၁၉ ဩဂုတ် ၂၀၁၇ - ၁၇:၅၀
 ဦးကိုနီအမှုမှန်ပေါ်ပေါက်ရေး ဒီချုပ်က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့သင့်ကြောင်း ရှေ့နေအကြံပြု ဦးကိုနီ၏ သမီး ပထမဆုံးအကြိမ်သက်သေလာရော

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ် ပေါက်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေ့မေ့ ပျောက်ပျောက် မထားသင့်ဘဲ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခု ဖွဲ့စည်းသင့် ကြောင်း ဦးကိုနီ၏ရှေ့နေဦးနေလ က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ် ပေါက်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေ့မေ့ ပျောက်ပျောက် မထားသင့်ဘဲ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခု ဖွဲ့စည်းသင့် ကြောင်း ဦးကိုနီ၏ရှေ့နေဦးနေလ က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဥပဒေအကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီ လုပ် ကြံခံရမှုသည် နိုင်ငံရေးအရ ဆက်နွှယ်မှုများ ပါဝင်နေ၍ အဖွဲ့ ချုပ်က စုံစမ်းစစ်ဆေးရေးကော် မတီဖွဲ့၍ စုံစမ်းသင့်ကြောင်း ရှေ့နေ  ဦးနေလ က သြ ဂုတ် ၁၈ ရက်ရုံးချိန်းတွင် ပြောကြားသည်။ လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ပြည်သူအများစုသည် လုပ်ကြံမှုကို မေ့မေ့ပျောက်ပျောက်ဖြစ်နေကြောင်း ဦးနေလက အဆိုပါရုံးချိန်းတွင် ပြောကြားသည်။

သြဂုတ် ၁၈ ရက် ရုံးချိန်း တွင် သေဆုံးသူဦးကိုနီ၏ သမီး ဒေါက်တာယဉ်နွယ်ခိုင်ကို တရား လိုပြသက်သေအဖြစ် စစ်ဆေးခဲ့ ပြီး ဦးကိုနီ မလေးရှားခရီးစဉ်နှင့် ခရီးမှပြန်လာစဉ် သေဆုံးသည့် အကြောင်းအရာများကို မေးမြန်း ၍ မှတ်တမ်းတင်ခဲ့သည်။

ဒေါက်တာယာဉ်နွယ်ခိုင်မှာ ပြီးခဲ့သည့် ရုံးချိန်းက ခရီးလွန်နေ သဖြင့် ယနေ့ရုံးချိန်းမှသာ လာ ရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာယဉ်နွယ်ခိုင်က တရားရေးလုပ်ထုံးလုပ်နည်းများကို နားမလည်သော်လည်းအမှုစစ်ဆေးသည်မှာနှေးသည်ဟု ထင်မြင်ကြောင်း ရုံးချိန်းအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။ ထို့အပြင် ဖခင်ဖြစ်သူကို လုပ်ကြံသည့် တရားခံကိုအမြန်ဆုံးအရေးယူပေးရန်လည်း ၎င်းက တောင်းဆိုသည်။

‘‘သေသွားတဲ့သူအတွက် ကျွန်မတို့ ဘာမှပြန်ရလာနိုင်စရာ မရှိဘူး။ မျှော်လင့်စရာ အမှန် တရားပဲရှိတယ်။ အဲဒီအမှန်တရား ဆိုတာ ကျွန်မတို့ မိသားစုအတွက် ဆိုတာထက် နိုင်ငံ၊ ဥပဒေရေးရာ အတွက် သိပ်ကိုလိုအပ်တယ်လို့ ကျွန်မထင်တယ်။ အမှန်တရား အတွက်ဖြစ်ရမယ်။ မဟုတ်ရင် တော့ ကျွန်မတို့နိုင်ငံအတွက်၊ ဥပဒေရေးရာအတွက် လက်ညှိုး ထိုးစရာ ဖြစ်သွားလိမ့်မယ်’’ဟု ဒေါက်တာယဉ်နွယ်ခိုင်ကဆို သည်။

ဦးကိုနီသည် ယခုနှစ် ဇန်န ဝါရီ ၂၉ ရက်တွင် လုပ်ကြံခံရပြီး ခုနှစ်လခန့်ကြာပြီဖြစ်ကာ ရုံးချိန်း၂၀ ရှိပြီဖြစ်သည်။

အဆိုပါရုံးချိန်းတွင် ဒေါက် တာ ယဉ်နွယ်ခိုင်အပါအဝင် တရားလိုပြသက်သေ ခုနစ်ဦးကို ဆင့်ခေါ်ခဲ့သော်လည်း လေးဦး သာ လာရောက်ပြီး တရားခံကြည်လင်း တည်းခိုခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ဘုန်းကြီးကျောင်းမှ ဆရာတော်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရဲအုပ်နှင့် အုပ်ချုပ်ရေးမှူးတို့ကိုလည်းသက်သေအဖြစ် စစ်ဆေးခဲ့သည်။

ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားလိုပြသက်သေ ၈၀ ကိုစစ်ဆေးရန် တင်ပြထားရာ လက်ရှိတွင် သြဂုတ် ၁၈ ရက် ရုံးချိန်းအထိ သက်သေ ၂၃ ဦးသာ စစ်ဆေးရသေးသည်။ နောက်တစ်ကြိမ် ရုံးချိန်းကို သြဂုတ် ၂၅ ရက်သို့ ချိန်းဆိုထားသည်။

=====================
251/ End