၂၈ ဇူလိုင် ၂၀၁၇ - ၁၈:၀၆
ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနလက်ထောက်ဆေးရုံအုပ် ဒေါက်တာမော်ဦးနှင့်တွေ့ဆုံခြင်း

‘‘အရေးပေါ်ကုသမှုဆိုတာ တကယ်တော့ ပထမဆုံးကုသမှုကို အစောဆုံးရဖို့ပဲ။ တတ်ကျွမ်းတဲ့သူရဲ့ ပထမဆုံးကုသမှုကို အစောဆုံးရအောင်လုပ်ပေးတာ။ ဒီလိုကြိုတင်ကုသမှုမရခဲ့လို့ မသေသင့်ဘဲ သေရတဲ့လူနာက ၂၀ ရာခိုင်နှုန်းလောက်ရှိနေတယ်’’ အရေးပေါ်ကုသမှုမရရှိသဖြင့် မြန် မာနိုင်ငံရှိ လူနာအများစုသည် အ သက်မဆုံးရှုံးသင့်ဘဲနှင့် ဆုံးရှုံးနေ ရသည်။ လက်ရှိတွင် အရေးပေါ် ကုသမှု ပိုမိုတိုးတက်ကောင်းမွန် လာရန် နိုင်ငံတော်က ဆောင်ရွက် နေသလို အရေးပေါ် ကုသမှုဆိုင် ရာ ဥပဒေမူကြမ်းကိုလည်း ပညာ ရှင်များက ရေးဆွဲနေကာ မကြာမီ ထွက်လာတော့မည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန်ဆေး ရုံကြီး အရေးပေါ်ဌာန လက် ထောက်ဆေးရုံအုပ် ဒေါက်တာ မော်ဦးအား မေးမြန်းထားသည်များ ကို ဖော်ပြလိုက်ပါသည်။ အရေးပေါ်ကုသမှုနဲ့ပတ်သက်ပြီး ဆရာတို့ဆောင်ရွက်နေတာတွေကို ပြောပြပါဦး။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


‘‘အရေးပေါ်ကုသမှုဆိုတာ တကယ်တော့ ပထမဆုံးကုသမှုကို အစောဆုံးရဖို့ပဲ။ တတ်ကျွမ်းတဲ့သူရဲ့ ပထမဆုံးကုသမှုကို အစောဆုံးရအောင်လုပ်ပေးတာ။ ဒီလိုကြိုတင်ကုသမှုမရခဲ့လို့ မသေသင့်ဘဲ သေရတဲ့လူနာက ၂၀ ရာခိုင်နှုန်းလောက်ရှိနေတယ်’’

အရေးပေါ်ကုသမှုမရရှိသဖြင့် မြန် မာနိုင်ငံရှိ လူနာအများစုသည် အ သက်မဆုံးရှုံးသင့်ဘဲနှင့် ဆုံးရှုံးနေ ရသည်။ လက်ရှိတွင် အရေးပေါ် ကုသမှု ပိုမိုတိုးတက်ကောင်းမွန် လာရန် နိုင်ငံတော်က ဆောင်ရွက် နေသလို အရေးပေါ် ကုသမှုဆိုင် ရာ ဥပဒေမူကြမ်းကိုလည်း ပညာ ရှင်များက ရေးဆွဲနေကာ မကြာမီ ထွက်လာတော့မည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန်ဆေး ရုံကြီး အရေးပေါ်ဌာန လက် ထောက်ဆေးရုံအုပ် ဒေါက်တာ မော်ဦးအား မေးမြန်းထားသည်များ ကို ဖော်ပြလိုက်ပါသည်။

