၂၃ ဩဂုတ် ၂၀၁၇ - ၁၈:၄၀
တစ်ပတ်တာ လွှတ်တော် လည်ပြန် သြဂုတ် ၁၄ရက်မှ ၂၁ရက်အထိ

ပြီးခဲ့သည့် တစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့၌ မေးမြန်းခဲ့သော မေး ခွန်း၊ တင်သွင်းခဲ့သောအဆိုနှင့် လုပ်ဆောင်ချက်များထဲမှ ထူးခြား သည့် အကြောင်းအရာများကို သတင်းကောက်နုတ်ချက်အဖြစ် 7Day News က ဖော်ပြလိုက်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့သည့် တစ်ပတ်အတွင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့၌ မေးမြန်းခဲ့သော မေး ခွန်း၊ တင်သွင်းခဲ့သောအဆိုနှင့် လုပ်ဆောင်ချက်များထဲမှ ထူးခြား သည့် အကြောင်းအရာများကို သတင်းကောက်နုတ်ချက်အဖြစ် 7Day News က ဖော်ပြလိုက်ပါသည်။

ဩဂုတ် ၁၄ ရက်

ကချင်ပြည်နယ်တနိုင်းနှင့် ဖားကန့်မြို့နယ်အတွင်းရှိ တရား မ၀င်ရွှေမှော်နှင့် ပယင်းမှော်များ ကို ၀န်ကြီးဌာနနှင့် ပြည်နယ်အစိုး ရက ထိရောက်စွာကြပ်မတ် ဆောင်ရွက်ရန်အဆိုကို ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုဆွေးနွေးစဉ် တပ်မ တော်သားကိုယ်စားလှယ်များက တနိုင်းနှင့် ဖားကန့်တွင်နယ်မြေ ရှင်းလင်းရေး ဥပဒေနှင့်အညီ  ဆက်လက်ဆောင်ရွက်မည်ဟု ဆွေးနွေးပြောကြားသည်။

အမျိုးသားလွှတ်တော်တွင်မူ အကြွေစေ့ဂိမ်းဆိုင်များ စိစစ်ဖော် ထုတ်ရေးအဆိုနှင့်ပတ်သက်၍ ပြည်ထဲရေးဒုဝန်ကြီးဗိုလ်ချုပ် အောင်စိုးက မှတ်တမ်းတင်ရန် သဘောထားပေးသော်လည်း အ မျိုးသားလွှတ်တော်ကမဲခွဲ အတည်ပြုခဲ့သည်။

ဩဂုတ် ၁၅ ရက်

ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် စစ်ဆေးချက် အစီရင်ခံစာနှင့်ပတ် သက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီလေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် ၀န်ကြီးဌာန ၁၅ ခု၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့က ပြန်လည်ရှင်းလင်းခဲ့သည်။ သို့ရာတွင် ကာကွယ်ရေးဝန်ကြီး ဌာနစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဥပဒေပုဒ်မ ၃၉ အရ စစ်ဆေးပိုင်ခွင့်မရှိဟု ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးမော် သန်းက ပြည်ထောင်စုလွှတ်တော် ၌ ပြောကြားသည်။

ဩဂုတ် ၁၆ ရက်

စစ်ကိုင်းတိုင်းဒေသကြီးဆား လင်းကြီးမြို့နယ်ရှိ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်ပိုင်ဆိုင်သော မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက် ရုံကို လူမှု၊ သဘာဝပတ်ဝန်းကျင် ဆိုးရွားအန္တရာယ်ဖြစ်စေ၍ နေရာ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအား ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောင်းရွှေ့ပေးရန် အစီအစဉ်မရှိ သေးကြောင်း ပြည်သူ့လွှတ်တော် ၌ ပြန်လည်ဖြေကြားသည်။ မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပ ဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို အမျိုးသားလွှတ်တော်က အ တည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်း တွင် မူးယစ်ဆေးဝါးသုံးသူများကို လူမှုရေးပြစ်ဒဏ်သာချမှတ်ရန် ပြင်ဆင်ချက်ကို ထည့်သွင်းထား သည်။

အမျိုးသားလွှတ်တော်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အ ကြမ်းဖက်တိုက်ခိုက်နေသူများကို ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးရန် တပ်မတော် သားကိုယ်စားလှယ်များက တိုက် တွန်းပြောကြားခဲ့သည်။

ဩဂုတ် ၁၇ ရက်

၁၉၈၈ အရေးတော်ပုံကာလ အတွင်း တပ်မတော်က သိမ်းယူခဲ့ သော လှိုင်မြို့နယ်အားကစားရုံကို မြို့နယ်နေပြည်သူများအသုံးပြု ခွင့်ရရှိရေး ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအား ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ် မြင့်နွယ်က ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိကြောင်း ပြည်သူ့ လွှတ်တော်၌ ဖြေကြားခဲ့သည်။

ဩဂုတ် ၁၈ ရက်

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို အာမခံပေးရမည့်အမှု အဖြစ် ထောင်ဒဏ်လျှော့ချ၍ ပြည်သူ့လွှတ်တော်က အတည်ပြု ခဲ့သည်။ အဆိုပါဆက်သွယ်ရေး ဥပဒေပုဒ်မကို ပယ်ဖျက်ရန် လွှတ် တော်ကိုယ်စားလှယ်အချို့က ဆွေးနွေးသော်လည်း အာမခံပေးရ မည့် ၂ နှစ်ထက်မပိုသောထောင် ဒဏ်သို့ လျှော့ချအတည်ပြုခဲ့ သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ရသေ့တောင်မြို့နယ်တို့တွင် အကြမ်းဖက်တိုက်ခိုက်နေသော အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုန်းရန်အဆိုကို ပြည်သူ့လွှတ်တော်၌ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ယင်းအဆိုကို အမျိုးသားလွှတ်တော်၌လည်း ဆွေးနွေးခဲ့သည်။

ကျောက်မျက်ရတနာသယံ ဇာတများကို နောင်လာနောက် သားများခံစားနိုင်ရေးစနစ်တကျ တူးဖော်ထုတ်လုပ်ထိန်းသိမ်း စောင့်ရှောက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည် သူ့လွှတ်တော်၌ လက်ခံဆွေးနွေး ရန်ဆုံးဖြတ်ခဲ့သည်။

ဩဂုတ် ၂၁ ရက်

နိုင်ငံတစ်ဝန်းရှိ ကျေးလက် ဒေသတွင် လျှပ်စစ်မီးရရှိရန်ကျေးလက်မီးလင်းရေး ကော်မတီဖွဲ့စည်းထားမှုအပေါ် ဖျက်သိမ်းပြီး လျှပ်စစ်မီးနှင့်ပတ်သက်သောကိစ္စရပ်များအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ရန်ဆုံးဖြတ်ခဲ့သည်။

လွှတ်တော်နှစ်ရပ်သဘော ထားကွဲလွဲသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)အပေါ် အမျိုးသားလွှတ်တော်၌ ထပ်မံဆွေးနွေး ရန် ဆုံးဖြတ်ခဲ့သည်။

မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်တို့တွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီးအကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေအရ အ ရေးယူပေးရန်နှင့် ၎င်းတို့၏ခြိမ်း ခြောက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသော တိုင်းရင်းသား များ၏ကျေးရွာများ ဆက်လက်ရပ် တည်နိုင်ရေးအတွက် အရေးယူ ဆောင်ရွက်ပေးရန်အဆိုကို ကိုယ် စားလှယ်များက အမျိုးသားလွှတ် တော်၌ ဆက်လက်ဆွေးနွေးခဲ့ သည်။

=====================
251/ End