၃၀ ဇူလိုင် ၂၀၁၇ - ၁၇:၄၄
အပစ်ရပ်စဲရေးကြေညာရန်နှင့် NCA တွင် တိုင်းရင်းသားအဖွဲ့အားလုံးပါဝင်ရေးကြိုးစားရန် ပညာရှင်နှင့် လေ့လာသူအချို့အကြံပြု

တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေးကြေညာရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)တွင် တိုင်း ရင်းသားအဖွဲ့အားလုံးပါဝင်ရေး ကြိုးစားရန် အစိုးရအား အကြံပြု ခဲ့ကြောင်း ပညာရှင်များနှင့် ငြိမ်း ချမ်းရေးဖြစ်စဉ် လေ့လာသုံးသပ် သူများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံးအပစ်ရပ်စဲ ရေးကြေညာရန်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)တွင် တိုင်း ရင်းသားအဖွဲ့အားလုံးပါဝင်ရေး ကြိုးစားရန် အစိုးရအား အကြံပြု ခဲ့ကြောင်း ပညာရှင်များနှင့် ငြိမ်း ချမ်းရေးဖြစ်စဉ် လေ့လာသုံးသပ် သူများက ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်းအပါအဝင် အစိုးရကိုယ် စားလှယ်များ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လေ့လာသုံး သပ်သူများ၊ ပညာရှင်များ၊ စာရေး ဆရာများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များက ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်မြို့၌ အလွတ်သဘောဆွေးနွေးစဉ် ထိုသို့အကြံပြုခဲ့ခြင်းဖြစ်သည်။

တပ်မတော်အပါအဝင် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို သတ္တိရှိရှိဆောင်ရွက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးကြေညာရန် အကြံပြုခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဒေါက်တာဗညားအောင် မိုးက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)လက်မှတ်မထိုးရ သေးသည့် UNFC နှင့် ပြေလည် ရေး အမြန်ဆုံးညှိနှိုင်းပြီး လက် မှတ်ထိုးဖြစ်ရေး ဆောင်ရွက်ရန်၊ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ ကို NCA လမ်းကြောင်းအတွင်း ပါလာရေး ဆွဲဆောင်ရန် စသည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အစိုးရ၏ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အောင်မြင်ရေး ကချင် လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့လေးဖွဲ့နှင့် အပစ်ရပ်စဲရေး ဦးစွာလုပ်ဆောင်ရန် အစိုးရထံ အကြံပြုခဲ့ကြောင်း တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူ ဦး မောင်မောင်စိုးက ပြောသည်။

‘‘မြောက်ပိုင်းခုနစ်ဖွဲ့မှာ သုံး ဖွဲ့က တိုက်ပွဲမရှိဘူးပေါ့။ ‘ဝ’ရယ်၊ မိုင်းလားရယ်၊ SSPP ရယ်။ လောလောဆယ် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့လေးဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဦးစားပေးလုပ်သင့်တယ်လို့ အဲဒီ လို အကြံပြုခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့အနက် KIA၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) လေးဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။

 နိုင်ငံတကာ အကူအညီ လျော့နည်းလာမှုကြောင့် အခက် ကြုံနေသည့် စစ်ဘေးဒုက္ခသည် များကို အစိုးရက ကူညီဆောင်ရွက်ပေးရန် ကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံးပါဝင်လာ ရေးကြိုးစားဆောင်ရွက်ရန် ကိစ္စ တို့ကို ဆွေးနွေးကြကြောင်း ဆွေး နွေးပွဲတက်ရောက်သူတစ်ဦးက ပြောသည်။

‘‘NCA ဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကောင်းမွန် တဲ့လမ်းကြောင်းတစ်ခုပေါ့။ NCA သဘောတူညီချက်အရ ၂၀၀၈ ဖွဲ့ စည်းပုံကို တဖြည်းဖြည်းချင်းနဲ့ ပြန်ပြုပြင်ပြောင်းလဲရေးအတွက် က NCA ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံးက လက် မှတ်ထိုးနိုင်ဖို့၊ နောက်ပြီးတော့ ထိုး ပြီးတဲ့အပြင် တဖြည်းဖြည်းချင်းနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ် ကြဖို့ဆိုတဲ့ ကိစ္စပေါ့’’ဟု ၎င်းက ဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် သည် တိုးတက်မှုမရှိသကဲ့သို့ ဆုတ်ယုတ်မှုလည်း မရှိသည့် အခြေအနေဟု ဆွေးနွေးပွဲသို့တက် ရောက်ခဲ့သည့် ဒေါက်တာမင်းနွယ် စိုးက ပြောသည်။ ‘‘NCA လက် မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့တောင်မှ ယုံကြည်မှု တော်တော် တည်ဆောက်ရဦးမှာ’’ ဟု ၎င်းကဆိုသည်။

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ အကြံပြုချက်များရယူ သည့် အလွတ်သဘော ဆွေးနွေး ပွဲကို လက်ရှိ အစိုးရလက်ထက်၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး နောင်တွင် မကြာခဏ ဆက်လက်ပြုလုပ်ရန် စီစဉ်နေသည်။

အဆိုပါဆွေးနွေးပွဲကို နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ ‘ပြည်သူ့အသံနားထောင်ရမည်’ဆိုသော လမ်းညွှန်ချက်ဖြင့် ပြုလုပ်ခဲ့ပြီး၁၉၄၇ ပင်လုံစာချုပ်လက်မှတ်ထိုးစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသား  ခေါင်းဆောင်များ၏မိသားစုဝင်များနှင့် ဆွေမျိုးများ တက်ရောက်ခဲ့သည်။

=====================
251/ End