အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မရမ်းကုန်းမြို့နယ်ရှိ အိမ်မွေးကြက်သုံးကောင် သေဆုံးမှုကို ဓာတ်ခွဲစစ်ဆေးကြည့်ရာ H5N1 ရောဂါဖြစ်နေသည်ကို တွေ့ရသဖြင့် ထိန်းချုပ်ရေးလုပ် ငန်းများ ဆောင်ရွက်မည်ဖြစ် ကြောင်း သဘာဝဘေးအန္တရာယ် နှင့် ကူးစက်ရောဂါဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်ကပြောသည်။
‘‘ဒီနေ့မနက်ပဲ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဖုန်းနဲ့ဆက်သွယ်ပြီး အတည်ပြုပေးလိုက် တယ်။ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဖို့လည်း အခု နေပြည်တော် ကနေ ဆင်းလာနေပါပြီ။ ကျွန်တော်တို့ဘက်ကလည်း လူတွေကို ကူးစက်မှုမရှိအောင် ဆောင် ရွက်သွားမှာပါ’’ဟု ၎င်းကဆို သည်။
ဇူလိုင် ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ထိန်သစ်ရပ်ကွက်ရှိ ကြက်ခြံခြောက်ခုမှ မွေးမြူထားသော ဥစားကြက် ၂၀ ရာခိုင်နှုန်း တစ်ပြိုင်တည်း သေဆုံးခဲ့ပြီး ဇူလိုင် ၂၈ ရက်က ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းရှိ အိမ်မွေးကြက် သုံးကောင်သည် ကြက်ငှက်တုပ် ကွေးရောဂါဖြင့် ထပ်မံသေဆုံးခဲ့ သည်။
‘‘ကျွန်တော် ဒီထက်ပိုစိုးရိမ် တာက H5N1 ကို ပိုပြီးတော့ စိုးရိမ်တယ်။ ဒါက စီးပွားရေးအရလည်း ထိခိုက်နိုင်သလို သေဆုံးနှုန်းလည်း များပါတယ်။ အခု H5N1 ကိုလည်း ပေါ်မလာခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ဖို့ လိုတယ်။ ထိန်းချုပ်နိုင်ဖို့လိုတယ်’’ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ကြက်ခြံများကို ကြိုတင်ရှင်း လင်းခြင်း၊ ပိုးသတ်ခြင်း၊ အသားရောင်းချမှုကို ကန့်သတ်ခြင်း၊ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် မြန်မာနိုင်ငံ တွင် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) လူသို့ ကူးစက်ခံရမှုသည် တစ်ဦးသာရှိကြောင်း ဒေါက်တာ သန်းထွန်းအောင်က ဆက် လက်ပြောသည်။
ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေးရောဂါ (H1N1)နှင့် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ရောဂါသည် နှစ်မျိုးဆက် တိုက်ဖြစ်ပွားနေသဖြင့် အဆိုပါ ရောဂါပိုးနှစ်ခုပေါင်းစပ်ရာမှ ပြင်းထန်သည့် ရောဂါမျိုးစိတ်များ ထွက်ပေါ်လာမည်ကို ပြည်သူအ များ စိုးရိမ်နေသည်။
‘‘H1N1 နဲ့ H5N1 ရောဂါက တစ်ခုနဲ့တစ်ခု ပေါင်းနိုင်တယ်။ သူကနေ ပြန်ပေါက်ဖွားရင် ပိုပြင်းလာနိုင်တယ်။ မျိုးမတူတာ နှစ်ခု ပေါင်းဖို့ဆိုတာကတော့ လေထဲက အချင်းချင်း ပေါင်းလို့မရဘူး။ ကြားခံနယ်ဖြစ်တဲ့ တိရစ္ဆာန်တစ်ကောင် လိုအပ်တယ်။ ဥပမာ ဝက်နဲ့ပေါင်းပြီး ထွက်လာနိုင်တယ်။ ဒါကြောင့် ကံသေကံမပြောလို့မရ ဘူး။ ဖြစ်နိုင်ခြေတော့ရှိတယ်’’ဟု အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင် က ပြောကြားသည်။
=====================
251/ End
မရမ်းကုန်းမြို့နယ်မှ ကြက်သုံးကောင် ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးကြောင်း အတည်ပြု ရာသီတုပ်ကွေး(H1N1) နှင့် ကြက်ငှက်တုပ်ကွေး (H5N1)
၃၁ ဇူလိုင် ၂၀၁၇ - ၁၇:၀၄
News ID: 845326
မရမ်းကုန်းမြို့နယ်ရှိ အိမ်မွေးကြက်သုံးကောင် သေဆုံးမှုကို ဓာတ်ခွဲစစ်ဆေးကြည့်ရာ H5N1 ရောဂါဖြစ်နေသည်ကို တွေ့ရသဖြင့် ထိန်းချုပ်ရေးလုပ် ငန်းများ ဆောင်ရွက်မည်ဖြစ် ကြောင်း သဘာဝဘေးအန္တရာယ် နှင့် ကူးစက်ရောဂါဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်ကပြောသည်။ ‘‘ဒီနေ့မနက်ပဲ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဖုန်းနဲ့ဆက်သွယ်ပြီး အတည်ပြုပေးလိုက် တယ်။ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဖို့လည်း အခု နေပြည်တော် ကနေ ဆင်းလာနေပါပြီ။ ကျွန်တော်တို့ဘက်ကလည်း လူတွေကို ကူးစက်မှုမရှိအောင် ဆောင် ရွက်သွားမှာပါ’’ဟု ၎င်းကဆို သည်။