၁၁ ဩဂုတ် ၂၀၁၇ - ၁၃:၅၉
ပြည်နည်းပညာ တက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာပြပွဲကျင်းပ

ပြည်နည်းပညာ တက္က သိုလ် သတင်းအချက်အလက် နည်းပညာဌာန (Information Technology) ကျောင်းသားများ ဖန်တီးပြုလုပ်သည့် သတင်းအချက်အလက် နည်းပညာများ (Project Show) ကို သြဂုတ် ၁၀ ရက်က ပြသခဲ့သည်။ အဆိုပါ ပြပွဲတွင်ကျောင်းသား ၄၁ ဦးဖန်တီးထားသည့် စီမံကိန်း ၁၂ ခုပါဝင်ပြသခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်နည်းပညာ တက္က သိုလ် သတင်းအချက်အလက် နည်းပညာဌာန (Information Technology) ကျောင်းသားများ ဖန်တီးပြုလုပ်သည့်   သတင်းအချက်အလက် နည်းပညာများ (Project Show) ကို သြဂုတ် ၁၀ ရက်က ပြသခဲ့သည်။

အဆိုပါ ပြပွဲတွင်ကျောင်းသား ၄၁ ဦးဖန်တီးထားသည့် စီမံကိန်း ၁၂ ခုပါဝင်ပြသခဲ့ကြောင်း သိရသည်။

 ‘‘သတင်းအချက်အလက် နည်းပညာဌာနရဲ့ ခြေလှမ်းတစ် ခုပါ။ ကျောင်းသား၊ ကျောင်းသူ တွေဟာ စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး မိမိတို့ရဲ့ ဖန်တီးနိုင် မှုတွေကို ယုံကြည်ချက်အပြည့်နဲ့ ပြည်သူတွေရှေ့မှာ ချပြနိုင်စေဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာပါ’’ဟု သတင်းအချက်အလက် နည်း ပညာဌာန ဌာနမှူးတစ်ဦးက ပြောကြားသည်။

ပြပွဲတွင် အတားအဆီးများ ကို ရှောင်ကွင်းသွားလာနိုင်သည့် ရိုဘော့စက်ရုပ်နည်းပညာ၊ ရွေးကောက်ပွဲများတွင် စက်ခလုတ် နှိပ်မဲပေးနိုင်သည့် နည်းပညာ၊ အလိုအလျောက်မီးငြှိမ်းနိုင်သည့် စနစ်နှင့် ပျူမြို့ဟောင်းများ အ ကြောင်း ဖော်ပြထားသည့် ၀က်ဘ်ဆိုက်များပါဝင်ပြသခဲ့သည်။

ထို့အပြင် Android Proje-ct,JavaProject,ServerProject နှင့် Webpage Attack Prevention ကို Arduinon Project များဖြင့် ၀န်းရံပြသခဲ့ရာ နည်းပညာတက္က သိုလ်ကျောင်းသား၊ ကျောင်းသူ များ၊ ပုဂ္ဂလိက စာသင်ကျောင်း များမှ ကျောင်းသား၊ ကျောင်းသူ များနှင့် စိတ်ပါဝင်စားသူ ဒေသ ခံများ တက်ရောက်လေ့လာခဲ့ သည်။ ‘‘ကျွန်တော်တို့တွေက တ ခြားသော နယ်ပယ်အဖွဲ့အစည်း တွေနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ အခု လိုမျိုး ပရောဂျက်ပြပွဲတွေလုပ် ပြီး ချပြလို့ပဲ ရတယ်။ စိတ်ဝင်စားရင် ကျောင်းပြင်ပနယ်ပယ်မှာ လည်း အကောင်အထည်ဖော်  လုပ် ဆောင်လို့ ရပါတယ်’’ဟု သတင်း အချက်အလက်နည်းပညာ (Pro-ject) ဖန်တီးရာတွင်ပါဝင်သည့် ကျောင်းသားမောင်ဇော်ရဲက ပြောကြားသည်။

=====================
251/ End