၂၆ ဩဂုတ် ၂၀၁၇ - ၁၈:၀၆
 မောင်တောတွင် လုံခြုံရေးရဲကင်းနှင့် ရဲစခန်းစုစုပေါင်း ၃၀ ကို အကြမ်းဖက်သမားများက တစ်ပြိုင်နက်တည်း တိုက်ခိုက် လုံခြုံရေးတပ်ဖွဲ့ဝင်

မောင်တောဒေသရှိ လုံ ခြုံရေးရဲကင်းနှင့် ရဲစခန်း စုစုပေါင်း၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်းတိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မောင်တောဒေသရှိ လုံ ခြုံရေးရဲကင်းနှင့် ရဲစခန်း စုစုပေါင်း၃၀ ကို အစွန်းရောက် ဘင်္ဂါလီ အ ကြမ်းဖက်သမားများက တစ်ပြိုင် တည်းတိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန် သည်။

အကြမ်းဖက် သမားများ သည် ဩဂုတ် ၂၅ ရက် နံနက် အရုဏ်တက်တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ ရဲကင်းစခန်း များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သေနတ်ခြောက် လက်ဆုံးရှုံးပြီး အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရမိကာ နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

 အကြမ်းဖက်သမားများ သည် သေနတ်၊ လက်လုပ်မိုင်း များနှင့် ဓား၊ ဂျင်ကလိများဖြင့် အင်အားအများအပြားဖြင့် တိုက် ခိုက်ခဲ့ကြောင်း၊ ရဲကင်းစခန်းများ ကိုတိုက်ခိုက်ခြင်းအပြင် တပ်မတော်၏ ခမရ (၅၅၂) ဂိတ်သို့ ဝင် ရောက်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထို့အပြင် စစ်ကူသွားသည့် နယ် ခြားစောင့်ရဲတပ်ရင်းမှ ကားသုံးစီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အကြမ်းဖက်သမားများ သည် ဒုက္ခသည်စခန်းများနှင့် ရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အကြမ်းဖက်တိုက် ခိုက်မှုများသည် ကုလအတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာထုတ်ပြန် သည့်အချိန်နှင့် ၂၀၁၇ စက်တင် ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် ကုလသမဂ္ဂအထွေ ထွေညီလာခံကျင်းပမည့် အချိန် တို့နှင့် အချိန်ကိုက်၍ ဖန်တီးခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုအရ အစိုးရက ကိုဖီ အာနန်ကော်မရှင်ကို ၂၀၁၆ စက် တင်ဘာတွင် ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဖွဲ့စည်းပြီး တစ်လအ ကြာ ၂၀၁၆ အောက်တိုဘာ ၉ ရက်ကလည်း အမှတ် (၁) နယ် ခြားစောင့် ရဲဌာနချုပ်အပါအဝင် ရဲကင်းစခန်းအချို့ တိုက်ခိုက်ခံခဲ့ ရသည်။ ယခုကော်မရှင်၏ အပြီး သတ်အစီရင်ခံစာ ထုတ်ပြန်အပြီး တွင်လည်း ယခင်ထက် ပိုမိုကျယ် ပြန့်စွာ အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်လာခြင်းဖြစ်သည်။

ကိုဖီအာနန်ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် နိုင်ငံ သား စိစစ်ခြင်းလုပ်ဆောင်ရန် အပါအဝင် ရခိုင်ဒေသပြဿနာ များ ဖြေရှင်းနိုင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အကြံပြုချက်များ ပါရှိပြီး အစီရင်ခံစာပါ အကြောင်းအရာ များကို ဩဂုတ် ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

‘‘အဲဒီမှာက သောင်းကျန်းမှု၊ ပုန်ကန်ထကြွမှုက ဖြစ်နေတာ ကြာပြီ၊ အမြစ်တွယ်နေတာပေါ့။ မနေ့ညကတော့ဖြင့် အဲဒီလိုဖြစ် သွားတာက တိုက်ဆိုင်မှုပဲလား၊ တမင်ပဲလုပ်တာလား၊ ဘာလား ဆိုတာ ကျွန်တော်တို့လည်း စဉ်း စားလို့မရဘူး’’ဟု ကော်မရှင်အဖွဲ့ ဝင် ဦးအေးလွင်က ပြောသည်။


