အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက်တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုများကြောင့် မောင်တောမြို့တစ်နေရာရှိ မီးလောင်ပြင်နှင့်မီးလောင်ပျက်စီးနေသော ကားတစ်စီးနှင့် သတင်းရယူနေသော သတင်းထောက်အချို့ကို သြဂုတ် ၃၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းကြောင်းမှ သွေးဖည်နိုင်စေသည့် အကြမ်း ဖက်မှုအန္တရာယ်ကို စည်းလုံးညီ ညွတ်စွာဖြင့် စုပေါင်းတားဆီးဖယ် ရှားပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များအား မှာကြားသည်။
ဩဂုတ် ၃၁ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်ရပ်နားတော့မည်ဖြစ်၍ နှုတ် ဆက်အမှာစကားထည့်သွင်းပြော ကြားခြင်းဖြစ်သည်။
‘‘ဒီမိုကရေစီကို တစ်နည်း နည်းနဲ့ နှောင့်ယှက်ဖျက်ဆီးလိုသူ များရဲ့ အန္တရာယ်ကိုလည်း မျက် ခြည်မပြတ်ကတိပြုကာကွယ်ပေး ကြဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး လမ်းကြောင်းမှ သွေ ဖည်သွားနိုင်တဲ့ တရားဥပဒေစိုး မိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာ ရေးကို ပျက်ပြားစေနိုင်တဲ့ အ ကြမ်းဖက်မှုများကိုလည်း သတိ တရားလက်ကိုင်ထားပြီး စည်း စည်းရုံးရုံး ညီညီညွတ်ညွတ်စု ပေါင်းတားဆီးဖယ်ရှားပေးကြပါ လို့ ကျွန်တော်ပြောပါတယ်။ လွှတ်တော်မှာလည်း တရားဝင်ပြော ပြီးသားပါ’’ဟု ဦးဝင်းမြင့်က လတ် တလောရခိုင်ဒေသအရေးနှင့် ပတ်သက်၍ မီဒီယာများက မှတ်ချက် မေးမြန်းရာ ယင်းကဲ့သို့ ပြန်လည် ဖြေကြားသည်။
ထို့အပြင် ဥပဒေပြုရေး တာဝန်များ ဆောင်ရွက်သောအခါ မိမိတို့ အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ်မပေးနိုင်သော ဥပဒေများ ဖြစ်နေပါက ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို နှောင့်နှေးစေ သည်ကို အထူးသတိပြုရမည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောသည်။
တင်းကျပ်သည့် ဥပဒေများ သည် ပြင်းထန်သည့် အုပ်ချုပ်မှု ပုံစံ (Extremism)နှင့် ဥပဒေအရ အုပ်ချုပ်ခြင်းပုံစံ (By the Law) များကို ဦးတည်စေနိုင်ကြောင်း ၎င်းက ပြောသည်။
‘‘ဒီလို အဖြစ်မျိုးတွေကို ရှောင်ရှားပြီး ဥပဒေဆိုတာ ဖိနှိပ် ချုပ်ချယ်ဖို့အတွက်မဟုတ်ဘဲ အ ခြေခံလူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်မှသာ လူထုအ ကျိုးပြုဥပဒေတွေအဖြစ် ပြည်သူ က အားကိုးယုံကြည်လာကြမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။
လွှတ်တော်အစည်းအဝေး ရပ်နားစဉ်အတွင်း ကိုယ်စားလှယ် များအနေဖြင့် ပြည်သူလူထု၊ သက်ဆိုင်ရာပုဂ္ဂိုလ်၊ အာဏာပိုင် အဖွဲ့အစည်းများက ယုံကြည် အားကိုး၊ အလေးထားအပ်သူများ အဖြစ် ကျင့်ကြံလုပ်ကိုင်ကြရန် အရေးကြီးကြောင်းလည် ဆိုသည်။
