အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မေယုတောင်ကြော၌ အစွန်း ရောက်အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ်တဲများနှင့် လူ့အသုံးအဆောင်ပစ္စည်းများ တွေ့ရှိ။ ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP)တံဆိပ်ပါ လူသားချင်းစာနာမှုဆိုင်ရာ ရိက္ခာများပါဝင်။
သြဂုတ် ၁
အစွန်းရောက်အကြမ်းဖက် သမားများ လက်လုပ်မိုင်းပြုလုပ်စဉ် မောင်တောမြို့နယ် ပန်းတော ပြင်ကျေးရွာအုပ်စု၌ ပေါက်ကွဲမှု ဖြစ်ပွား။ အသေးစိတ် ထပ်မံစစ် ဆေးရာ ပစ္စတိုကျည် နှစ်တောင့်၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအချို့နှင့် တွက်ချက်ထား သည့် မှတ်တမ်းစာအုပ်တစ်အုပ် တို့ကို တွေ့ရှိ။
သြဂုတ် ၃
ကိုင်းကြီး(မြို) ကျေးရွာသား ခြောက်ဦးသေဆုံး၊ နှစ်ဦးပျောက် ဆုံး။
သြဂုတ် ၎
အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများကို သွားရောက်ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရွာသား ၆၀၀ ဦးခန့်ကဝိုင်းဝန်းတိုက်ခိုက်၊ ရဲတပ်ဖွဲ့က ရွာတွင်း၊ တပ်မတော်အပြင်စည်းဖြင့် ပိတ်ဆို့ရှင်းလင်း။
သြဂုတ် ၅
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့်ပေါက်ပင်ရင်းကျေးရွာများမှ ဒေသခံရခိုင်တိုင်းရင်းသားများသည် ကျေးရွာအတွင်း ရပ်တည်နေထိုင်ရေးအတွက် လုံခြုံရေးစိတ်ချရမှုမရှိဟု ခံယူပြီး ၎င်းတို့၏နေရပ်ကို စွန့်ခွာ၍ သြဂုတ် ၅ ရက်တွင် အိမ်ထောင်စု ၁၃၄ စု၊ လူဦးရေ ၆၂၂ ဦးတို့သည် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာနှင့် ဂွဆုံကျေးရွာတို့သို့ ခေတ္တရွှေ့ပြောင်းနေထိုင်။
ကိုင်းကြီး(မြို)ရွာမှ ပျောက် ဆုံးနေသူနှစ်ဦးအနက် ဒေါ်ထုမ်ဝေ သေဆုံးလျက် ပြန်လည်တွေ့ရှိ။
သြဂုတ် ၆
မောင်တောဒေသစုံစမ်းစစ် ဆေးရေးကော်မရှင်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေ ဟာကျောက်စိမ်းခန်းမ၌ သတင်း စာရှင်းလင်းပွဲပြုလုပ်။ ကော်မရှင် ၏အစီရင်ခံစာ(မြန်မာ+အင်္ဂလိပ်) အကျဉ်းချုပ်ထုတ်ပြန်။
မောင်တောမြို့နယ်၌ ရာအိမ်မှူးဟောင်းတစ်ဦးအသတ်ခံရ။
သြဂုတ် ၇
ကျောင်းတောင်အလယ်ရွာ သားအကြမ်းဖက်သမားတစ်ဦးနှင့် မျက်နှာဖုံးစွပ်ထားသည့် အစွန်း ရောက်အကြမ်းဖက်သမား ၁၀ ဦး တို့မှ ကျောင်းတောင် ကျေးရွာတာ ဝန်ခံကို ဓားခုတ်မှုဖြစ်ပွား။
မောင်တော၌ လုပ်သေနတ် အတိုတစ်လက်၊ ကျည်နှစ်တောင့် နှင့် ဓားရှည်တစ်ချောင်းဖမ်းဆီးရမိ။
သြဂုတ် ၉
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးစီး၍ ရခိုင်ပြည်နယ်လုံခြုံ ရေးဆောင်ရွက်ထားရှိမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံ။
တွေ့ဆုံပွဲသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ဒေါက်တာအေးမောင်နှင့်အတူ ANP ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသည့်ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင်နှင့် ဦးခင်မောင်လတ်တို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ရေး ကိစ္စရပ်များအပြန်အလှန်ဆွေးနွေး။
ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်သမားများအား ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ခြိမ်းခြောက်မှုကြောင့် လောလောဆယ်နေရပ်ကိုစွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများဆက်လက် ရပ်တည်နိုင်ရေးအတွက်အရေးတယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့် အဆို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်ဆုံးဖြတ်။