အကြမ်းဖက်တိုက်ခိုက်ခံရသော လုံခြုံရေးရဲကင်းများ တည်နေရာပြမြေပုံ

ရခိုင်ဒေသတွင် ယခင်အစိုးရလက်ထက် ၂၀၁၂ ၌လည်း ပဋိ ပက္ခများ ဖြစ်ပွားပြီး လူဦးရေ ၂၀၀ခန့်သေဆုံးကာ တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ယင်း ပြဿနာများကို ဒီချုပ်အစိုးရက ဖြေရှင်းရန် ကြိုးပမ်းနေချိန်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ပြဿနာဖြစ်ပွားမှု ငါးနှစ် အတွင်း ဘင်္ဂါလီ၊ မွတ်စလင်အ သိုင်းအဝိုင်းရှိ အလယ်အလတ် သမားများ အသာမရဘဲ အစွန်း ရောက်များ အသာရသွား၍ အ ကြမ်းဖက်တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပေါ်နေသည်ဟု သုံးသပ် ၍ရကြောင်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။

ယခု ကိုဖီအာနန်ကော်မရှင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် လည်း တောင်းဆိုမှုများရှိသည့် ရိုဟင်ဂျာဆိုသည့် လူမျိုးအသိအ မှတ်ပြုမှုမပါခြင်းနှင့် ၎င်းတို့သီး သန့်နေသည့် ဧရိယာသတ်မှတ် ပေးရန် အချက်များပါမလာခြင်း တို့ကြောင့် အကြမ်းဖက်မှုကို ကျယ်ပြန့်စွာ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဩဂုတ် ၂၅ ရက် နံနက်ကစကာ မောင်တောမြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ ဘဏ် များ၊ ကျောင်းများ၊ မြို့မဈေးကြီး နှင့် အပြင်ဈေးဆိုင်ခန်းများ ပိတ် ထားပြီး မောင်တော-ဘူးသီး တောင် ကားလမ်းနှင့် ကျေးလက် များသို့သွားသည့် လမ်းများအား လုံး သွားလာမှု ရပ်ဆိုင်းထား သည်။

မောင်တောခရိုင် (မောင် တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်) တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို မောင်တော ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ အချိန်တိုးမြှင့်ထုတ်ပြန် ခဲ့ပြီး အများပြည်သူသိရှိစေရန် အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာခဲ့သည်။ ညနေပိုင်းတွင် မြို့ပေါ်လုံခြုံရေးအတွက် ရဲတပ် ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ပူး ပေါင်းဆောင်ရွက်နေသည်။

ထို့အပြင် ဘူးသီးတောင်- မောင်တော ကားလမ်းကိုလည်း လုံခြုံရေးအခြေအနေ၊ မိုင်းအန္တ ရာယ်တို့ကြောင့် ဩဂုတ် ၂၅ ရက် တွင် ဖြတ်သန်းသွားလာခွင့် ပိတ် ထားသည်။

မောင်တောမြို့နယ် ခမောင်းဆိပ်၊ တောင်ပြိုလက်ဝဲနှင့် မြင်း လွတ်မြို့များရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများကို လုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့ပေးနေ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက ဩဂုတ် ၂၅ ရက် ည ၇ နာရီ ခန့်တွင် သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်မှုတွင် ဝန် ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် စုစု ပေါင်း ၆၀၀ ကျော်ကို လုံခြုံရာနေ ရာသို့ ပြောင်းရွှေ့ထားကြောင်း ပါဝင်သော်လည်း မောင်တောမြို့ နယ် ခမောင်းဆိပ်မြို့ရှိ ထွေအုပ် ဝန်ထမ်းခြောက်ဦး၊ ပညာရေးဝန် ထမ်း ၁၀ ဦးတို့ကို မခေါ်ယူနိုင် သေးပေ။ ၎င်းတို့ကို လုံခြုံရေးရှိ သည့် နေရာသို့ ပြောင်းရွှေ့ကယ် ထုတ်နိုင်ရေး စီစဉ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ ခမောင်းဆိပ်မြို့သည် ဩဂုတ် ၂၅ ရက်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် နေရာဖြစ် ကြောင်း မောင်တောဒေသခံများ က ပြောသည်။

