၃ ဩဂုတ် ၂၀၁၇ - ၁၈:၁၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းကို နုတ်ထွက်ခွင့်ပြု ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းခိုင်အား ၀န်ကြီးဌာနနှစ်ခု ပူးတွဲတာဝန်ပေ

လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဦးဖေဇင်ထွန်းကို ရာ ထူးမှနုတ်ထွက်ခွင့်ပြုကြောင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဝင်း ခိုင်ကို ယင်းနေရာတွင် အစားထိုး၍၀န်ကြီးဌာနနှစ်ခု ပူးတွဲတာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဩဂုတ် ၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဦးဖေဇင်ထွန်းကို ရာ ထူးမှနုတ်ထွက်ခွင့်ပြုကြောင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဝင်း ခိုင်ကို ယင်းနေရာတွင် အစားထိုး၍၀န်ကြီးဌာနနှစ်ခု ပူးတွဲတာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဩဂုတ် ၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဖေ ဇင်ထွန်းသည် ဇူလိုင်လဆန်းက တည်းက ၀န်ကြီးတာဝန်များ ထမ်းဆောင်ခြင်းမပြုဘဲ တစ်လ ခန့်အကြာတွင် သမ္မတရုံးက ၎င်း ၏ သဘောဆန္ဒအလျောက်ရာထူး မှ နုတ်ထွက်ခွင့်ပြုကြောင်း ကြေ ညာခြင်းဖြစ်သည်။

အဆိုပါကြေညာချက်အရ ဒီ ချုပ်အစိုးရသက်တမ်းတစ်နှစ်သုံး လခန့်အကြာတွင် ပထမဆုံးရာ ထူးမှ နုတ်ထွက်ခွင့်ပြုသည့်ပြည် ထောင်စုဝန်ကြီးဖြစ်လာသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို ရာထူးမှ ရပ်စဲကြောင်း သမ္မတရုံးက ကြေ ညာခဲ့သည်။

 လက်ရှိ ဒီချုပ်အစိုးရအဖွဲ့ ကို ၀န်ကြီးဌာန ၂၂ ခုဖြင့်ဖွဲ့စည်း ထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထား သည်။ ဦးဖေဇင်ထွန်းကို နုတ်ထွက်ခွင့်ပြု၍ ယခုအခါ ပြည်ထောင်စုဝန်ကြီး ၁၉ ဦးကျန်ရှိသည်။

ဆောက်လုပ်ရေးဝန်ကြီး ဦး ၀င်းခိုင်အား ၀န်ကြီးဌာနနှစ်ခုပူး တွဲတာဝန်ပေးခြင်းသည် ဩဂုတ် ၁ ရက်ရောက်မှသာ တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သော်လည်းဇူလိုင် ၉ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာန တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာဖြစ်သော MOI ၌ ၎င်းအား လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနနှင့်ဆောက်လုပ်ရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဟုစတင်  သုံးနှုန်းထားသည်ကို တွေ့ရသည်။

ဦးဝင်းခိုင်အား ဆောက်လုပ် ရေးဝန်ကြီးနှင့်လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးအဖြစ် လက်ရှိတွင် ပူး တွဲတာဝန်ပေးထားသော်လည်း နောက်ပိုင်း၌ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးအဖြစ် တာဝန်ပေးကာ ဆောက်လုပ်ရေးဝန်ကြီးအသစ် တစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း နှင့် အချို့သောဝန်ကြီးများကို လည်း မကြာမီ အပြောင်းအလဲပြု လုပ်မည်ဖြစ်ကြောင်း သတင်း ထွက်ပေါ်နေသည်။

=====================
251/ End