အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောခရိုင် အတွင်း လှုပ်ရှားနေသော အ ကြမ်းဖက်အဖွဲ့ဝင်များကို ဖော် ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေအရ အရေးယူရန်နှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုကြောင့် လက်ရှိတွင် နေရပ်စွန့်ခွာထွက် ပြေးလာသော တိုင်းရင်းသား ကျေးရွာများ ဆက်လက်ရပ်တည် နိုင်ရေး အရေးတယူဆောင်ရွက် ရန်အဆိုကို ပြည်ထဲရေးဝန်ကြီး ဌာနက ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
အကြမ်းဖက်သမားများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများ လုံခြုံ ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ရေတိုရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်နေ၍ အဆိုကို အတည်ပြုရန် ထောက်ခံကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
‘‘လက်ရှိ အစိုးရရဲ့ ဆောင် ရွက်ချက်နဲ့ တစ်ထပ်တည်းကျလို့ အဆိုကိုအတည်ပြုဖို့ ထောက်ခံ တင်ပြခဲ့တာပါ’’ဟု ၎င်းက ဆို သည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ ဦးခင်မောင်လတ် တင်သွင်းသည့် ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး က ဆွေးနွေးပြီး ဩဂုတ် ၃၀ ရက် က ကျင်းပသည့် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ထောက်ခံမဲ ၁၈၇ မဲ၊ ကန့် ကွက်မဲတစ်မဲ၊ ကြားနေသုံးမဲဖြင့် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သည်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသများတွင် ဒေသခံတိုင်းရင်းသားများသည် အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တိုင်းရင်းသား များ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးနှင့် လုံခြုံရေးတို့ ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုရှင် ဦးခင်မောင်လတ်က ဆို သည်။
‘‘ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်။ တချို့တိုင်း ရင်းသားတွေဆိုရင် အခုထိ တောထဲမှာ ပုန်းနေကြရတယ်။ ကျွန်တော့်ဆီကို ခဏခဏဖုန်းဆက် ပြောကြတယ်’’ဟု ၎င်းက ပြော သည်။
ယင်းဒုက္ခသည်များထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ် အိုများ၊ ကျန်းမာရေး မကောင်းသူအချို့လည်း ပါဝင်ကြောင်း အဆိုရှင်ကပြောသည်။ ‘‘တချို့ဆိုရင်ထမင်းတောင် ငတ်နေကြတယ်’’ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ အနောက် တံခါးလုံခြုံရေး၊ အချုပ်အခြာအာ ဏာတည်တံ့ရေး ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အကြမ်းဖက်လုပ် ရပ်များကို ညီညီညွတ်ညွတ်ဖြင့် ပြတ်သားစွာဆောင်ရွက်ရန် လို အပ်ကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးခဲ့သည့် မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆန်းက ဆိုသည်။
‘‘ဒေသခံတိုင်းရင်းသား ၅ ရာခိုင်နှုန်းသာရှိတဲ့ ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုင်းရင်း သားတွေက ရှေ့မလုံနောက်မလုံ၊ ညလည်းမလုံ၊ နေ့လည်းမလုံနဲ့ ဘယ်လိုနေကြမလဲ’’ဟု ၎င်းက ပြောသည်။
