကြရင် မှားယွင်းတဲ့ဆုံးဖြတ် ချက်တွေ ဖြစ်ပေါ်လာနိုင်တဲ့အ တွက် ပြင်းထန်စွာ ကန့်ကွက် ကြောင်း အရေးကြီးအဆိုကို တင် သွင်းရပါတယ်ရှင်’’ဟု ဒေါ်သန္တာ က ပြောသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စရန်ဟီးလီ၏ ထုတ်ပြန်ချက်တွင် ရခိုင်အရေး၌ မြန်မာအစိုးရက နှစ်ဖက်လူ့အ သိုင်းအဝိုင်းကို လူသားချင်းစာ နာထောက်ထားမှု၊ ပံ့ပိုးမှုများ ဖော်ပြခြင်းမရှိကြောင်း၊ အခက် အခဲများကြားမှ ရေရှည်တည်တံ့ သည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးတို့ကို မြန်မာအစိုးရ ၏ကြိုးစားလုပ်ဆောင်နေမှုများ အလေးမထားကြောင်း အရေး ကြီးအဆိုတင်သွင်းသူ ၎င်းက ထည့်သွင်းပြောကြားသည်။
အထက်ပါအရေးကြီးအဆို ကို မန္တလေးတိုင်းဒေသကြီး ပြည် ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်စိုး လင်းက ထောက်ခံခဲ့သည်။
နှစ်များစွာက ခက်ခဲနက်နဲ သည့်ပဋိပက္ခများကို ဖြေရှင်းရ မည်ဖြစ်၍ အစိုးရက အတွေ့အကြုံရှိ နိုင်ငံတကာ၏ထောက်ခံ မှုရရှိထားသူ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ဦးဆောင်စေကြောင်းနှင့်ထိုသို့ ခန့်အပ်ခြင်းက အစိုးရ၏လူ့အခွင့် အရေးအပေါ်၌ အလေးထား ဆောင်ရွက်နေသည်ကို သိသာ ထင်ရှားစေကြောင်း ဦးကျော်စိုး လင်းက ပြောသည်။
‘‘အထူးအစီရင်ခံစာတင် သွင်းသူ၏အစီရင်ခံစာမှာ မြန်မာ နိုင်ငံ၏ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးကို အဟန့်အတားဖြစ်စေရန် တွန်းပို့နေသောသဘော သက်ရောက်နေတယ်လို့ ယူဆမိ ပါတယ်’’ဟု ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အထက်ပါအရေး ကြီးအဆိုကို ဆွေးနွေးမည့်လွှတ် တော်ကိုယ်စားလှယ်အမည်ကို ဇူလိုင် ၂၄ ရက် ညနေနောက်ဆုံး ထားပေးသွင်းရန် ကြေညာခဲ့ပြီး အရေးကြီးအဆိုဆွေးနွေးမည့် ရက်ကို ယမန်နေ့က မကြေညာခဲ့ ပေ။
မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာ လာရောက်ခဲ့သော ခရီးစဉ်အပြီး ဇူလိုင် ၂၁ ရက်တွင် မစ္စရန်ဟီးလီ က ရန်ကုန်မြို့၌ သတင်းစာရှင်း လင်းပွဲပြုလုပ်ရာ ရခိုင်အရေးနှင့် ပတ်သက်၍ အစိုးရလုံခြုံရေးတပ် ဖွဲ့များက လူ့အခွင့်အရေးချိုး ဖောက်ခဲ့သည့် အစီရင်ခံစာများ ရရှိခဲ့ကြောင်း၊ အစိုးရသစ်အနေ ဖြင့်လည်း ယခင်အစိုးရအမူအ ကျင့်များအတိုင်း ပြုမူနေ၍ စိတ် ပျက်ရကြောင်းပြောကြားခဲ့သည်။
မြန်မာအစိုးရကလည်း ဇူ လိုင် ၂၂ ရက်နံနက်တွင် မစ္စရန် ဟီးလီ၏မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်ချက်အပေါ် စိတ်ပျက် ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။
ဆယ်စုနှစ်များစွာ ကြုံတွေ့ ခဲ့ရသော ပြည်တွင်းပဋိပက္ခ၊ အ ထီးကျန်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ကြောင့် ဖြစ်ပေါ် သည့် ပြဿနာများကို ဖြေရှင်းရာ ၌ တွေ့ကြုံရသည့်အခက်အခဲများ ကို ရန်ဟီးလီ၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြမည်ဟု မျှော် လင့်ခဲ့သော်လည်း ရန်ဟီးလီ၏ ထုတ်ပြန်ချက်၌ ယေဘုယျဆန် သော စွပ်စွဲချက်များနှင့် မှားယွင်း သော အချက်အလက်များစွာပါ ဝင်နေကြောင်း အစိုးရထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
=====================
251/ End

ကုလအထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း လွှတ်တော်၌ အရေးကြီးအဆိုတင်သွင်း

၂၅ ဇူလိုင် ၂၀၁၇ - ၁၉:၂၀
News ID: 844235