ဒေသတွင်း အခြေအနေများ ကြောင့် အရပ်သားအများအပြား နေရပ်မှ ထွက်ပြေးတိမ်းရှောင် လာခဲ့သော်လည်း လူဦးရေစာရင်း ကို အတည်မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး ဌာန ဦးစီးမှူးက ပြောသည်။ ကယ်ဆယ်ရေးပစ္စည်းများ အလျင်အ မြန်ပို့ဆောင်နိုင်ရေး ဦးစားပေး လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

မောင်တောမြို့ပေါ်ရှိ သာ သနာ့ဗိမာန်တွင် အနီးဝန်းကျင် ကျေးရွာများဖြစ်သော အောင် ဗလ၊ စံပြ၊ ဝိမလရွာအရှေ့ပိုင်းတို့ မှ ဒေသခံ ၅၀၀ ခန့် လာရောက် တိမ်းရှောင်နေကြောင်း မောင် တောမြို့မ ကျောင်းဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရအဖွဲ့က ရခိုင် ဒေသ ပြဿနာများကို ဥပဒေ ကြောင်းအရ ငြိမ်းချမ်းစွာ ဖြေရှင်း ရန် ကြိုးစားနေချိန်တွင် အကြမ်း ဖက်တိုက်ခိုက်မှုများ လုပ်ဆောင် လာခြင်းသည် အဖြေမဟုတ်သည့် အပြင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးသည့်သဘော သက်ရောက်သည်ဟု ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောသည်။

‘‘ဒီအကြမ်းဖက်မှုကို ပြည်သူ လူထုတစ်ရပ်လုံး လက်မခံဘူး။ ကမ္ဘာကလည်း လက်ခံမယ့်ကိစ္စ တွေမဟုတ်ဘူး’’ဟု ၎င်းက ဆို သည်။

မောင်တော ရဲကင်းစခန်း များ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ် သက်၍ ဘာသာရေး၊ လူမျိုးရေး ရှုထောင့်မှမကြည့်ဘဲ ပုန်ကန် သောင်းကျန်းမှုတစ်ခုအနေဖြင့် မြင်ပေးရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအေးလွင်က ပြောသည်။

အကြမ်းဖက်သမားများကို ထိရောက်စွာ အရေးယူနိုင်ရေး အစိုးရ၏ ဆောင်ရွက်မှုကိုလည်း ၎င်းအနေဖြင့် ထောက်ခံထား သည်။

‘‘လက်မမကောင်း လက်မ၊ လက်ညှိုးမကောင်းလက်ညှိုး အဲဒီ လို သဘောထားရမယ်။ ဒါကို ဘာသာရေး၊ လူမျိုးရေးအသွင် သဏ္ဌာန်မဖော်ဖို့ပေါ့ဗျာ’’ ဟု ဦးအေးလွင်က ဆိုသည်။

ရခိုင်ဒေသ လုံခြုံရေးအပါ အဝင် ရခိုင်အရေးဆောင်ရွက်ရာ တွင်လည်း အစိုးရနှင့် တပ်မတော် တို့အကြား ညှိနှိုင်းဆောင်ရွက်မှု အားနည်းသည်ဟု ဦးမောင်မောင် စိုးက ထောက်ပြသည်။

ကာလုံအစည်းအဝေးခေါ် ယူ၍ ရခိုင်ပြဿနာကိုဖြေရှင်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လည်း လွှတ်တော်တွင် ဩဂုတ် ၂၄ ရက်က အဆိုပြုဆွေးနွေးခဲ့ သည်။

ယင်းဆွေးနွေးချက်ကို ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရုပ်သိမ်းရန်ပြောကြားပြီး ကာလုံ ခေါ်ယူခြင်းသည် နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်သာဖြစ် ကြောင်း၊ လွှတ်တော်၏ လုပ်ပိုင် ခွင့်မဟုတ်ကြောင်း ဦးဝင်းမြင့်က ရှင်းပြခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မတနှစ်ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံ ခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန် ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစု ပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထား သည်။

