အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် သြဂုတ် ၁၉ ။ ။ မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ်ကင်းရှင်း ရေးအဖွဲ့(MORS) Myanmar Organization Road Safety " ယာဉ် လမ်းအန္တရာယ်ကင်းရှင်းရေး အချိန်အခါ မရွေး ဆောင်ရွက်ပေး" Time to save Lives on the Roads" သံတမန်ခန့်အပ် ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ် ဝန်းအတွင်းရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း MES ခန်းမတွင် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး သံတမန်အဖြစ် အနုပညာ ရှင်များဖြစ်သော အကယ်ဒမီ ခန့်စည်သူ၊ အေးမြတ်သူ၊ လူမင်း၊ မောင်မောင်အေး နှင့်အတူ ဦးအောင်ဇော်ဦး(အရည်ကြို) တို့အား ခန့်အပ်လွှာပေးအပ်ခဲ့သည်။
"အရင်ဦးဆုံးက ကိုယ့်ကိုကိုယ် ပြန်ပြီး ထိမ်းသိမ်းရမယ်။ အေးမြတ်သူဆိုလည်း ကိုယ်တိုင်မောင်း နေရတဲ့ ယာဉ်မောင်း တစ်ယောက်ပဲလေ၊ ရိုက်ကွင်းကို ကိုယ် တိုင် မောင်းသွားတယ်၊ တခါတရံ စိတ်တိုတတ်တယ်၊ ဒေသကြီးတယ်၊ လောတယ်ပေါ့နော်၊ အဲဒါတွေကို ထိန်း ရမယ်။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း ယာဉ်စည်းကမ်းတွေ လိုက်နာဖို့ စည်းရုံးသွားမယ်။ အခုလို သံတမန်ခန့်တာ ဝမ်းသာဂုဏ်ယူတယ်။ ကိုယ်ချစ်တဲ့ပရိသတ်ကြီးကို ဒီလို ပညာ ပေးခွင့်ရတာ ကုသိုလ်လည်းရတယ်" ဟု သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသူ အေးမြတ်သူက ပြောသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးသည် လမ်း ပေါ်တွင် နေ့စဉ်လှုပ်ရှားသွားလာနေသော လူမှုအသိုင်းအဝိုင်းတွင် လွန်စွာအရေး ကြီးပြီး လူထုပညာပေးမှုများတွင် အနု ပညာရှင်များကို ယင်းသို့ သံတမန်ခန့် အပ်လှုပ်ရှားခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟု မြန်မာနိုင်ငံယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့(MORS) ဥက္ကဋ္ဌ ဦးအောင်မြင့်က မဇ္ဈိမသို့ပြော သည်။
"ယာဉ်အန္တရယ်ကင်းရှင်းရေး ကိစ္စရပ်တွေ မှာ ဘာပဲပြောပြော လူတွေကို ပညာပေးဖို့ လိုအပ် တယ်။ လူထုပညာပေးမှုတွေမှာ သာမန်ပုဂ္ဂိုလ်တွေထက် နာမည်ကြီးတဲ့ အနုပညာရှင်တွေက ပိုပြီးထိရောက် တယ်။ ဒါကြောင့် အနုပညာရှင်တွေကို သံတမန်ခန့်အပ်တာဖြစ်တယ်။ ကျွန်တော်တို့ ယာဉ်အန္တရာယ်ကင်းရှင်း ရေး ပညာပေးမှုတွေ ဆောင်ရွက်တဲ့အခါ သူတို့ အကူအညီတွေနဲ့ ဆောင်ရွက်သွားမယ်။ အနုပညာရှင်တွေပါဝင်လာတော့ ပညာပေးမှုတွေမှာ လူထုက စိတ်ဝင်စား ပြီး ပညာပေးတာတွေ မှတ်မိလွယ်မယ်" ဟု ဦးအောင်မြင့်က ပြောသည်။
ထို့ပြင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးမှုတွေအဖြစ် ရုပ်ရှင်ဗီဒီယို ဇာတ်ကားများတွင် ပညာပေး Message ပါသည့် ဇာတ်ဝင်ခန်းများပါဝင်အောင် ကြိုးစားသွားမည်ဟု အကယ်ဒမီ ခန့်စည်သူက ပြောသည်။
" ပရိသတ်တွေဆိုတာ ဗဟုသုတ တွေ အတုံးလိုက်အတစ်လိုက်ပေးဖို့ မလွယ် ဘူး။ အနုပညာနဲ့ ပရိသတ်လက်ခံ နိုင်မယ့် ဟာသလေးတွေ၊ ဝမ်းနည်း ကြေကွဲဖွယ် ဇာတ်ကွက်ကလေးတွေ တစ်ခုခုဖြစ်ဖြစ်ပေါ့၊ အဲဒီလို Message လေးတွေပေးနိုင်အောင် ကြိုးစားသွားမယ်" ဟု ခန့်စည်သူက ပြောသည်။
=====================
251/ End
၁၉ ဩဂုတ် ၂၀၁၇ - ၁၈:၁၀
News ID: 849315
ရန်ကုန် သြဂုတ် ၁၉ ။ ။ မြန်မာနိုင်ငံယာဉ်လမ်းအန္တရာယ်ကင်းရှင်း ရေးအဖွဲ့(MORS) Myanmar Organization Road Safety " ယာဉ် လမ်းအန္တရာယ်ကင်းရှင်းရေး အချိန်အခါ မရွေး ဆောင်ရွက်ပေး" Time to save Lives on the Roads" သံတမန်ခန့်အပ် ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ် ဝန်းအတွင်းရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း MES ခန်းမတွင် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။