အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦး အမှုအတွက် နောက်ဆုံးတင်သွင်းရမည့်အယူခံ ကို သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်းခဲ့ သည်။
အယူခံတင်သွင်းမှုကို ကော့ စမွီတရားရုံးက လက်ခံမှုရှိ၊ မရှိ ယင်းနေ့ ညနေအထိ အကြောင်း မပြန်သေးကြောင်း ထိုင်းနိုင်ငံရှေ့ နေများကောင်စီနှင့် ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့မှ ထိုင်းအမျိုးသမီးရှေ့နေ စုဖန်ဖာ မရမ်က ပြောသည်။
ထိုင်းနိုင်ငံ၏ဥပဒေသည် အ ပြောင်းအလဲရှိ၍ အကောင်းဆုံး မျှော်လင့်ထားကြောင်း ရှေ့နေ စုဖန်ဖာမရမ်က 7Day Daily သတင်းစာအား ပြောသည်။
‘‘ထိုင်းနိုင်ငံက ဥပဒေက အမြဲတမ်းပဲ အပြောင်းအလဲရှိတယ်ဆို တာ သမိုင်းမှာလည်း ရှိခဲ့ဖူးတယ်။ အမည်းကနေ အဖြူဖြစ်သွားတတ် တယ်။ အခုလည်း ကလေးတွေက ရိုးသားပြီး အပြစ်မရှိဘူးဆိုတော့ အကောင်းမွန်ဆုံးမျှော်လင့်ထား ပါတယ်’’ဟု ၎င်းက ပြောသည်။
မြန်မာလုပ်သားနှစ်ဦး၏အ ကျိုးဆောင်ရှေ့နေများဖြစ်သော ထိုင်းနိုင်ငံရှေ့နေများကောင်စီ ရှေ့နေများသည် စာမျက်နှာ ၃၁၈ မျက်နှာပါရှိသော အယူခံကို ငါး ကြိမ်မြောက်အဖြစ် အယူခံတင် ရက်တိုးတောင်းပြီး တင်သွင်းခြင်း ဖြစ်သည်။
နောက်ဆုံးအယူခံတင်သွင်း မှုအမိန့် ဆုံးဖြတ်ချက်ကို အ နည်းဆုံး တစ်နှစ်ကြာ စောင့်ဆိုင်း ရမည်ဖြစ်ကြောင်း ရှေ့နေ စုဖန်ဖာမရမ်က ပြောသည်။
ယခုနောက်ဆုံးအယူခံသာ ရှုံးနိမ့်ပါက မြန်မာလုပ်သားနှစ် ဦးအနေဖြင့် ထိုင်းဘုရင်မင်းမြတ် ထံ အသနားခံစာတင်ရန်သာရှိ တော့သည်။
ယခုနောက်ဆုံးအယူခံတွင် မြန်မာအကြံပေးအဖွဲ့က ပေးပို့ သည့်အချက်နှင့် ထိုင်းနိုင်ငံရှေ့နေများကောင်စီက ရွေးချယ်ထား သည့် အချက်များကို စုပေါင်းတင် ပြထားသည်။
ယခုကဲ့သို့ မြန်မာဥပဒေအ ကြံပေးအဖွဲ့က လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ ဥပဒေအကြံပြုချက် ပေးပို့ခြင်းသည် ပထမဆုံးဖြစ်ပြီး ယခင်က အမှုအမိန့်ချခဲ့သည့်အ ဆင့်ဆင့်တွင် ဥပဒေအကြံပြုချက် ပေးပို့ခြင်းမရှိပေ။ သေဒဏ်အ ပြစ်ပေးခံထားရသော မြန်မာလုပ် သားနှစ်ဦးကို အပြစ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် ထိုင်းလူမျိုး များ ယုံကြည်အားထားသော အ ကြားအမြင်ဆရာမ အီးတီက မေ လ ၃ ရက်၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံ၍ အသနားခံစာပေးပို့ခဲ့သည်။
‘‘ထိုင်းနိုင်ငံရဲ့တရားဥပဒေ သမိုင်းမှာ အောက်ရုံးလို့ခေါ်တဲ့ မြို့နယ်ရုံးက သေဒဏ်ချမှတ်ခဲ့ပေ မယ့် ဗဟိုတရားရုံးက တရားသေ လွှတ်လိုက်တာတို့၊ ပြန်လည်စိစစ် တာတို့ ရှိခဲ့ဖူးပါတယ်။ ဗဟိုတရား ရုံးက ဆုံးဖြတ်ချက်ဟာ လူငယ် တွေအတွက် ဝမ်းသာစရာဆုံး ဖြတ်ချက်လို့ မျှော်လင့်ပါတယ်။ အဓိကကတော့ မြန်မာအစိုးရအ နေနဲ့ ထိုင်းအစိုးရကို နည်းလမ်း ပေါင်းစုံသုံးပြီး ချဉ်းကပ်သင့်ပါ တယ်။ အဲဒီလူငယ်တွေ အပြစ် မကျူးလွန်ဘူးဆိုတာ ကျွန်တော့် အနေနဲ့ အခုထိ ယုံကြည်ဆဲဖြစ်ပါ တယ်’’ဟု မြန်မာသံရုံးအထူးအဖွဲ့ မှ ဦးထူးချစ်က ပြောသည်။
သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးအမှုအတွက် နောက်ဆုံးတင်သွင်းရမည့်အယူခံ ကို သြဂုတ် ၂၁ ရက်နောက်ဆုံး ထားတင်သွင်းရန် ကော့စမွီတရားရုံးက ဆုံးဖြတ်ထားသည်။ မြန်မာ လုပ်သားနှစ်ဦး၏သေဒဏ်အမိန့် နှင့်ပတ်သက်၍ ပထမဆုံးအယူခံ တင်သွင်းမှုကို ထိုင်းနိုင်ငံအယူခံ အောက် တရားရုံးက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပယ်ချ ခဲ့ပြီး သေဒဏ်ကို ဆက်လက်အ တည်ပြုခဲ့သည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက်(၂၄)နှစ် အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာနှင့် (၂၃)နှစ်အရွယ် ဟန်နာ ၀စ်သာရစ်ခ်ျတို့သည် ၂၀၁၄ တွင် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီး မြန်မာလုပ်သား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် ပုဒ်မ ခုနစ်ခုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
=====================
251/ End
၂၁ ဩဂုတ် ၂၀၁၇ - ၁၈:၅၂
News ID: 849785
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦး အမှုအတွက် နောက်ဆုံးတင်သွင်းရမည့်အယူခံ ကို သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်းခဲ့ သည်။ အယူခံတင်သွင်းမှုကို ကော့ စမွီတရားရုံးက လက်ခံမှုရှိ၊ မရှိ ယင်းနေ့ ညနေအထိ အကြောင်း မပြန်သေးကြောင်း ထိုင်းနိုင်ငံရှေ့ နေများကောင်စီနှင့် ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့မှ ထိုင်းအမျိုးသမီးရှေ့နေ စုဖန်ဖာ မရမ်က ပြောသည်။