အရေးပေါ်ကုသမှုနဲ့ပတ်သက်ပြီး ဆရာတို့ဆောင်ရွက်နေတာတွေကို ပြောပြပါဦး။

ဒီနှစ်မှာ အရေးပေါ်လူနာတင် ယာဉ်စနစ်လုပ်မှာရှိတယ်။ ၂၀၁၈ နဲ့ ၂၀၁၉  ကြားမှာ မန္တလေးနဲ့ ရန် ကုန်မှာ လုပ်မယ်။ ၂၀၂၀ အထိ ကျရင်တော့ တိုင်းနဲ့ပြည်နယ်မြို့ ကြီးတွေမှာ လုပ်ဖို့ မှန်းထားတယ်။ ပြီးတော့ မြန်မာမှာက လူနာတင် ယာဉ်တွေအများကြီးပဲ။ လူမှုရေး အသင်းအဖွဲ့တွေက လုပ်တဲ့ လူနာတင်ယာဉ်တွေလည်း အများ ကြီးပဲ။ ဒါပေမဲ့ လူနာတင်ယာဉ်မှာ လိုက်ပါဆောင်ရွက်တဲ့သူတွေကို ပေးထားတဲ့သင်တန်းကျတော့မရှိ ဘူး။ လူနာတင်ယာဉ်အကုန်လုံး မှာ လုပ်မယ့်ဝန်ထမ်းတွေက အ ခြေခံပြုစုစောင့်ရှောက်မှုကို လုပ် ထုံးလုပ်နည်းအနေနဲ့ရှိသင့်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စိုးရိမ် တဲ့အချက်တစ်ချက်က တစ်နိုင်ငံ လုံးမှာရှိတဲ့ လူနာတင်ယာဉ်တွေ က တစ်ယောက်တစ်မျိုးကုသရေး လုပ်နေတာတွေ။ ဟိုတစ်ဖွဲ့က ဒီလိုလုပ်၊ ဒီတစ်ဖွဲ့က ဟိုလိုလုပ် တဲ့အခါ ဌာနရဲ့ လူနာကုသတာကို လာထိခိုက်တယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက လူနာ တင်ယာဉ်နဲ့ လိုက်မယ့်ကုထုံးတွေ၊ သင်တန်းတစ်ခုထောင်ဖို့ စလုပ် နေပါပြီ။ ဒီနှစ်ထဲမှာပဲ နေပြည် တော်က ဇမ္ဗူသီရိခုတင် ၅၀ ဆံ့ ဆေးရုံကို ပိတ်ပြီး သင်တန်း ကျောင်းအဖြစ် ပုံစံပြောင်းမယ်။ ၂၀၁၈ မှာ သင်တန်းစမယ်။ သင် တန်းကို အစိုးရနဲ့ ပုဂ္ဂလိကဆေးရုံ မှာ လူနာတင်ယာဉ်နဲ့ တာဝန်ထမ်း ဆောင်မယ့်သူတွေအပြင် လူမှု ရေးအသင်းအဖွဲ့တွေမှာ တာဝန် ထမ်းဆောင်မယ့်သူတွေလည်း လျှောက်လို့ရပါတယ်။ ပြီးတော့ အရေးပေါ်ကုသမှုဆိုင်ရာဥပဒေ ဆိုတာ ကြိုးစားနေတယ်။

ဒီလိုလုပ်ပေးခြင်းက အရေးပေါ် ကုသမှုတွေမှာ ဘယ်လိုအကျိုး သက်ရောက်မှု ဖြစ်လာနိုင်ပါသလဲ။

အရေးပေါ်ကုသမှုဆိုတာ တ ကယ်တော့ ပထမဆုံးကုသမှုကို အစောဆုံးရဖို့ပဲ။ တတ်ကျွမ်းတဲ့သူ ရဲ့ ပထမဆုံးကုသမှုကို အစောဆုံး ရအောင် လုပ်ပေးတာ။ ဒီလိုကြို တင်ကုသမှုမရခဲ့လို့ မသေသင့်ဘဲ သေရတဲ့လူနာက ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်ရှိနေတယ်။ သေသင့်သေထိုက်လို့ သေတာမျိုး တော့ မတတ်နိုင်ကြဘူးပေါ့။ ဒါ ပေမဲ့ မသေသင့်တဲ့လူနာ ၂၀ ရာ ခိုင်နှုန်းလောက်ကိုတော့ ကာ ကွယ်ဖို့လိုတယ်။ အခုဆောင်ရွက် ပေးနေတာတွေက အခင်းဖြစ်တဲ့ နေရာမှာ၊ လူနာတင်ယာဉ်ခေါ်ဆို တဲ့နေရာမှာ ဆေးကုသမှုကို အ ချိန်မီပေးနိုင်မယ်။ လူနာကို သယ် ဆောင်လာစဉ်အတွင်း လမ်းတစ် လျှောက်မှာ ကုသမှုကို ပေးနိုင် မယ်။ အဓိကအချက်က ဖြစ်တဲ့ နေရာမှာ ကုသမှုပေးနိုင်ရင်တောင် လူနာသယ်လာတဲ့လမ်းမှာ လူနာ အခြေအနေကောင်းသလား၊ ဆိုး သလားဆိုတာမျိုးကို သင်တန်း တက်ထားတဲ့သူတွေက ဆေးရုံနဲ့ အမြဲချိတ်ဆက်ပြောဆိုနေရမယ်။ အဲဒါမှ ဆေးရုံကလည်း လိုအပ် တာတွေ ကြိုပြင်ဆင်ထားလို့ရသ လို လမ်းကလူနာအခြေအနေ ကောင်းအောင်လည်း လမ်းညွှန်မှု တွေ ပေးလို့ရမယ်။ နိုင်ငံခြားမှာ တော့ ဒီလိုပုံစံတွေနဲ့လုပ်တယ်။

