အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်း ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် ပထမအကြိမ်ရုံးထုတ်စစ်ဆေး သည့် ရုံးချိန်းတွင် တရားလိုအဖြစ်လာရောက်သည့် ဦးကျော်မျိုးရွှေကို ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့ကြောင်းမန္တလေးခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အောင်က ပြောသည်။
မဟာအောင်မြေမြို့နယ် တရားရုံး၌ သြဂုတ် ၇ ရက် နေ့ လယ်က ဦးကျော်မျိုးရွှေတရားခွင်သို့ လာရောက်ပြီးနောက် တရားခွင်အပြီးတွင် ဖမ်းဆီးကာ သက်ဆိုင်ရာမြို့နယ် တရားရုံး၌ ချုပ်ရက်ရမန်ယူ၍ အိုးဘိုအကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ် သည်။
‘‘၅၀၅ (ခ)အရ ထုတ်ထားတဲ့ ၀ရမ်းနဲ့ပဲ ဖမ်းဆီးလိုက်ပါတယ်။ ချက်ချင်းပဲ တရားရုံးမှာရမန်ယူပြီး ထောင်ကိုပို့လိုက်ပါပြီ။ သြဂုတ် ၉ ရက်မှာ တရားရုံးချိန်းဆိုထားပါ တယ်’’ဟု အမှတ် ၁၀ နယ်မြေရဲ တပ်ဖွဲ့စခန်းမှူး ဒုရဲမှူးခင်မောင် ထွန်းက ပြောသည်။
ဦးကျော်မျိုးရွှေသည် အစိုးရ ဖြုတ်ချပေးရေးသပိတ်တွင် ပါဝင် ခဲ့၍ နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် သြဂုတ် ၄ ရက်က ဖမ်းဝရမ်းထုတ်ခံထား ရသူ ငါးဦးတွင်ပါဝင်သည်။
သြဂုတ် ၅ ရက် နံနက် ၂ နာ ရီတွင် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ အစိုးရဖြုတ်ချပေးရေးသပိတ်စခန်းကို ဖယ်ရှားရှင်းလင်း ပြီး ၀ရမ်းထုတ်ထားသည့် ဦးဆောင်သူဦးမြင့်ဦးပါ အမျိုးသားငါးဦး လွတ်မြောက်နေကာ ယခုဦးကျော်မျိုးရွှေကို ပထမဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်။
ဦးကျော်မျိုးရွှေသည် သြဂုတ် ၇ ရက်က တရားခွင့်သို့ ရောက်ရှိလာစဉ် ကိုဆွေဝင်း၏ရှေ့နေက တရားသူကြီးအား ဦးကျော်မျိုးရွှေ သည် ဖမ်းဝရမ်းထုတ်ခံထားရ သည့် တရားခံဖြစ်နေပြီး ရာဇ၀တ် ကျင့်ထုံးဆိုင်ရာ ဥပဒေပုဒ်မ ၆၅ အရ အရေးယူဆောင်ရွက်ပေးရန် လျှောက်ထားသည်။
ကိုဆွေဝင်း၏ ရှေ့နေလျှောက်ထားမှုကို မဟာအောင်မြေမြို့နယ် တရားသူကြီးက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ သို့ ညွှန်ကြားထားကြောင်း ပြန် လည်ပြောဆိုခဲ့သည်။
‘‘တည်ဆဲဥပဒေကျင့်ထုံး၊ ရဲ လက်စွဲဥပဒေအရ လွဲမှားနေ တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ အပူတပြင်းလိုအပ်နေတဲ့သူ နိုင်ငံ တော်ကို အကြည်ညိုပျက်စေ အောင် ဆန့်ကျင်ဆောင်ရွက်ထား တဲ့ တရားခံပြေးတစ်ဦးက ရဲတပ် ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုမခံရဘဲနဲ့ တရား ရုံးရှေ့မှာ တရားလိုအဖြစ် ရောက် လာတာဟာ အင်မတန်ရှားပါး တယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဦးကျော်မျိုး ရွှေကို ဖမ်းဖို့ဘာလို့ နောက်နှေး ကြန့်ကြာနေတာလဲ။ တရားရုံး ရောက်လာသည်အထိ တရားခွင် ထိုင်ခုံပေါ် ထိုင်ဖို့အထိ၊ ရဲကမဖမ်း ဆီးတာလဲ။ တရားရုံးကို ၀ရမ်း ပြေးအနေနဲ့ လာရောက်တာကို လက်မခံနိုင်ပါဘူး’’ဟု ကိုဆွေဝင်း