အကြမ်းဖက်မှုဖြစ်စဉ်များ ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေကြသည့် မောင်တောဒေသအ တွင်းရှိ ဒေသခံတိုင်းရင်းသားများ မူလနေထိုင်သည့် ကျေးရွာများသို့ အားလုံးပြန်လည်ရောက်ရှိ။
သြဂုတ် ၁၁
ရခိုင်ပြည်နယ် မောင်တော ခရိုင်အတွင်း အစွန်းရောက်အ ကြမ်းဖက်များက အကြမ်းဖက် သတ်ဖြတ်မှုများ တိုးမြှင့်ဆောင် ရွက်လာခဲ့ရာ သြဂုတ် ၉ ရက်အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေ သူ ၃၃ ဦးအထိ ရှိလာကြောင်း အစိုးရထုတ်ပြန်။
အစွန်းရောက်အကြမ်းဖက် များ၊ အစွန်းရောက်အားပေးကူညီ သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူများ၊ နိုင်ငံ ရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိတ်ဆွေ နိုင်ငံ များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း တို့က အစွန်းရောက် အကြမ်းဖက် ဆန့်ကျင်ခြင်းဖြင့် ထောက်ခံမှုပြသ ကြပါရန် တိုက်တွန်း။
တင်းမေကျေးရွာမှ အစွန်း ရောက်အကြမ်းဖက်သမားများ အား ကူညီပံ့ပိုးပေးနေသူ အမာခံ တစ်ဦးဖမ်းဆီးရမိ။
သြဂုတ် ၁၄
ရခိုင်ပြည်နယ် လုံခြုံရေးဆောင်ရွက်ထားရှိမှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည် ထောင်စုဝန်ကြီးများ ရခိုင်ပြည် နယ်အတွင်း ကွင်းဆင်းကြည့်ရှု။ ဘူးသီးတောင်-မောင်တော သွား ကားလမ်းဟောင်းဘေး လိုဏ်ဂူငယ်အတွင်း ရေမြောင်းထဲမှ ကျပ် ၉,၅၀၄ သိန်း တန်ဖိုးရှိ ပိုင်ရှင်မဲ့စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ။
သြဂုတ် ၁၇
မသင်္ကာသူ ၄၉ ဦးကို ခေါ်ယူစစ်ဆေး၊ အကြမ်းဖက်အဖွဲ့များ နှင့် ပါဝင်ပတ်သက်သူ ၂၃ ဦးကိုဥပဒေနှင့်အညီ အရေးယူ။
သြဂုတ် ၁၈
ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်က ‘‘ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုးအစွန်းရောက်အဖွဲ့အစည်းများ၏ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ်လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့်အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း။
အစွန်းရောက်အကြမ်းဖက်ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ကျွမ်းနေသည့် မောင်တောမြို့ပေါ်ရှိ အဆောက်အအုံတစ်ခု (ဓာတ်ပုံ−အတိုင်ပင်ခံရုံး)
သြဂုတ် ၂၀
အကြမ်းဖက်သမားများနှင့် ပတ်သက်ကြောင်း မသင်္ကာသူ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေး။
သြဂုတ် ၂၂
မောင်တောတွင် ခေတ္တကျေး ရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အကြမ်းဖက်သမား ၂၅ ဦးခန့်က ဓား ဖြင့် လှီးသတ်ခဲ့။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် မြန်မာနိုင်ငံသို့ ရောက်ရှိ။
သြဂုတ် ၂၃
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ကော်မရှင်၏အပြီးသတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ပေးအပ်။
နေပြည်တော်၌ မြန်မာ-အင်ဒိုနီးရှားနှစ်နိုင်ငံအကြား အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ။
ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟို ကော်မတီနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွေ့ဆုံ၊ အပြီးသတ်အစီရင်ခံစာဆိုင်ရာ ကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး။
သြဂုတ် ၂၄