မောင်တောခရိုင်အတွင်း အ ကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သည့် အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို တာဝန်ရှိသူASRA ကို အကြမ်းဖက်အဖွဲ့အဖြစ်အစိုးရက ကြေညာထားသည်။
အဆိုပါ အကြမ်းဖက်သမား များကို နိုင်ငံတကာ NGO, INGO များက ရိက္ခာများ ထောက်ပံ့နေ ကြောင်း တွေ့ရှိရပြီး သေချာပါက နိုင်ငံတကာဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟု လွှတ်တော်အ ပြီးတွင် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ် ချုပ်အောင်စိုးက ဆိုသည်။
‘‘အကြမ်းဖက်အဖွဲ့ ခိုအောင်းနေတဲ့နေရာတွေကို ဖော်ထုတ်ရှင်းလင်းတဲ့အခါမှာ မနေ့က နောက် ဆုံးရှင်းလင်းတဲ့ အချိန်ထိ နိုင်ငံ တကာအဖွဲ့အစည်းတွေကနေ ထောက်ပံ့ထားတဲ့ အစားအ သောက်တွေ တွေ့ရတယ်။ အဲဒါ တွေဟာ သမားရိုးကျအစားအစာ မဟုတ်ပါဘူး။ ဒါတွေဟာ ရေရှည် အတွက် ထုတ်လုပ်ထားတဲ့ အစား အသောက်တွေ ဖြစ်ပါတယ်။ ဒီလိုဟာတွေကို ထုပ်ပိုးကုန်တွေနဲ့ စနစ်တကျတွေရှိရတဲ့အတွက် ပါဝင်ပတ်သက်မှုရှိနိုင်လို့ ဆက် စပ်ပြီး ဖော်ထုတ်ထားတာဖြစ်ပါ တယ်’’ဟု ၎င်းက ဆိုသည်။
ဩဂုတ် ၂၄ ရက်တွင် ရခိုင် အမျိုးသားပါတီအမတ် ဒေါ်ခင် စောဝေက မောင်တောခရိုင်အ တွင်း ပိုမိုကောင်းမွန်သည့် အုပ် ချုပ်ရေးနှင့် လုံခြုံရေးအစီအမံများ ချမှတ်ပေးရေးအဆိုကို ပြည်သူ့ လွှတ်တော်၌ တင်သွင်းသော် လည်း မဲခွဲရာ ရှုံးနိမ့်ခဲ့သည်။
ပြည်သူ့လွှတ်တော်တွင် ဩဂုတ် ၁၈ ရက်က ဒေါ်ခင်စော ဝေတင်သွင်းသော ရခိုင်ဒေသ ၌ ပိုမိုကောင်းမွန်သော အုပ်ချုပ် ရေး၊ လုံခြုံရေးအစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်ပတ် သက်၍ လွှတ်တော်အမတ်များ ဆွေးနွေးပြီးနောက် ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အကြမ်းဖက်သမားများက အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့် လာခြင်းကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည့် အပြင် အပြစ်မဲ့အရပ်သားများအ တွက် လုံခြုံရေးတိုးမြှင့်ဆောင် ရွက်မည်ဟု ရှင်းလင်းခဲ့ပြီး အဆိုကိုမှတ်တမ်းတင်ရန် မှတ်ချက်ပေးသည်။ သို့သော် အဆိုရှင် ဒေါ်ခင်စောဝေက အတည်ပြုပေးရန်သာ တောင်းဆို၍ မဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် ၃၉၆ ဦးအနက် ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ၂၃၂ ကြားနေခြောက်မဲဖြင့် မှတ် တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့ သည်။
=====================
251/ End
အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူရန်နှင့် တိုင်းရင်းသားကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအဆို လွှတ်တော်အတည်ပြု
၃၁ ဩဂုတ် ၂၀၁၇ - ၁၇:၀၈
News ID: 851637
မောင်တောခရိုင် အတွင်း လှုပ်ရှားနေသော အ ကြမ်းဖက်အဖွဲ့ဝင်များကို ဖော် ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေအရ အရေးယူရန်နှင့် ၎င်းတို့၏ ခြိမ်းခြောက်မှုကြောင့် လက်ရှိတွင် နေရပ်စွန့်ခွာထွက် ပြေးလာသော တိုင်းရင်းသား ကျေးရွာများ ဆက်လက်ရပ်တည် နိုင်ရေး အရေးတယူဆောင်ရွက် ရန်အဆိုကို ပြည်ထဲရေးဝန်ကြီး ဌာနက ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခဲ့သည်။