ရခိုင်အရေးကို ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်အချို့နှင့် တပ်မတော်သားကိုယ်စားလှယ် များက လွှတ်တော်တွင် အဆို များ၊ မေးခွန်းများ မေးမြန်းရန်ခွင့် တောင်းသော်လည်း အစိုးရက လက်ရှိဆောင်ရွက်နေသည်ဟူ သည့် အကြောင်းပြချက်ဖြင့် ခွင့် မပြုခဲ့ခြင်းနှင့်ပတ်သက်၍ ဧရာ ဝတီသတင်းဌာနက မေးမြန်း သည်။
‘‘တပ်မတော်သားကိုယ်စား လှယ်တွေက အဆိုတွေတင်တယ် ဆိုတာ ခင်ဗျားဘေးနားမှာ ညွှန် ချုပ်ရှိတယ်မေးကြည့်ပါ။ ကျွန် တော်တို့ စာအုပ်ကို ဒုတိယအ ကြိမ် လွှတ်တော်သက်တမ်းကနေ ယနေ့အထိ သုံးယောက် မွှေ နှောက်ပြီးသွားပါပြီ။ ကျွန်တော် ရယ်၊ ဒုဥက္ကဋ္ဌရယ်၊ ညွှန်ချုပ်ရယ် မရှိပါဘူး။ အဲဒီလိုအဆို။ အဲဒါ ကြောင့် ကျွန်တော်ပြောတာပေါ့။ သဲသဲကွဲကွဲလေးမေးဖို့ ကောင်း တယ်ဆိုတာ ဒါပြောတာ’’ဟု ဦးဝင်းမြင့်က ပြောသည်။
ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ မှ ကိုယ်စားလှယ်များ၏ အဆိုများ ကို ပယ်သည်မှာလည်း မဟုတ် ကြောင်းနှင့် ဇေယျာသီရိမြို့နယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလှဌေးဝင်း တင်သွင်း သည့် ရခိုင်အကြမ်းဖက်မှုကို ပြည်သူ့လွှတ်တော်က ပြင်းထန်စွာ ရှုတ်ချရန် အရေးကြီးအဆိုကို ပယ်ချခဲ့ခြင်းသာရှိကြောင်း ၎င်းက ပြောသည်။
‘‘ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းပယ်တယ်ဆိုတာ မဟုတ် ဘူး။ ကျန်တဲ့ကိုယ်စားလှယ်တွေ တင်ရင်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အဆိုမေး ခွန်းသတ်မှတ်ချက် စည်းကမ်း ချက်နဲ့မညီရင် ပယ်တာပဲ။ ဒါပေ မဲ့ နည်းပါတယ်။ တော်တော်နည်း ပါတယ်။ လက်ရှိ လွှတ်တော် သက်တမ်း ၂ နှစ်နီးပါးတွင် နှစ်ခု၊ သုံးခုလောက်သာရှိပါတယ်’’ဟု ၎င်းက ဆက်ပြောသည်။
တပ်မတော်သားကိုယ်စား လှယ်အဆိုများကို ပယ်ချခြင်းမရှိ ဘဲ ဆွေးနွေးသည့်နေရာတွင် စေတနာဖြင့် ရုပ်သိမ်းခိုင်းခြင်း သာရှိသည်ဟု ၎င်းက ပြောသည်။
ဩဂုတ်အတွင်းက ရခိုင်အ ရေးအဆိုနှင့်ပတ်သက်၍ တပ် မတော်သားကိုယ်စားလှယ်တစ် ဦးက လွှတ်တော်အတွင်း မဲခွဲကာ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပါက နောင်တွင် ဖြစ်ပေါ် လာမည့် အကျိုးဆက်များကို လွှတ်တော်က တာဝန်ယူရမည်ဟု ဆွေးနွေးချက်ကို ပယ်ဖျက်ပေးရန်နှင့် ပြန်လည်ရုပ်သိမ်းခိုင်းခြင်းသာ ရှိပြီး ကိုယ်စားလှယ်ကလည်း ကျေကျေနပ်နပ်ဖြင့်သာ ပြန်ရုပ် သိမ်းပေးခဲ့ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
