အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေကို ပြင်ဆင်ရန် အ ကြောင်းမရှိကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
သြဂုတ် ၂၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။
‘‘ဒီဥပဒေကိုလည်း ခြောက် နှစ်ကျော် အလွှာပေါင်းစုံ၊ အမျိုး ပေါင်းစုံ စိစစ်ပြီးတော့မှ လုပ်ထား တဲ့အတွက် အခုအချိန်အထိ တည်မြဲနေတာဖြစ်ပါတယ်။ အား နည်းချက်တွေ နိုင်ငံတကာအနေ အထားနဲ့ ရှိကောင်းရှိမယ်လို့ ပြောပေမယ့် အားနည်းချက်တွေရှိ ကောင်းရှိမယ်လို့ သုံးသပ်နိုင် သော်လည်း လက်ရှိကတော့ ပြင် ဆင်သွားဖို့ အနေအထားမရှိပါ ဘူး’’ဟု ၀န်ကြီးက ပြောသည်။
အစိုးရအနေဖြင့် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နေကြောင်း လည်း ၎င်းက ပြောသည်။
‘‘ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်း ပတ်ဝန်းကျင်အခြေအ နေ၊ လူမှုရေးအခြေအနေတွေပေါ် မှာ မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ သဟဇာတဖြစ်မယ့်ကိစ္စတွေကို ကိုယ့်နိုင်ငံကပြုစုထားတာဖြစ်ပါ တယ်’’ဟု ဦးသိန်းဆွေက ပြော ကြားသည်။
၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံသားဖြစ်မှုအ တွက် လက်ရှိကာလတွင် အခြေခံ ရသည့် ဥပဒေဖြစ်သည်ကို အသိအမှတ်ပြုသော်လည်း အစိုးရအနေဖြင့် ထိုဥပဒေအား ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်ကို စတင်သင့်ကြောင်း ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အကြံပြုထားသည်။
အစိုးရအနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ခြင်းခံရပြီးသူ များအား နိုင်ငံသားဖြစ်မှုနှင့်အညီ ရရှိခံစားမည့် အကျိုးအမြတ်များ၊ အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များအားလုံး အပြည့်အ၀ရရှိခံစားနိုင်စေရန် နှောင့်နှေးမှုမရှိဘဲ သေချာဆောင်ရွက်ပေးသင့်ကြောင်းလည်း ကော်မရှင်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ သည် တည်ဆဲဥပဒေဖြစ်၍ ယင်း ဥပဒေနှင့်အညီ လုပ်ဆောင်ရမည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဖီအာနန်နှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။
=====================
251/ End
၂၅ ဩဂုတ် ၂၀၁၇ - ၁၉:၂၄
News ID: 850492
၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေကို ပြင်ဆင်ရန် အ ကြောင်းမရှိကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ သြဂုတ် ၂၄ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးအပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့သည်။