အရေးပေါ်ကုသမှု ဥပဒေထဲမှာ ဘယ်လိုအချက်တွေ  ထည့်သွင်း ထားလဲ။ ဥပဒေထွက်လာရင် ဘယ်လို အထောက်အကူပြုနိုင် မလဲ။

ဥပဒေကလည်း အရေးကြီးတယ်။ မဟုတ်ရင် လုပ်ပေးတဲ့သူကလည်း မတို့ရဲ၊ မထိရဲ။ သူလုပ်လို့ လက်ကျိုးသွားမလား။ ဘေးနားက လာကူတဲ့သူကလည်း မကူရဲ။ သူလုပ်မှ တစ်ခုခုဖြစ်သွားရင် သူ့အပြစ်ဆိုပြောကြမယ်။ တစ်ခါ တလေကျရင် လူနာက လူနာတင်ယာဉ်နဲ့ မလိုက်ချင်ဘူးလို့ ငြင်းတာက ရှိသေးတယ်။ ငြင်းရင် လက်မှတ်ထိုးရမယ်။ သက်သေ ဘယ်လောက်ပါရမယ်။ ဥပဒေထဲမှာ အဲဒီလိုပါတယ်။ လူနာက ငြင်း တော့ ကားက ထွက်သွားပြီးမှ လူနာရောဂါဆိုးလာလို့ ကားလည်း ပြန်ခေါ်မရ။ ဒီတော့ ကာယကံရှင်လက်မှတ်ထိုးထားတယ်။ သက်သေပါတယ်။ အဲဒီလိုနဲ့သူတို့ ကို ကာကွယ်ပေးထားတယ်။ လူနာအတွက်လည်း ဒီလိုပဲ။ လူနာ တင်ယာဉ်သမားတွေက နှောင့် ယှက်တာတို့၊ မဟုတ်တရုတ်ပြော တာတို့ကိုလည်း လူနာဘက်က ကာကွယ်ထားတယ်။ လူနာကို ကုပေးရမယ့်စနစ်တွေကိုလည်း ဥပဒေထဲမှာ ပြဋ္ဌာန်းထားပြီးသား။ အဲဒီနည်းတွေအတိုင်း မကုပေးရင် တရားပြန်စွဲလို့ရတယ်။ ပြီးတော့ လူနာတင်ယာဉ်က မီးပွိုင့်ဖြတ် မောင်းတာ။ တကယ်တော့ ဥပဒေထဲမှာ ယာဉ်စည်းကမ်းကို ချိုး ဖောက်ခွင့်မရှိဘူး။ လမ်းပြောင်းပြန်မောင်းလို့ တစ်ဖက်ယာဉ်ကြော က ကားနဲ့တိုက်ရင် ယာဉ်စည်း ကမ်းနဲ့ပဲ ရှင်းမှာ။ အခုချိန်ထိ လူနာတင်ယာဉ်နဲ့ပတ်သက်လို့ ဥပဒေကို မရှိသေးတာ။ ဥပဒေပေါ်လာတဲ့အခါကျရင် သင်တန်းမတက်ထားတဲ့သူတွေ၊ လူနာတင် ယာဉ်လုပ်ငန်းလုပ်ခွင့်ရှိတော့မှာ မဟုတ်ဘူး။ လူနာကုသမှုနဲ့ပတ် သက်လို့ ဘာမှမသိဘူး။ စေတနာ အရတော့ ကုပေးပေမယ့် လမ်းမှာ ဘယ်လိုဖြစ်လို့ သေသွားတယ်၊ ကားပျက်လို့ ဘာဖြစ်တယ်၊ နောက်ကျလို့ လူနာက သေတယ်။ လူနာတွေက ကွန်ပလိန်းရှိတယ်။ အသင်းတွေဘက်ကလည်း အလ ကားလိုက်ပို့ပေး၊ စေတနာထားပြီး လုပ်ပေးပေမယ့်ဆိုပြီး ဒီလိုမျိုးတွေ ဖြစ်လာရော။ နောက်ပိုင်းကျရင် စေတနာနဲ့ လုပ်ပေးတာပဲလို့ ပြောလို့ မရဘူး။ ဥပဒေနဲ့ပဲ ပြောရတော့မှာ။ ဥပမာ အသင်းအဖွဲ့တစ်ခု ထောင်ချင်တယ်။ တတ်မြောက် ကြောင်းလက်မှတ်မရှိဘဲနဲ့ ဘာမှ မတတ်ဘဲနဲ့ နောက်ဥပဒေအရ ထောင်ခွင့်မရှိဘူး။