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် တွေ့ဆုံ။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီ အာနန်တွေ့ဆုံ၊ ကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်အ ချို့မှာ လွဲမှားမှုလိုအပ်ချက်များရှိ နေကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ပြောကြား။
ဘူးသီးတောင်-မောင်တော ဒေသအခြေအနေသည် တရားဥပ ဒေစိုးမိုးရေးနှင့်ပတ်သက်၍ အုပ် ချုပ်ရေးအဖွဲ့အစည်းနှင့် သာမန် ရဲတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တာဝန်ပေးထားကြောင်း၊ ယင်း နယ်မြေတွင် လက်ရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ ၂၀၁၆ အောက်တိုဘာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ ကြောင့် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် တပ်များက ဝင် ရောက် ကာကွယ်ရခြင်း ဖြစ် ကြောင်း၊ လက်ရှိအခြေအနေတွင် ပင် ဒေသခံပြည်သူများ အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ပျောက်ဆုံးနေခြင်းများ ရှိနေ ကြောင်း၊ ယင်းကို ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ယခုထက်ပိုမိုဆိုး ရွားသည့်အရေးအခင်းများ ထပ်မံ ဖြစ်မလာစေရန် ကြိုတင်ကာကွယ် ရမည်ဖြစ်ကြောင်း၊ မေယုတောင်တန်းပေါ်တွင် ဘင်္ဂါလီများ၏စစ် ရေးအထောက်အကူစခန်းများ၊ စစ်ရေးလေ့ကျင့်မှုများကို ဖော် ထုတ်တွေ့ရှိရကြောင်း၊ ကာကွယ် ရေးအဆင့်အထိ ရောက်ရှိလာ၍ တပ်မတော်က ပါဝင်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း တပ်ချုပ်ပြော။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပြီးသတ် အစီရင်ခံစာအပေါ် ကြေညာချက်ထုတ်ပြန်။
ရခိုင်ကိစ္စ ကာလုံခေါ်ပေးရန် ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေး၏ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ဥက္ကဋ္ဌပယ်ဖျက်။
ရခိုင်အဆို မဲခွဲဆုံးဖြတ်ပြီး မှတ်တမ်းသာဖြစ်။
အကြမ်းဖက်သင်တန်းတက် ရောက်ပြီးသူများရှိကြောင်း သတင်းအရ နယ်မြေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်၊ အကြမ်းဖက်မှုများတွင် ပါဝင်သည်ဟု ယူဆရသည့် မသင်္ကာသူများဖမ်းဆီးစစ်ဆေး။
သြဂုတ် ၂၅
သြဂုတ် ၂၅ ရက် နံနက် ၁ နာရီခန့်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုကို လက်လုပ်မိုင်းများဖြင့် မိုင်းခွဲတိုက်ခိုက် ခြင်းဖြင့် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိ မှုများရှိခဲ့ကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်။
မောင်တောဒေသရှိ လုံခြုံ ရေးရဲကင်းနှင့် ရဲစခန်းစုစုပေါင်း ၃၀ ကို အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ဝန်ထမ်းတစ်ဦးကျဆုံးပြီး ကျန်းမာရေးဝန် ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက ထုတ် ပြန်သည်။
အကြမ်းဖက်သမားများသည်သြဂုတ် ၂၅ ရက် နံနက်အရုဏ်တက်တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏သေနတ်ခြောက်လက် ဆုံးရှုံးပြီး အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရမိကာ နှစ်ဦး ကို အရှင်ဖမ်းမိခဲ့သည်ဟု သတင်းထုတ်ပြန်။
ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က အပြီးသတ်အစီရင်ခံစာထုတ်ပြန်သည့်အချိန် ၂၀၁၇ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပမည့် အချိန်တို့နှင့် အချိန်ကိုက် အကြမ်း ဖက်တိုက်ခိုက်မှုများ ဖန်တီးကာတိုက်ကွက်များ ဖော်ဆောင်လာ ခြင်းဖြစ်ကြောင်း အစိုးရသုံးသပ်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပျက် နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး သြဂုတ် ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုတင် သွင်းသော်လည်း ပယ်ချခံခဲ့ရ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ပြောကြား။
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား သတင်း- ၁ မှ ၅အထိ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီထုတ်ပြန်။
ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် အကြမ်းဖက်သမားများ၏ကြမ်းတမ်းရက်စက်သည့် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထုတ် ပြန်ကြေညာ။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏အပြီးသတ်အစီရင်ခံစာထုတ်ပြန်မှုနှင့် အချိန်ကိုက်၍ တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ရာရှိသည်ကို ယခင်ကတည်းက ကြိုတင်မှန်းဆထားသည့်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး များအားလည်း ညွှန်ကြားချက်များ ပေးထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ။
နိုင်ငံတော်သမ္မတရုံးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် ဆက်သွယ်ကာ လိုအပ်သော လုံခြုံရေးတပ်ဖွဲ့များ ထပ်မံဖြည့်တင်းရေးကိစ္စ၊ ရဟတ်ယာဉ်သုံးစွဲရေးကိစ္စတို့ကို ညှိနှိုင်း ဆောင်ရွက်ခဲ့။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည်လည်း နိုင်ငံတော်သမ္မတထံ အခြေအနေကို ဆက်သွယ်သတင်းပို့ခဲ့ပြီး နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နိုင်ငံတော်သမ္မတအိမ်တော်၌ ၁၄း၀၀ နာရီတွင် လာရောက်တွေ့ ဆုံကာ ရခိုင်ပြည်နယ်လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိ ရောက်စွာ ကာကွယ်စောင့်ရှောက် ရန်နှင့် အကြမ်းဖက်သမားများ အား ထိရောက်စွာ နှိမ်နင်းရေးကိစ္စ တို့ကို ဆွေးနွေး။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးများ။ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့နှင့် ယနေ့ ၁၅း၃၀ နာရီတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (နေပြည်တော်)၌ အစည်းအဝေးခေါ်ယူ ကျင်းပ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ နှင့် ယင်းအကြမ်းဖက်သမားများ အတွက် တာဝန်ရှိသော ARSA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် အစိုးရက ကြေညာ။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွင် အစွန်းရောက်အကြမ်း ဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များအား ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၊ ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရှိ အမေရိကန်သံရုံး၊ မြန်မာ နိုင်ငံရှိ ဗြိတိသျှသံရုံးတို့က ပြစ် တင်ရှုတ်ချသည့် ကြေညာချက် များ ထုတ်ပြန်။
ဩဂုတ် ၂၆
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှု အား အဟန့်အတားဖြစ်စေရန် မိုင်းများထောင်ထားကြောင်း သိရ၊ ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေး မှူး၊ ရုံးအကူနှင့် အစိုးရသတင်း ပေးဟု သံသယရှိသူတို့ကို သတ်ဖြတ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ်များအား
