၁ ဩဂုတ် ၂၀၁၇ - ၁၉:၂၅
ပါတီမှနုတ်ထွက်သည့် လွှတ်တော်အမတ်ဒေါ်ထုမေကို ရခိုင်အမျိုးသားပါတီသတိပေး

ရခိုင်အမျိုးသားပါတီ(အေအန်ပီ)ကနေ နုတ်ထွက်ကြောင်း ရမ်းဗြဲ၊ အမ်းမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေရဲ့ ဇူလိုင် ၂၄ ရက် ထုတ်ပြန်အသိပေးလိုက်တဲ့ စာဟာ ရခိုင်အမျိုးသားပါတီကို ရည်ရွယ်ချက်ရှိရှိ မထီမဲ့မြင်ပြုလုပ်တာဖြစ်လို့ နောက်နောင် မပြုလုပ်ဖို့ ပါတီက သတိပေးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်အမျိုးသားပါတီ(အေအန်ပီ)ကနေ နုတ်ထွက်ကြောင်း ရမ်းဗြဲ၊ အမ်းမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေရဲ့ ဇူလိုင် ၂၄ ရက် ထုတ်ပြန်အသိပေးလိုက်တဲ့ စာဟာ ရခိုင်အမျိုးသားပါတီကို ရည်ရွယ်ချက်ရှိရှိ မထီမဲ့မြင်ပြုလုပ်တာဖြစ်လို့ နောက်နောင် မပြုလုပ်ဖို့ ပါတီက သတိပေးလိုက်ပါတယ်။

ဒေါ်ထုမေဟာ ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားပြုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲအနိုင်ရခဲ့လို့ လွှတ်တော်တက်ရောက်တဲ့ နေ့ကစပြီး ဇူလိုင် ၂၄ ရက်နေ့ ၂၀၁၇ ခုအထိ ပါတီမှာ ကတိခံဝန်ပြုထားတဲ့ လစဉ်ထည့်ဝင်ရမယ့် လစဉ်ကြေး ၁၅ ရာခိုင်နှုန်းကို ၁ လစာ အတွက်သာ ထည့်ဝင်ထားကြောင်းလည်း ဇူလိုင် ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ပါတီဝင်တဦးအနေနဲ့ မိမိဆန္ဒအလျှောက် အချိန်မရွေး နုတ်ထွက်ခွင့်ရှိပေမယ့် ပါတီ ဖွဲ့စည်းပုံအရ ပါတီဝင်ဖြစ်ခဲ့စဉ်တုန်းက တစုံတရာ ရှင်လင်းဖို့ရှိပါက ရှင်းလင်းပြီမှာ နုတ်ထွက်ခွင့် ပြုမှာဖြစ်တယ်။ ဂုဏ်သိက္ခာရှိစွာနဲ့ ရခိုင်အမျိုးသားပါတီသို့ လာရောက်ရှင်းလင်းပြီးမှ နုတ်ထွက်ခွင့် ပြုမယ်လို့လည်း ပါတီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်ထုမေဟာ  ပါတီမူဝါဒတွေအပေါ် အမြင်မတူတာတွေ၊ သဘောထား မတိုက်ဆိုင်တာ တွေ ရှိနေတဲ့အတွက် ဇူလိုင် ၂၄ ရက်ကစပြီး ပါတီဝင်အဖြစ်က နုတ်ထွက်ကြောင်း ကြေညာ ခဲ့တာပါ။

=====================
251/ End