၁ ဩဂုတ် ၂၀၁၇ - ၁၈:၃၉
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကိုအာမခံပေးမှု ပယ်ဖျက်ပေးရန် လျှောက်ထားမည်

မန္တလေး၊ သြဂုတ်၁ ။ ။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၃၁ ရက်က အာမခံပေးလိုက်ခြင်းကို တရားလို ဦးကျော်မျိုးရွှေက သြဂုတ်လ ၇ ရက်တွင် အာမခံပယ်ဖျက်ပေးရန် တရားရုံး၌ ဦးတိုက်လျှောက်ထားသွားမည်ဟု ၎င်းကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေး၊ သြဂုတ်၁ ။        ။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၃၁ ရက်က အာမခံပေးလိုက်ခြင်းကို တရားလို ဦးကျော်မျိုးရွှေက သြဂုတ်လ ၇ ရက်တွင် အာမခံပယ်ဖျက်ပေးရန် တရားရုံး၌ ဦးတိုက်လျှောက်ထားသွားမည်ဟု ၎င်းကပြောသည်။

"ကိုဆွေဝင်းကို အာမခံပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပထမဆုံးပေါ့ တရားလိုက ကျွန်တော် တရားခွင်မှာ တရားလိုမပါဘဲနဲ့ အာမခံ ပေးခွင့်ရှိမရှိ ဥပဒေရှိမရှိ မေးစရာရှိတယ်။   နောက်တစ်ချက်က ၆၆(ဃ) ဥပဒေချင်းအတူတူ၊ ပြစ်မှုချင်းအတူတူ နာမည်နဲ့ တတ်ပြောရရင် ကိုနေမျိုးဝေမှာ အာမခံမရဘူး။ နောက်တစ်ခုက Eleven CEO ကျ အာမခံမရဘူး။ ကိုဆွေဝင်းကို အာမခံပေးတယ်ဆိုတော့ ဥပဒေက ဟိုနေရာတစ်မျိုး၊ ဒီနေရာတစ်မျိုးလားပေါ့။ အဲဒါမေးချင်တယ်။ ကျွန်တော်ကတော့ ၇ ရက်နေ့မှာ အာမခံရုပ်သိမ်းပေးဖို့ ဦးတိုက်လျှောက်သွားမယ်။ တရားဥပဒေ စိုးမိုးရေးဆိုပြီးတော့ တက်လာတဲ့ အစိုးရလက်ထက်မှာ အခုချိန်ထိ ဥပဒေက သရေကွင်းလိုဖြစ်နေတာ ကျွန်တော်တို့ ပြည်သူတွေအတွက် နစ်နာတယ်။"ဟု ကိုကျော်မျိုးရွှေကပြောသည်။

Myanmar Now မှ ကိုထက်ခေါင်လင်းက "သူတို့ဘက်ကလည်း ပြန်လည်ခုခံခွင့်ရှိပါတယ်။ ကြိုးစားခွင့်ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းပဲ ဆက်သွားမှာပါ။ အာမခံလျှောက်တာလည်း ဥပဒေအတိုင်းပဲ လျှောက်ခဲ့တာပါ။"ဟုပြောသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် "အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး"ဆိုသည့် ခေါင်းစဉ်ဖြင့်တင်ခဲ့ခြင်းကို မန္တလေးမြို့ရှိ ကိုကျော်မျိုးရွှေက အမှတ်(၇)နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် မတ်လ ၇ ရက်က အဖွင့်တိုင်းကြားခဲ့ခြင်းဖြစ်သည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က"ဦးကျော်မျိုးရွှေတို့အနေနဲ့ ဒီအမိန့်နဲ့ပတ်သက်ပြီး မဟာအောင်မြေတရားရုံးမှာတော့ အခွင့်အလမ်းမရှိဘူး။ သူ့ထက်မြင့်တဲ့ ခရိုင်တရားရုံးမှာ ရာဇဝတ်ပြင်ဆင်မှု အနေနဲ့လျှောက်လို့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ကန့်ကွက်ခြင်းမရှိပါဘူး။ ဥပဒေဘောင်ထဲကပဲ လျှောက်လဲသွားမှာပါ။"ဟုပြောသည်။

=====================
251/ End