အရင် ၂၀၁၄ က ဥပဒေနဲ့ အခုရေးဆွဲနေတဲ့ဥပဒေက ဘာများကွာ ခြားချက်တွေရှိမလဲ။

အရင်တုန်းက ဆွဲလိုက်တဲ့ ဥပဒေက လိုအပ်ချက်ကြောင့် အ ရေးပေါ်ထုတ်လိုက်တဲ့ ဥပဒေပါ။ အရင်ကတော့ ထိခိုက်ဒဏ်ရာတစ် မျိုးတည်းကို ဥပဒေရေးဆွဲထား တာ။ အခုတော့ အရေးပေါ်ကုသမှု ဆိုင်ရာဥပဒေ ဆိုပြီးတော့ နာမည် ပြောင်းပြီး ဆွဲထားတယ်။ ကားအက်ဆီးဒင့်ဖြစ်ရင် လူနာကို ဆေး​ရုံကို ချက်ချင်းမသယ်ရဲဘူး။ ရဲလာမှ သယ်လို့ရမယ်ဆိုပြီး ကြည့်နေ ရင်းနဲ့ပဲ လူနာက သေသွားရတဲ့ ဖြစ်စဉ်တွေ အများကြီးရှိနေတယ်။ နောက်ပိုင်း ဥပဒေရေးဆွဲပြီးရင် တော့ ထိခိုက်ဒဏ်ရာရတဲ့လူနာကို ဆေးရုံကို သယ်ဆောင်လာပေးတဲ့ သူက ဝန်ထမ်းဖြစ်နေရင် ခွင့်ရက် ပေးဖို့နဲ့ ပုဂ္ဂလိကဝန်ထမ်းဖြစ်ရင် အဲဒီနေ့အတွက်ကိုပါ လစာပေးရ မယ်။ လူနာကို ဆေးရုံလိုက်ပို့ပေး တယ်ဆိုတဲ့ သက်သေရှိရင် အဲဒီ အခွင့်အရေးတွေရမယ်။ ဒါကို တော့ သက်ဆိုင်ရာဆေးရုံက ဆရာဝန်တွေဆီက တောင်းရ မယ်။ ဒီဥပဒေထဲမှာ လိုက်မပို့ရဘူး ဆိုပြီး တားမြစ်တဲ့သူတွေကိုလည်း အရေးယူလို့ရတယ်။ ရဲက ခေါ် သွားလို့မရသေးဘူး။ မှတ်တမ်း မှတ်ရာပြုစုတာမပြီးသေးဘူးဆိုပြီး တားမြစ်ရင် အဲဒီရဲက ထောင်သုံး လကျခံရမယ်။ ဘာလို့လဲဆိုတော့ လူနာအသက်ရှင်ဖို့ အရေးကြီး တယ်။ တကယ်လို့ မှတ်တမ်းယူ တာမပြီးသေးရင် ဆေးရုံအထိ လိုက်ပြီး ယူရမယ်။ ရဲတွေက ဆေးရုံအထိ မလိုက်ချင်ကြတဲ့အ တွက် အဲဒီမှာပဲ စစ်ချက်ယူကြ တာ။ ဒါတင်မဟုတ်သေးဘူး။ ထိ ခိုက်ဒဏ်ရာရတဲ့လူနာကို ဘယ်သူ မဆို ဆေးရုံကို အချိန်မီပို့လို့ရ တယ်။ ဒါကို မပို့ရအောင် တားမြစ် တဲ့သူရှိရင် တားတဲ့သူတွေမှန်သမျှ ထောင်သုံးလကျခံရမယ်။ အခုက ဥပဒေကို ရေးနေပြီ။ လွှတ်တော်မ တင်ရသေးဘူး။ အရင်ကတော့ ထိခိုက်ဒဏ်ရာနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားပေမယ့် အခုနောက် ပိုင်းမှာတော့ အားလုံးနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် ထည့်ပြီး ရေးဆွဲထားတယ်။