ရခိုင်အမျိုးသားပါတီ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ဩဂုတ် ၂၄ ရက် ပြည်သူ့လွှတ်တော်အ စည်းအဝေးတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူး သီးတောင်နှင့် ရသေ့တောင်မြို့ နယ်များ၌ ဖြစ်ပေါ်နေသော ဘင်္ဂါလီလူမျိုး အစွန်းရောက်အဖွဲ့ အစည်းများက ရာဇဝတ်မှုများ ကျူးလွန်နေခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အ သက်အိုးအိမ်လုံခြုံရေးတို့ကို များစွာ ထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံ များ ချမှတ်ကာ အမြန်ဆုံးအ ကောင်အထည်ဖော်ဆောင်ရွက် ရန် အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို အတည်ပြုရန် တောင်းဆိုခဲ့သည်။ ယင်းအဆိုကို ပြည်ထဲရေးဝန်ကြီးဌာနက မှတ် တမ်းတင်ရန်ကြိုးစားသော်လည်း အဆိုရှင်က အဆိုကိုအတည်ပြု ရန် တောင်းဆိုသဖြင့် မဲခွဲဆုံးဖြတ် ရာ ကန့်ကွက်မဲများ၍ အဆိုအ တည်ပြုရန် ရှုံးနိမ့်ခဲ့သည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ပါတီခေါင်းဆောင်များသည် ဩဂုတ် ၉ ရက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ် ရခိုင် ဒေသလုံခြုံရေးကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ ဩဂုတ် ၉ ရက် တွင် တပ်မတော်သားအများအ ပြားကို ရခိုင်ဒေသသို့ စေလွှတ်ခဲ့ သည်။

ရခိုင်အမျိုးသားပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် အစိုးရ ဖွဲ့စည်းပေးထားသည့် ကိုဖီအာ နန် ခေါင်းဆောင်သော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကိုလည်း ကန့်ကွက်ထားသည့် ပါတီများဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လတ် တလော အကြမ်းဖက်တိုက်ခိုက်ခံ ရမှုများ ဖြစ်ပေါ်နေကာ ဘူးသီး တောင်၊ မောင်တောဒေသမှလွဲ၍ ကျန်မြို့နယ်အများစုတွင် ရခိုင် နှင့် မွတ်စလင်များ အတူယှဉ်တွဲ နေထိုင်သော်လည်း ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း၊ လက် ရှိအချိန်၌ ဒေသတွင်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေ၍ မကြာမီ တွင် ပြဿနာများ ပြီးဆုံးသွား မည်ဟု ယုံကြည်ကြောင်း ရခိုင် အမျိုးသားပါတီ အထွေထွေအ တွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောသည်။

 ‘‘ဘူးသီးတောင်၊ မောင်တောကို ကွက်ကွက်ကလေး မကြည့်ဘဲနဲ့ ကျန်တဲ့မြို့နယ်တွေမှာ ရခိုင်နဲ့ မွတ်စလင် ဘာပြဿ နာမှ မရှိဘူးဆိုတာ ပြောနိုင်ပါ တယ်’’ဟု ၎င်းကဆိုသည်။

စစ်တွေမြို့ရှိ ဘင်္ဂါလီဒုက္ခ သည်စခန်းများသို့ ဩဂုတ် ၂၅ ရက်က လုံခြုံရေးတာဝန်ရှိသူများ လာရောက်၍ ပဋိပက္ခများ မပြန့်ပွားစေရန် ဆွေးနွေးပြောကြားမှုများရှိသည်ဟု သိရသော်လည်း 7Day Daily သတင်းစာက သီးခြားအ တည်ပြုချက် မရရှိသေးပေ။

ရခိုင်ဒေသပြဿနာကို တစ်ဖက်အသိုင်းအဝိုင်းက နိုင်ငံတကာပြဿနာဖြစ်အောင် ဖန်တီးနေကြ ချိန်တွင် ပြည်သူများ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများအ နေဖြင့် နိုင်ငံတော်အစိုးရ၏ ဦး ဆောင်မှုအောက်တွင် ညီညွတ် စွာ လိုက်ပါနိုင်ရန် လိုအပ်သည် ဟု ဦးဂျင်မီကပြောသည်။

‘‘အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ ပြည်တွင်းနိုင်ငံရေး အမြတ်ထုတ် လိုမှု တစ်ခုခုကြောင့် လုပ်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံတကာ ပြဿနာအဖြစ် တစ်ဖက်က ဖန်တီးမှုက အောင်မြင်သွားနိုင်တယ်။ ဒါကိုတော့ သတိထားကြဖို့ သတိပေးချင်တယ်’’ဟု ဦးဂျင်မီကပြောသည်။

=====================
251/ End