အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လမ်းကြောင်းနှင့်မိုင်နှုန်း သတ်မှတ်ချက် ကျော်လွန်ပြေး ဆွဲသည့် ဘတ်စ်ကားများကို ထိန်း ချုပ်ရေးစင်တာက စောင့်ကြည့် သတိပေးနေပြီဖြစ်ပြီး လိုက်နာ ခြင်းမရှိပါက အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။
YBS ဘတ်စ်ကားများတွင် GPS များ တပ်ဆင်ထားပြီး အလုံမြို့နယ်ရှိ ထိန်းချုပ်ရေးစင်တာမှ စောင့်ကြည့် သတိပေးခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းကဇူလိုင် ၃၁ ရက် တွင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ (YUPT)ရုံးဖွင့်ပွဲနှင့် ယင်းကုမ္ပဏီပိုင်ဘတ်စ်ကားများကို စောင့်ကြည့်မည့် ထိန်းချုပ်ရေးစင်တာဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘သတ်မှတ်မိုင်နှုန်းထက် ပို မောင်းနေတာ၊ သတ်မှတ်ခရီးစဉ် အတိုင်း ပြေးဆွဲခြင်းရှိ၊ မရှိကို ထိန်းချုပ်ရေးစင်တာကနေ စောင့် ကြည့်နေပါတယ်။ ကျော်မောင်း နေရင် လှမ်းသတိပေးပါတယ်။ လိုက်နာတဲ့ ကားတွေရှိသလို မ လိုက်နာတဲ့ကားတွေကို အရေးယူ ပါမယ်’’ဟု ဒေါ်နီလာကျော်က ပြောသည်။
YBS ဘတ်စ်ကားစနစ်တွင် လက်ရှိအချိန်အထိ ပြေးဆွဲနေ သော ဘတ်စ်ကား လေးထောင် ခန့်ရှိနေပြီး အစီးရေသုံးထောင်ခန့် ၌ ထိန်းချုပ်ရေးစင်တာက စောင့်ကြည့်နိုင်မည့် GPS စနစ်တပ်ဆင်ထားကြောင်း ၎င်းက ဆိုသည်။
‘‘ထိန်းချုပ်ရေးစင်တာကနေ ညွှန်ကြားတာကို မလိုက်နာရင် သက်ဆိုင်ရာကုမ္ပဏီကို သတိပေး တာ၊ ပြစ်ချက်မှတ်တမ်းယူပြီး အ မှတ်ပေးစနစ်မှာ ထည့်တွက်တာ မျိုး၊ ယာဉ်မောင်းကိုမောင်းနှင်ခွင့် ရပ်ဆိုင်းတာမျိုးနဲ့ အရေးယူသွား မှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရက ဘတ်စ်ကားအသစ် ၅၀၀ ကို ရှယ်ယာအဖြစ်ထည့်ဝင် ပြေးဆွဲစေသည့် YUPT အနေဖြင့်လည်း ၎င်းတို့ကုမ္ပဏီရှိ ဘတ်စ် ကားများကို အစိုးရထိန်းချုပ်ရေး စင်တာက စောင့်ကြည့်မှုအပြင် ကိုယ်ပိုင် ထိန်းချုပ်ရေးစင်တာ ဖြင့် သီးခြားစောင့်ကြည့်ညွှန်ကြား မှုပြုလုပ်ရန် ပြင်ဆင်နေသည်။
ယင်းကုမ္ပဏီသည် ယခင် မထသစနစ်တွင် ပါဝင်လုပ် ဆောင်ခဲ့သူများ၊ ယာဉ်ပိုင်ရှင်များ ဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီ ဖြစ်ပြီး လက်ရှိအချိန်တွင် ယာဉ်လိုင်း ၂၁ လိုင်း ပြေးဆွဲခွင့်ရ ရှိထားသည်။
GPS တပ်ဆင်ထားသည့် YBS ဘတ်စ်ကားများကို ထိန်း ချုပ်ရေးစင်တာက စောင့်ကြည့် ညွှန်ကြားခြင်းကို ဇွန်လလယ်က တည်းက စတင်ခဲ့ပြီး YUPT ကဇူလိုင် ၃၁ ရက်ကစတင်၍ ကိုယ်ပိုင်ထိန်းချုပ်ရေးစင်တာဖွင့်လှစ်ကာ ၎င်းတို့ ပိုင်ဘတ်စ်ကားများကို စတင်စောင့်ကြည့်နေသည်။
=====================
251/ End
လမ်းကြောင်းနှင့် သတ်မှတ်မိုင်နှုန်းကျော်လွန်ပြေးဆွဲသော YBS ယာဉ်များကို ထိန်းချုပ်ရေးစင်တာ စောင့်ကြည့်သတိပေးမှု စတင်
၁ ဩဂုတ် ၂၀၁၇ - ၁၉:၂၉
News ID: 845531
လမ်းကြောင်းနှင့်မိုင်နှုန်း သတ်မှတ်ချက် ကျော်လွန်ပြေး ဆွဲသည့် ဘတ်စ်ကားများကို ထိန်း ချုပ်ရေးစင်တာက စောင့်ကြည့် သတိပေးနေပြီဖြစ်ပြီး လိုက်နာ ခြင်းမရှိပါက အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။