အခုရေးဆွဲနေတဲ့ ဥပဒေက ဘယ် တော့ထွက်လာနိုင်သလဲ။

ဒီဥပဒေကို သက်ဆိုင်ရာဌာန တွေဖြစ်တဲ့ လူမှုရေးအသင်းအဖွဲ့ တွေ၊ ဆေးရုံတွေခွဲပြီးတော့ ရေး နေတယ်။ လွှတ်တော်မှာ ဆွေးနွေး ခွင့်ရဖို့အတွက် အနည်းဆုံး လေး လကနေ ခြောက်လအထိ စောင့်ရ မယ်။ ဆွေးနွေးပြီးရင် ရှေ့နေချုပ် ရုံးကို ကိုးလလောက်တင်ရမယ် ဆိုတော့ ၂၀၁၈ အကုန် ၂၀၁၉ လောက်မှ ဥပဒေက ထွက်လောက် မယ်။ နိုင်ငံခြားမှာဆိုရင် ဘွဲ့မရ ရင် အရေးပေါ်လူနာတင်ယာဉ် တောင် မောင်းခွင့်မရှိဘူး။ မြန်မာ ပြည်က တော်တော်များများကို လွတ်လပ်တယ်။ နောက်ပိုင်းမှာ လူနာတင်ယာဉ်ကို အကြောင်းပြ ပြီး စိတ်ကြွဆေးသယ်တာတို့၊ သစ်တွေသယ်တာတို့တောင် ရှိနေ တယ်။ ဒါတွေက ရဲမှာ အမှုတစ်ခု ပြီးတစ်ခုတက်နေတယ်။ ယာဉ် ပေါ်မှာ လူတစ်ယောက်က စောင် ခြုံပြီး လိုက်လာတယ်။ တခြား ပစ္စည်းတွေလည်း သယ်တယ်။ ရဲ တားရင်လည်း မရပ်ပေးဘူး။ ဒါ တွေက နိုင်ငံခြားမှာလည်းရှိတယ်။  သူတို့နိုင်ငံတွေမှာဆို အရေးပေါ် လူနာတင်ယာဉ်နဲ့ ဗုံးခွဲတဲ့ဖြစ်စဉ် တွေတောင် ရှိတယ်။ ဒါကြောင့် အခုဆွဲနေတဲ့ဥပဒေမှာ သက်ဆိုင် ရာမသင်္ကာလို့ စစ်ဆေးမယ်ဆိုရင် ရပ်တန့်ပေးရမယ်ဆိုတဲ့အချက်ကို လည်း ထည့်သွင်းထားတယ်။

အရေးပေါ်ထိခိုက်ဒဏ်ရာကုသမှု ဥပဒေထွက်ထားပေမယ့် အခုအချိန်ထိ ဆေးကုမပေးတဲ့ ဆေးရုံ တွေ ရှိနေသေးတာကော ဘာ ကြောင့်ပါလဲ။

အရေးပေါ်ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကို ကုသပေးတဲ့ဥပဒေလည်း ထွက်သွားပြီးပြီ။ ဒါပေမဲ့ အဆုံးအထိ ကုသလို့မရဘူး။ အ ရေးပေါ်အခြေအနေကို အသက်ကယ်တဲ့အနေနဲ့ ကုသပေးပြီးရင် ရဲကို အကြောင်းကြားရမယ်။ ပြီး တာနဲ့ အစိုးရဆေးရုံကို ပြန်ပြီး လွှဲ ပြောင်းပေးရမယ်။ ဘာကြောင့်လဲ ဆိုတော့ တရားခံဆီက ပိုက်ဆံယူ ပြီးတော့ ဒဏ်ရာက စိုးရိမ်စရာမရှိဘူးလို့ လိမ်လည်ထွက်ဆိုလို့ရတယ်။ လူနာသေရင်တောင်မှ ဒဏ်ရာကြောင့် သေတာမဟုတ်ဘဲ အရင်ရောဂါအခံရှိလို့ သေတာပါဆိုပြီးတော့ ပြောလို့ရတယ်။ ဒါ ကြောင့် ပြင်ပဆေးရုံတွေက ဆရာဝန်တွေရဲ့ ထွက်ဆိုချက်ကို လက်ခံလို့မရဘူး။ ဒီလိုသဘောမျိုး ကြောင့် ဥပဒေအကြောင်းအရပဲ လုပ်ဆောင်ရမယ်။ နိုင်ငံခြားမှာဆိုရင် ပုဂ္ဂလိကဆေးရုံတိုင်းမှာ ဆေးစာရေးဖို့အတွက် မှုခင်းရဲတွေရှိတယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံတွေမှာ မှုခင်းဆရာဝန်မရှိ ဘူး။ မှုခင်းဆရာဝန်က လက်ချိုး ရေလို့ရတယ်။