၏ အကျိုးဆောင်ရှေ့နေ ဦးခင် မောင်မြင့်က တရားခွင်အတွင်း ပြောသည်။
ကျင့်ထုံးဥပဒေပ်ုမ ၂၄၇ အရကိုဆွေဝင်းသည် အမှုမှအပြီးအ ပြတ် လွှတ်ပေးရမည့် ရပိုင်ခွင့်ရှိ ပြီး သြဂုတ် ၂၁ ရက် ဒုတိယမြောက် ရုံးချိန်းတွင် တရားလိုဦးကျော် မျိုးရွှေ လာရောက်နိုင်ခြင်းမရှိပါ က ယင်းရပိုင်ခွင့် မရရှိစေရန် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေကိုမဖြောင့်မမှန် ဆောင်ရွက် ခြင်းဖြစ်ကြောင်း ရှေ့နေဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။
တရားလိုဖြစ်သူ ဦးကျော်မျိုး ရွှေသည် ၀ရမ်းဖြင့်ဖမ်းဆီးခံရသော်လည်း အမှုကိုအချုပ် တရားခံအဖြစ်ကနေ လာရောက်နိုင်မည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဦးကျော်မျိုးရွှေကို ၀ရမ်းစ တင်ထုတ်သည့် သြဂုတ် ၄ ရက် ညနေမှ သြဂုတ် ၇ ရက်နေ့လယ်ပိုင်းအထိ ဖမ်းဆီးရမိမှု မရှိခြင်းသည် ‘‘သူနေတာမဟာအောင်မြေ အပိုင်းမှာ နေတယ်။ သူကခရီးလွန်နေတယ်။ ဒီနေ့တရားရုံးလာ မယ်လို့ သတင်းရလို့ စောင့်ကြည့် ပြီး ဖမ်းခဲ့တာပါ’’ဟု ဒုရဲမှူးခင် မောင်ထွန်းက ဆိုသည်။
ကိုဆွေဝင်းသည် ၎င်းအသုံး ပြုသည့် Ba Kaung အမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ‘‘၀ီရသူပါရာဇိကကျပြီး ရဟန်း ဘ၀ နိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိရပါ တယ်။ ပါရာဇိကကျတာ ခုမှကျတာတော့ မဟုတ်လောက် ဘူး’’စသည့် စာသားများကို ဦးဝီရ သူဓာတ်ပုံများနှင့်တွဲ၍ ရေးသား ဖော်ပြခဲ့သဖြင့် ဦးကျော်မျိုးရွှေက မဟာအောင်မြေမြို့နယ် အမှတ် (၇)နယ်မြေရဲတပ်ဖွဲ့စခန်း၌ မတ်လ ၇ ရက်တွင် အမှုဖွင့်တိုင်တန်း ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်ရဲတပ်ဖွဲ့စခန်းတွင် ကိုကျော် မျိုးရွှေကို Kyaw Myo Shwe အမည်ရှိ ဖေ့စ်ဘွတ်ခ်အကောင့် ၌ မတ်လ ၃ ရက်က စတင်ကာ ဒေါ်အောင်ဆန်းစုကြည်ကို အ သရေပျက်စေ ရန် ရည်ရွယ်၍ လည်းကောင်း၊ ညစ်ညမ်းပုတ် ခတ်သော စာသားများရေးသား သည်ဟုဆိုကာ ရန်ကုန်တိုင်းဒေ သကြီး စမ်းချောင်းမြို့နယ်နေ ဒေါ်မြမြဌေးကလည်း မတ်လ ၈ ရက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင် တန်းထားသည်။
=====================
251/ End
၈ ဩဂုတ် ၂၀၁၇ - ၁၈:၃၄
News ID: 847021
Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်း ကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် ပထမအကြိမ်ရုံးထုတ်စစ်ဆေး သည့် ရုံးချိန်းတွင် တရားလိုအဖြစ်လာရောက်သည့် ဦးကျော်မျိုးရွှေကို ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့ကြောင်းမန္တလေးခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အောင်က ပြောသည်။