၂၁ ဩဂုတ် ၂၀၁၇ - ၁၇:၄၁
နိုင်ငံရှေ့ရေးအတွက် အမျိုးသားရေးအမည်ခံ အစွန်းရောက်လုပ်ရပ်များ မလုပ်သင့်ဟု နယ်ပယ်စုံမှ သုံးသပ်

ဖွံ့ဖြိုးဆဲနိုင်ငံ၏ ရှေ့ ရေးကို ထောက်ထား၍အမျိုးသား ရေးအမည်ခံအစွန်းရောက်လုပ် ဆောင်ချက်များ မပြုလုပ်သင့် ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ပြောသည်။ ‘‘လက်ရှိနိုင်ငံက ဖွံ့ဖြိုးဆဲ အခြေအနေဖြစ်တဲ့အတွက် အ စွန်းရောက်မှုတွေကို ခွင့်မပြုနိုင် ဘူး။ တိုင်းပြည်ရှေ့ရေးကို ထောက်ထားပြီး ဘယ်လိုမျိုးအ စွန်းရောက်မှုကိုမှ မလုပ်ရင် အ ကောင်းဆုံးပါ’’ ဟု ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေအထောက် အကူပြုသူများအဖွဲ့ဥက္ကဋ္ဌတရား လွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



 ဖွံ့ဖြိုးဆဲနိုင်ငံ၏ ရှေ့ ရေးကို ထောက်ထား၍အမျိုးသား ရေးအမည်ခံအစွန်းရောက်လုပ် ဆောင်ချက်များ မပြုလုပ်သင့် ကြောင်း နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ပြောသည်။

‘‘လက်ရှိနိုင်ငံက ဖွံ့ဖြိုးဆဲ အခြေအနေဖြစ်တဲ့အတွက် အ စွန်းရောက်မှုတွေကို ခွင့်မပြုနိုင် ဘူး။ တိုင်းပြည်ရှေ့ရေးကို ထောက်ထားပြီး ဘယ်လိုမျိုးအ စွန်းရောက်မှုကိုမှ မလုပ်ရင် အ ကောင်းဆုံးပါ’’ ဟု ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေအထောက် အကူပြုသူများအဖွဲ့ဥက္ကဋ္ဌတရား လွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။

ဩဂုတ် ၂၀ ရက်က ‘အမျိုး သားရေးဝါဒ၊ အစွန်းရောက်မှု အန္တရာယ်နှင့် နိုင်ငံတော်၏ရှေ့ ခရီး’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ တော်ဝင် နှင်းဆီစားသောက်ဆိုင် သီရိခန်း မတွင် ပြုလုပ်ခဲ့ရာဦးကြီးမြင့်၊ ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးနေဘုန်းလတ် နှင့် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတ ကာဆက်ဆံရေးပညာဌာန က ထိက ဒေါက်တာစိုင်းခိုင်မျိုးထွန်း တို့  ဦးဆောင်ဆွေးနွေးခဲ့သည်။

လူမျိုးရေး၊ ဘာသာရေးကို အခြေခံ၍ တစုတဖွဲ့တည်းအ တွက် ဆောင်ရွက်ခြင်းကို အမျိုး သားရေးဟုလက်မခံသင့်ကြောင်း နှင့် တစ်နိုင်ငံလုံးအတွက်စဉ်းစား ပြီးလုပ်ဆောင်မှသာ အမျိုးသား ရေးဝါဒဖြစ်ကြောင်း ဦးနေဘုန်း လတ်က ဆွေးနွေးသည်။

‘‘တိုင်းပြည်ရဲ့ အစိတ်အပိုင်း တွေဖြစ်တဲ့ ပြည်သူတွေအချင်း ချင်းတွေရန်ဖြစ်တယ်။ မတူညီတဲ့ လူတွေအချင်းချင်းကြားထဲမှာ လည်းလုပ်တယ်။ ယုံကြည်လို့ လုပ်တာကို မပြောချင်ပေမယ့် အ မျိုးသားရေးလုပ်တယ်။ အမျိုး သားရေးဝါဒီနဲ့လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်တွေ တပ်တယ်။ ဒါတွေ က ခေါင်းစဉ်တွေလွဲနေတယ်လို့ ထင်ပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

ထို့အတူ အမျိုးသားစီးပွားအ တွက်ဆိုကာ လုပ်ဆောင်ချက် အချို့၏ နောက်ကွယ်တွင်မရိုး သားသည်များရှိသည်ဟု ယူဆ ကြောင်းလည်း ဦးနေဘုန်းလတ် ကဆိုသည်။

‘‘ကျွန်တော်တို့ဆီမှာ အမျိုး သားရေးဝါဒကို တစ်မျိုးအဓိပ္ပာယ် ဖော်ဆောင်လာတာကို တွေ့နေရ ပါတယ်။ အမျိုးသားရေးဝါဒဆိုပြီး လွဲမှားစွာယူဆမှုတွေကနေ နိုင်ငံ ရေးအသုံးချမှုဖြစ်လာမှာ ကျွန် တော်တို့စိုးတယ်’’ ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။