အရေးပေါ်ထိခိုက်ဒဏ်ရာကြောင့် တက်ရောက်လာတဲ့လူနာတွေအတွက် ပုဂ္ဂလိကဆေးရုံတွေက အခမဲ့ကုပေးရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းသွားဖို့ရှိပါလား။

ဆေးကုသပေးတဲ့ အခါမှာ လည်း အခမဲ့ ကုသပေးဖို့ဆိုပြီးတော့ ရေးဆွဲထားတာ မရှိဘူး။ အခုထပ်ဆွဲမယ့် ဥပဒေမှာတော့ သဘာဝဘေးအန္တရာယ်ကျရောက်တာတို့၊ ဗုံးပေါက်ကွဲတာတို့ လူအများ အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရတဲ့ အရေးပေါ်အခြေအနေတွေမှာတော့ အခမဲ့ ကုသပေးရမယ်ဆိုတဲ့အချက် ပါလာမယ်။ ပုဂ္ဂလိကဆေးရုံတွေဟာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင် အစိုးရညွှန်ကြားချက်တွေကို အခမဲ့ဆောင်ရွက်ပေးရမယ် ဆိုတဲ့ အချက်ကို ထည့်သွင်းထားမယ်။ ကျန်တဲ့အချိန်တွေမှာဆိုရင် တော့ လူနာတွေဆီကနေ အခကြေးငွေကောက်ခံလို့ရတယ်။ အစိုးရက တာဝန်ပေးတဲ့အချိန် တွေမှာတော့ အခမဲ့ ကူညီပေးရမယ်။

အရေးပေါ်လူနာတင်ယာဉ်တွေကို လိုင်စင်နဲ့ ထိန်းချုပ်သွားဖို့ကော ရှိပါသလား။

အသင်းအဖွဲ့လိုင်စင်ဖြစ်တဲ့ ကားလိုင်စင်ရှိရမယ်။ တစ်ခါတလေ အရေးပေါ်တင်ယာဉ်ကိုထားပြီး ထွက်ပြေးသွားတာတွေလည်းရှိတယ်။ အဲဒါတွေကို မထိန်းချုပ်လို့ မရတော့ဘူး။ ဒါကြောင့် ကား လိုင်စင်ရှိရမယ်။ အသင်းအဖွဲ့ လိုင်စင်ရှိရမယ်။ လုပ်ငန်းလိုင်စင်တွေ လုပ်ရမယ်။ အခုလည်း အဲဒါတွေကို ပြည်ထဲရေးက ထုတ်ပေးပေမယ့် လာမတင်ကြဘူး။ ဒီလိုလာတင်ရင်လည်း ကားက ဘယ်ကရလဲ၊ လူဘယ်နှယောက်ရှိလဲ၊ ရန်ပုံငွေ ဘယ်လိုရှာလဲဆိုတာတွေ မေးတော့မှာ။ သူတို့က တရားမဝင် ကားတင်သွင်းပြီး လုပ်နေ တာဆိုတော့ မလုပ်ဘူး။ အရင် တုန်းက သူတို့ဆီကို ဖောင်တွေ ပေးပြီးတော့ စစ်တမ်းကောက်ဖူး တယ်။ မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ တို့ ကားဘယ်နှစီး၊ လူဘယ်နှယောက်နဲ့ တစ်နှစ်ကို လူဘယ်နှယောက်လောက်ကို ပို့နေလဲဆို တာကို မေးပေမယ့် ၅၀ ရာခိုင်နှုန်း လောက်ကပဲ စာပြန်တယ်။ တချို့က တရားမဝင်ဖြစ်တဲ့အတွက် သူတို့ကို ဖမ်းဆီးမယ်ထင်ပြီး မပြန် ကြဘူး။ တကယ်လို့ မှတ်ပုံတင်ဖို့ အခက်အခဲရှိနေတယ်ဆိုရင် ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ ဆောင်ရွက်ပေးတဲ့အစီအစဉ်တွေ လုပ်ပေးဖို့ မေးပေမယ့် စာမပြန်ကြတော့ လုပ်လို့မရဘူးဖြစ်နေတယ်။

အခုလို ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

=====================
251/ End