၂၄ ဩဂုတ် ၂၀၁၇ - ၁၈:၀၁
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို လွတ်လပ်စွာသွားလာခွင့် ပေးသင့်ကြောင်း ကိုဖီအာနန်ကော်မရှင်အကြံပြု

ရန်ကုန် ၊ သြဂုတ်လ ၂၄ ။ ။ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များသည် IDP စခန်းများတွင် ကန့်သတ်မှုများဖြင့် နေထိုင်ရခြင်းများ ရှိနေပြီး လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပေးသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန် ၊ သြဂုတ်လ ၂၄ ။       ။ ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များသည် IDP စခန်းများတွင်  ကန့်သတ်မှုများဖြင့် နေထိုင်ရခြင်းများ ရှိနေပြီး လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပေးသင့်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

"IDP စခန်းများမှ မွတ်ဆလင်များအနေဖြင့် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အားလုံးနီးပါး ဆုံးရှုံးနေကြသည်" ဟု ယင်း အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

"ကျွန်တော်တို့၏ အကြံပြုချက်များမှာ လိုအပ်သည့် စိစစ်ရေးကတ်များမရှိခြင်း နဲ့ လွတ်လပ်စွာ ခရီးသွားလာနိုင်မှု မရှိခြင်းတို့ကြောင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိဟု ခံစားနေရသည့် မွတ်ဆလင် လူဦးရေတို့၏ မကျေနပ်မှုများကိုလည်း ထည့်သွင်းရေးသားထားသည်" ဟု ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာကိုဖီအာနန်က သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

ယင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအားလုံးကို ဘာသာ ၊ လူမျိုး ၊ နိုင်ငံသားဖြစ်တည်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံခြင်း မပြုဘဲ လွတ်လပ်စွာသွားလာနိုင်ရန်  လုပ်ဆောင်ပေးသင့်ကြောင်း ကော်မရှင်၏ အကြံပြုစာတွင် ဖော်ပြထားသည်။

ပဋိပက္ခဖြစ်စဉ်များကြောင့် ဖွင့်လှစ်ထားရှိထားသည့် IDP စခန်းများကို ပိတ်သိမ်းရန် အစိုးရက မဟာဗျူဟာတစ်ရပ် ချမှတ်ပြီး ဆောင်ရွက်သင့်ကြောင်း ကော်မရှင်က အကြံပြုထားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် မွတ်ဆလင် လူဦးရေ (၁၂၀,၀၀၀) ခန့်သည် IDP စခန်းများတွင်နေထိုင်ခဲ့ကြပြီး ယင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ရခိုင်လူမျိုးအချို့လည်း IDP စခန်းတွင် နေထိုင်ခဲ့ရသည်။

=====================
251/ End