၁ စက်တင်ဘာ ၂၀၁၇ - ၁၉:၀၄
ဆေးရုံဆင်းလာသည့် သူရဦးတင်ဦး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ခံယူရဦးမည်

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နာယက သူရဦးတင်ဦး ဆေးရုံဆင်းပြီးနောက် ပုံမှန်စစ် ဆေးမှုများကို ဆရာဝန်ကြီးများက အိမ်သို့ သွားရောက်ကြည့်ရှုရမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေး ရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နာယက သူရဦးတင်ဦး ဆေးရုံဆင်းပြီးနောက် ပုံမှန်စစ် ဆေးမှုများကို ဆရာဝန်ကြီးများက အိမ်သို့ သွားရောက်ကြည့်ရှုရမည် ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေး ရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောသည်။

‘‘ပထမတစ်ပတ်၊ နှစ်ပတ်က တော့ လိုအပ်တာတွေအတွက် အိမ်ကို သွားကြည့်ပေးရမှာပါ’’ဟု ၎င်းက ပြောသည်။

သူရဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်၍ လေဖြတ် ရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ တက်ရောက်ကုသမှုခံယူ နေရာ သုံးလကြာမြင့်ပြီး ဩဂုတ်၃၁ ရက်တွင် ဆေးရုံမှ ဆင်းနိုင်ခဲ့ သည်။

‘‘အိမ်မှာ ကောင်းကောင်း မွန်မွန် တပည့်တွေနဲ့ ထိုင်နေပါတယ်။ အားလုံးကောင်းပါတယ်’’ ဟု နာယကသူရဦးတင်ဦးအား အနီးကပ်ပြုစုနေသူ ကိုမြင့်ဦးကပြောသည်။

ထို့အပြင် အိမ်တွင် အနီး ကပ်ပြုစုမည့်သူများကို လိုအပ် သည့် လေ့ကျင့်ခန်းများ သင်ကြား ပေးပြီးဖြစ်ကြောင်း ဒေါက်တာ အေးကိုကိုက ပြောသည်။

သူရဦးတင်ဦးသည် မေလ ၁၈ ရက်တွင် ဆေးရုံတက်ရပြီး ခုနစ်ရက်မြောက်နေ့ မေလ ၂၄ ရက်၌ အသက်အန္တရာယ်စိုးရိမ်ရ သည့်အဆင့်ကို ကျော်လွန်ကာ အခြေအနေတိုးတက်ကောင်းမွန် လာခဲ့သည်။

 သူရဦးတင်ဦးသည် ဇူလိုင် ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ပြုလုပ်သော အာဇာနည်နေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်းပွဲသို့ ဘီးတပ်ကုလားထိုင်ဖြင့် တက်ရောက်ခဲ့သည်။

သူရဦးတင်ဦး ဆေးရုံတက် နေစဉ် နိုင်ငံတော်သမ္မတ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါ အဝင် နိုင်ငံရေးအသိုင်းအဝိုင်း၊ တပ်မတော်အသိုင်းအဝိုင်းနှင့် သံ တမန်အသိုင်းအဝိုင်းမှ ဧည့်သည် များ လာရောက်တွေ့ဆုံအားပေး ခဲ့သည်။

=====================
251/ End