အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး ၏ ကျန်းမာရေးအခြေအနေ တိုး တက်ကောင်းမွန်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ပါတီက သတင်း ထုတ်ပြန်သည်။
သူရဦးတင်ဦး၏ ကျန်းမာ ရေးအခြေအနေနှင့် ပတ်သက်၍ ကောလာဟလအချို့ ၂၅ ရက် နံနက်၌ လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်ပြီးနောက် ပါတီက ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
‘‘ကျန်းမာရေးအခြေအနေ က ကောင်းပါတယ်’’ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုကပြောသည်။
သူရဦးတင်ဦး၏ ကျန်းမာ ရေးအခြေအနေသည် အစားစားနိုင်၊ စာဖတ်နိုင်သည်အထိ တိုးတက်ကောင်းမွန်ကြောင်း ၎င်းကပြောသည်။
‘‘အိမ်မှာထက် ဆေးရုံမှာနေ ရင် ပိုစိတ်ချရအောင် မဆင်းပေး သေးတာပါ။ အဲဒါကြောင့် ဆင်းဖို့ကို အချိန်စောင့်နေတာပါ’’ဟု ၎င်းကပြောသည်။
ထို့အပြင် ဆရာဝန်ကြီးများ အစည်းအဝေးမပြုလုပ်ရသေး၍ ဆေးရုံဆင်းမည့်ရက် မသတ်မှတ် ရသေးကြောင်း ဒေါက်တာအေး ကိုကိုက ပြောသည်။
သူရဦးတင်ဦးသည် မေလ ၁၈ ရက်တွင် ဦးနှောက်သွေးကြော ပိတ်၍ လေဖြတ်ရောဂါဖြင့် ရန် ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက် ရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံ တက်သည့် ခုနစ်ရက်မြောက် မေလ ၂၄ ရက်၌ အသက်အန္တရာယ် စိုးရိမ်ရသည့်အဆင့်ကို ကျော် လွန်ကာ အခြေအနေတိုးတက် ကောင်းမွန်လာ၍ အထူးကြပ် မတ်ဆောင်မှ နှလုံးကုသဆောင် သို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် သူရဦးတင်ဦး သည် ဇူလိုင် ၁၉ ရက် အာဇာနည် နေ့တွင် အာဇာနည်နေ့ အထိမ်း အမှတ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။
=====================
251/ End
၂၇ ဇူလိုင် ၂၀၁၇ - ၁၈:၃၀
News ID: 844566
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး ၏ ကျန်းမာရေးအခြေအနေ တိုး တက်ကောင်းမွန်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ပါတီက သတင်း ထုတ်ပြန်သည်။ သူရဦးတင်ဦး၏ ကျန်းမာ ရေးအခြေအနေနှင့် ပတ်သက်၍ ကောလာဟလအချို့ ၂၅ ရက် နံနက်၌ လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်ပြီးနောက် ပါတီက ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ‘‘ကျန်းမာရေးအခြေအနေ က ကောင်းပါတယ်’’ဟု ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုကပြောသည်။