လက်လုပ်ရှော့ခ်တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီထုတ်ပြန်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံရပြီးနောက် အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၊ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားတိုး မြှင့်ရှင်းလင်းလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီထုတ်ပြန်။
အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစုခြောက်ဦးအား အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ကြောင်း အစိုးရထုတ်ပြန်။
ဩဂုတ် ၂၇
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုအား ထောက်ခံခြင်း၊ အားပေးကူညီရာရောက်စေသောပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသား ခြင်း စသည်တို့မပြုလုပ်ရန်နှင့် ပြည်တွင်း၌ ထိုသို့အကြမ်းဖက် အားပေးလုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေနှင့်အညီ အရေးယူ မည်ဖြစ်ပြီး ပြည်ပမှ လုပ်ဆောင် ချက်များ တွေ့ရှိရပါက နိုင်ငံ တကာရဲတပ်ဖွဲ့သို့ အသိပေး ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုး ရအသိပေး။
မောင်တောမြို့သည် ဘင်္ဂါလီနှင့် တိုင်းရင်းသားများ ရောနှော နေထိုင်ပြီး လူနေအိမ်ခြေထူထပ် ကာ ခရိုင်အဆင့် အစိုးရဌာနဆိုင် ရာရုံးများ အခြေစိုက်သည့် မြို့ဖြစ် ကြောင်းနှင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများမှ မောင် တောမြို့အား ဖျက်ဆီးရန်နှင့် ဆူ ပူအကြမ်းဖက်မှုကို ပိုမိုကြီးကျယ် စေရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ အိမ်ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ကာ လက်လုပ်ဗုံးများကိုပါ ထားရှိခဲ့ သဖြင့် ဗုံးများပေါက်ကွဲ၍ ပိုမိုမီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရထုတ်ပြန်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဩဂုတ် ၂၅ ရက် ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရှိသူများနှင့် ဘေးလွတ်ရာဒေသများသို့ ခေတ္တခိုလှုံလျက်ရှိသော တိုင်းရင်း သားပြည်သူများအား လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပုတို့အဖွဲ့က ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပေး ပို့ထောက်ပံ့ခဲ့ပြီး အားပေးစကား ပြောကြား။
ဩဂုတ် ၂၈
မြန်မာနိုင်ငံရှိ ဩစတြေးလျ သံရုံးက ပြစ်တင်ရှုတ်ချသည့် ကြေ ညာချက်ထုတ်ပြန်။
မောင်တောဒေသအတွင်း အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားများက အကြမ်းဖက် လုပ်ရပ်များ ဆက်လုပ်လုပ်ဆောင် နေဆဲဖြစ်ကြောင်း အစိုးရထုတ် ပြန်။
အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရသော ရန်ကာစေတီကျေးရွာနေ ဒိုင်းနက် တိုင်းရင်းသား ၂၂ ဦးအနက်မှ ငါးဦးသေဆုံးပြီး ၁၇ ဦးကို ကယ်တင်နိုင်ခဲ့ကာ အကြမ်းဖက်သမားများ၏ အန္တရာယ်မှ တိမ်းရှောင်ပုန်းကွယ် နေခဲ့ရသော ဒိုင်းနက်တိုင်းရင်း သား ၃၈ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ဒိုင်းနက်တိုင်းရင်းသား ၅၅ ဦးကို ကူညီကယ်ဆယ်နိုင်ခဲ့ ကြောင်း အစိုးရထုတ်ပြန်။
ဩဂုတ် ၂၉
ရခိုင်အကြမ်းဖက်ခံရမှု တပ် မတော်သတင်းစာရှင်းလင်းပွဲနေပြည်တော်၌ ပြုလုပ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က မြန်မာနိုင်ငံအ ခြေစိုက်နိုင်ငံခြားသံရုံးများမှ သံအ ရာရှိများနှင့် ကုလသမဂ္ဂအဖွဲ့အ စည်းများမှ တာဝန်ရှိသူများကို ရခိုင်အကြမ်းဖက်ခံရမှုနှင့်ပတ် သက်၍ ရန်ကုန်မြို့၌ ရှင်းလင်း။
=====================
251/ End