ဘာသာရေး၊ လူမျိုးရေးလှုပ် ရှားမှုများမှတစ်ဆင့် ပြည်သူအ ကြားစိုးရိမ်မှုများနှင့် အကြောက် တရားများရှိလာကြောင်း၊ လူမှု ကွန်ရက်မှတစ်ဆင့်ပျံ့နှံ့လာသည့် မဟုတ်မမှန်သတင်းများကြောင့် လည်း လွဲမှားစွာယူဆမိသည်များ ရှိကြောင်း ထို့အတွက် အစွန်း ရောက်မှုများကို ထိန်းချုပ်နိုင်ရန် နှင့် ပြည်သူများအကြားအထင်အ မြင်လွဲမှားမှုများကို ပယ်ဖျက်နိုင် ရန် အသိပညာပေးလုပ်ငန်းများ လည်း ဆောင်ရွက်သင့်ကြောင်း ဦးဆောင်ဆွေးနွေးသူများက သုံး သပ်သည်။

အစွန်းရောက်သည့်လှုပ်ရှား မှုများနှင့်ပတ်သက်၍ ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း အသက် ၀င်အောင်ဆောင်ရွက်နိုင်ခြင်းမရှိ သေးကြောင်း ဦးကြီးမြင့်ကသုံး သပ်သည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေ၏ အားနည်းချက် ကြောင့် တရားဥပဒေစိုးမိုးမှုမရှိ ခြင်းနှင့်  ဘာသာရေးအသုံးချမှုများ ပေါ်ပေါက်လာကြောင်း ဆွေးနွေး ပွဲတက်ရောက်လာသူများက သုံး သပ်ပြောကြားသည်။

တက်ရောက်သူ ၃၀၀ ကျော် ရှိသည့် အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ (FPPS)က ဦးဆောင် ပြုလုပ်ပြီး လက်ရှိနိုင်ငံတွင်းအခြေ အနေများပေါ်မူတည်၍ အမျိုး သားရေးဝါဒ အစွန်းမရောက်စေ ရန် လုပ်ဆောင်သင့်သည်တို့ကို သိရှိစေရန် ရည်ရွယ်ကြောင်း FPPS ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ပြောသည်။

‘‘အမျိုးသားရေးဝါဒဆိုတာ က လိုအပ်တာထက်ပိုပြီးတော့ အစွန်းရောက်ပြီးကျင့်သုံးရင်တိုင်း ပြည်အတွက် အန္တရာယ်ဖြစ်နိုင် တယ်။ နောက်တစ်ခုက ဒီလိုအ စွန်းရောက်ပြီး ကျင့်သုံးမယ်ဆိုရင် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို လည်း ကြုံရလိမ့်မယ်။ တရားဥပ ဒေစိုးမိုးပြီးတော့ မေတ္တာတရား ထွန်းကားတဲ့နိုင်ငံတစ်ခုဆိုတာ နိုင်ငံတကာကိုပြဖို့လိုအပ်တယ်’’ ဟု ဦးတင်မောင်ဦးက ပြောသည်။

၂၀၁၇ နှစ်ဆန်းပိုင်းတွင် ဘာသာရေးနှင့်လူမျိုးရေးအပေါ် အခြေခံ၍ အမျိုးသားရေးလှုပ်ရှားသူများ အဓိကပါဝင်သည့် ပဋိပက္ခ၊ ဆူပူမှုနှင့်ဆန္ဒပြမှု အချို့ဖြစ်ပွားခဲ့သည်။ ရန်ကုန်တိုင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့တို့တွင် လူမျိုးရေး၊ ဘာသာရေးအသွင် ပဋိပက္ခအချို့ဖြစ်ပွားခဲ့သည်။

ထို့အတူ ယခုရက်ပိုင်းအ တွင်း မန္တလေး၊ ရန်ကုန်နှင့်တောင် ကြီးမြို့တို့တွင် သံဃာအချို့နှင့် အမျိုးသားရေးလှုပ်ရှားသူဟုဆို သည့် လူပုဂ္ဂိုလ်အချို့တို့က အ မျိုးဘာသာ၊ သာသနာကိုနှိမ့်ချ သည့်အစိုးရဟု စွပ်စွဲကာ အစိုးရ ဆန့်ကျင်ရေးသပိတ်စခန်းများပြု လုပ်ခဲ့သည်။

အစိုးရအနေဖြင့် ထိုဖြစ်စဉ် များအပေါ် အရေးယူဆောင်ရွက် မှုများလည်းရှိရာ ပါဝင်သူအများစုသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မ ၃၄တို့ဖြင့် ဖမ်းဆီးအရေးယူခံရသည်။

ပြည်သူလူထုကို ဘာသာ ရေးစိတ်နာကြည်းမှုမှ နိုင်ငံရေး အသွင်ကူးပြောင်းကာ ဆူပူဆန္ဒ ပြမှုများဖြစ်စေရန် အကွက်ချကြံ စည်၍ လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ရေးသားမှုများအ ပေါ် ယုံကြည်မှုမလွန်ကဲစေရန် ဩဂုတ် ၁၄ ရက်က သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။

=====================
251/ End