၈ ဩဂုတ် ၂၀၁၇ - ၁၈:၁၆
နိုင်ငံတ၀န်း ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ထိရှိလာ

တနိုင်ငံလုံးမှာ လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသသူ ၄၀၉ ယောက် ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တနိုင်ငံလုံးမှာ လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသသူ ၄၀၉ ယောက် ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလူနာတွေထဲက ၁၅၄ ယောက်မှာ H1N1 ပိုးတွေ့ခဲ့တယ်၊ သြဂုတ် ၆ ရက် နေ့လယ် ၂ နာရီကနေ သြဂုတ် ၇ ရက်နေ့လယ် ၂ နာရီအထိ သံသယလူနာ ၂၂ ယောက်ကို ဓာတ်ခွဲစမ်းသပ်ခဲ့ပြီး  ပိုးတွေ့လူနာ ၈ ဦးတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သြဂုတ် ၇ ရက်နေ့အထိH1N1 ရောဂါနဲ့ သေဆုံးသူပေါင်းကတော့ ၁၆ ယောက်ရှိနေပြီး သေဆုံးသူတွေရဲ့ အသက်အပိုင်းအခြားအရ အသက် ၁၃ နှစ်ကနေ ၆၅ နှစ်ကြား လူနာတွေက သေဆုံးမှု အများဆုံးဖြစ်ပါတယ်။

လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်းပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသသူတွေရဲ့ သေဆုံးမှုနှုန်းကတော့ ၃ဒသမ ၉၁ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်ထိကတော့ ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ H1N1 ပိုးတွေ့ အတွင်းလူနာ ၁၉ ယောက်နဲ့ တခြား တိုင်းနဲ့ပြည်နယ် ဆေးရုံကြီးတွေမှာ ၄၃ ယောက်၊  စုစုပေါင်း ၆၂ ယောက် ဆေးကုသခံနေရဆဲ ဖြစ်ပါတယ်။

=====================
251/ End