အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့တပ်တွေနဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်သွားပြီဖြစ်ပြီး စခန်းကြီးတခုကနေ ထွက်ခွာပေးလိုက်ရတယ်လို့ ALP ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာစံတော်ချိန် ယနေ့ ညနေ ၅ နာရီလောက် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း က “အခု မကြာခင်ကပဲ အခုနကပဲ တိုက်ပွဲတွေရပ်သွားတယ်။ အပစ်အခတ်တွေ ရပ်သွားတယ် ဆိုပြီးတော့မှ သတင်းရလာတယ်။ ကျသွားတာကတော့ ဌာနချုပ် အကြီးမဟုတ်ဘူးဆိုတာမျိုး သူတို့က အတည်ပြုပြောကြားတယ်။ ပြည်တွင်းထဲမှာရှိနေတဲ့ စခန်းကြီးတခု ကျသွားတာ၊ ထွက်ခွာပေးလိုက်ရတာပေါ့။ မိုးကလည်း တအားရွာတယ်ပြောတယ်။ မြို့နယ်ဆိုလို့ရှိရင် ပလက်ဝနဲ့ နီးတယ် နယ်စပ်နားမှာပဲ။ ဌာနချုပ်က ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ နယ်စပ်ပေါ့။ အခု ထွက်ခွာပေးလိုက်ရတယ်ဆိုတဲ့စခန်းက နည်းနည်းရှေ့ကိုရောက်တယ်။ ပြီးလို့ရှိရင် ဒီကနေပြီးတော့မှ အမိန့်ပေးတယ်တဲ့၊ တယောက်နဲ့တယောက် သွေးထွက်သံယို မှုတွေကို မလုပ်ပါစေနဲ့ဆိုပြီးတော့ အဲလိုမျိုးအမိန့်ပေးတယ်လို့ပြောတယ်။”လို့ပြောပါတယ်။
မနက်က အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အနီးမှာရှိတဲ့ ဌာနချုပ် ကျသွားတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်းလည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ သတင်းက အဲလိုနှစ်မျိုးဖြစ်နေတယ်။ တချို့ကတော့ ဌာနချုပ်ဟုတ်တယ်၊ ကျတယ်ဆိုပြီးတော့မှ ပြောလာတာရှိတယ်။ နောက်တချို့ကလည်း စခန်းခွဲကျသွားတာဖြစ်တယ်ဆိုပြီးတော့မှ ပြောလာတဲ့သတင်းက နှစ်မျိုးပုံစံမျိုးဖြစ်နေတယ်။ အဲဒီသတင်းက မနက်က လာသွားတယ်။ အခုပြန်ပြောလာကြတယ်။ အဲလိုမျိုး ဌာနချုပ်မ ဟုတ်သေးဘူး။ ဌာနခွဲတခုကို ဆုတ်ပေး လိုက်ရတာဖြစ်တယ်ဆိုပြီးတော့မှ ပြောလာတာရှိတယ်။ ”
တိုက်ပွဲမှာ ALP ရဲဘော်တယောက် ကျဆုံးသွားပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန်ရကာ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
=====================
251/ End
၂၃ ဩဂုတ် ၂၀၁၇ - ၁၉:၁၅
News ID: 850138
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့တပ်တွေနဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်သွားပြီဖြစ်ပြီး စခန်းကြီးတခုကနေ ထွက်ခွာပေးလိုက်ရတယ်လို့ ALP ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက ဒီဗွီဘီကို ပြောပါတယ်။