သြဂုတ် ၂၉ ရက်က ပြုလုပ် သော တပ်မတော်သတင်းစာရှင်း လင်းပွဲ၌ ဒုတိယတပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာ ရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက ၂၀၁၆ အောက်တိုဘာတွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ စတင်ဖြစ်ပွားပြီး နောက် နိုဝင်ဘာ ၂၁ ရက်၌ ပြည်သူ့လွှတ်တော်နှင့် ဒီဇင်ဘာ ၈ ရက် တွင် အမျိုးသားလွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်များ က ဘင်္ဂါလီ အကြမ်းဖက်သမား များ ဆက်လက်ကျူးလွန်နေ သည့် အကြမ်းဖက်မှုများသည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံ တော် အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေခြင်းကြောင့် အ ကြမ်းဖက်သမားများ၊ ကျူးကျော် သူများ နောက်ထပ်မကျူးကျော် ရန် အကြမ်းဖက်လုပ်ရပ်များ လုံးဝချုပ်ငြိမ်းအမြစ်ပြတ်ချေမှုန်းရေး လိုအပ်တဲ့ အစီအမံများ ချမှတ် ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်း အဆိုနှစ်ရပ် ကို တင်သွင်းသော်လည်း ဆွေး နွေးခွင့်မရဘဲ လွှတ်တော်က ပယ် ချခြင်းခံရသည်ဟု ပြောကြားခဲ့ သည်။
‘‘ကျွန်တော်ပြောတာချည်းပဲ မယုံပါနဲ့။ ခင်ဗျားတို့ ဘေးနားက ညွှန်ချုပ်ဆီမှာ အချိန်ပေးနိုင်ရင် အဆိုမေးခွန်းစာအုပ်ကို ကြည့် လိုက်ပါ။ ရက်စွဲအလိုက် ရှိလား၊ မရှိလား။ အဲဒီလိုဖတ်ရပါတယ်။ ဖတ်ရလို့လည်း ကျွန်တော်ပြော ပါတယ်။ ကျွန်တော်တင်မဟုတ် ဘူး။ ကျွန်တော်ရယ်၊ ဒုဥက္ကဋ္ဌ ရယ်၊ ညွှန်ချုပ်ရယ် ခင်ဗျားပြော တဲ့ ၂၀၁၆ နိုဝင်ဘာ ၂၁ ရက် Date တောင် မဟုတ်ဘူး။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအစ အဆုံး ပြန်ကြည့်ပြီးပြီ။ ခင်ဗျားတို့ လည်း ကြားနေတာလည်း အဲဒီလို တပ်မတော်သားကိုယ်စားလှယ် တွေ အဆိုတင်ထားတာ လုံးဝ မရှိပါဘူး’’ဟု ဦးဝင်းမြင့်က ပြော ကြားသည်။
=====================
251/ End
ဒီမိုကရေစီကူးပြောင်းရေးကို သွေဖည်စေနိုင်သည့် အကြမ်းဖက်မှုအန္တရာယ်များကို စုပေါင်းတားဆီးဖယ်ရှားရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
၁ စက်တင်ဘာ ၂၀၁၇ - ၁၈:၁၆
News ID: 851824
အကြမ်းဖက်တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုများကြောင့် မောင်တောမြို့တစ်နေရာရှိ မီးလောင်ပြင်နှင့်မီးလောင်ပျက်စီးနေသော ကားတစ်စီးနှင့် သတင်းရယူနေသော သတင်းထောက်အချို့ကို သြဂုတ် ၃၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ) ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းကြောင်းမှ သွေးဖည်နိုင်စေသည့် အကြမ်း ဖက်မှုအန္တရာယ်ကို စည်းလုံးညီ ညွတ်စွာဖြင့် စုပေါင်းတားဆီးဖယ် ရှားပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များအား မှာကြားသည်။