အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတွင်း ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအချို့၌ ဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခများကို အဆုံးသတ်နိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံပါ ဝင်ရေး အစိုးရနှင့်တပ်မတော်က ကြိုးပမ်းရန် တိုက်တွန်းကြောင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့က ထုတ်ပြန်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သြဂုတ် ၉ ရက်နှင့် ၁၀ ရက်က ကျင်းပခဲ့ သော NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ (PPST) အစည်းအဝေးအပြီး တွင် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်၍ တိုက်တွန်းခြင်း ဖြစ်သည်။
NCA လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် တပ်မတော် အကြား လတ်တလောဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အမြန်ဆုံးညှိနှိုင်းဖြေရှင်းရန် လိုအပ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအနက် RCSS အဖွဲ့နှင့် တပ်မတော်အကြား ဇူလိုင်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။
NCA လက်မှတ်ထိုးရှစ်ဖွဲ့ အနေဖြင့် NCA စာချုပ်ပါ ပြဋ္ဌာန်း ချက်များကို စောင့်ထိန်းလိုက်နာ ပြီး ပူးတွဲအကောင်အထည်ဖော် မည့်အပြင် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပခြင်းမှတစ် ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ ပေါ်ထွက်နိုင်ရေး ကြိုးပမ်းမည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
သြဂုတ် ၁၀ ရက်က ရန်ကုန် မြို့၌ စတင်ကျင်းပနေသည့် အစိုး ရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်ကောင်စီ (UNFC) တို့၏ ဆွေးနွေးပွဲကို NCA လက်မှတ်ထိုးရှစ်ဖွဲ့က ထောက်ခံကြိုဆိုခဲ့သည်။
NCA လက်မှတ်ထိုးရှစ်ဖွဲ့ ၏ အလုပ်အဖွဲ့က စုစည်းထား သည့် NCA အကောင်အထည် ဖော်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု များအပေါ် ပြန်လည်သုံးသပ်ချက် များ၊ အကြံပြုချက်များ အတည် ပြုနိုင်ရေး PPST အစည်းအဝေး နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ် သည်။
ယင်းသုံးသပ်ချက်၊ အ ကြံပြုချက်များသည် NCA အ ကောင်အထည်ဖော်မှုမှ တစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု လုံး ပြီးမြောက်အောင်မြင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရမည့် သုံးသပ်ချက်နှင့် အကြံပြုချက် များဖြစ်ကြောင်း တွေ့ရှိရသည်ဟု PPST အစည်းအဝေးက သတင်း ထုတ်ပြန်ခဲ့သည်။
=====================
251/ End
ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ရေးပဋိပက္ခ အဆုံးသတ်နိုင်ရေး ကြိုးပမ်းရန် NCA လက်မှတ်ထိုးရှစ်ဖွဲ့ တိုက်တွန်း
၁၁ ဩဂုတ် ၂၀၁၇ - ၁၄:၅၆
News ID: 847594
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတွင်း ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအချို့၌ ဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခများကို အဆုံးသတ်နိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံပါ ဝင်ရေး အစိုးရနှင့်တပ်မတော်က ကြိုးပမ်းရန် တိုက်တွန်းကြောင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့က ထုတ်ပြန်သည်။