အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မတရားအသင်း ဆက် သွယ်မှုအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ရှစ်လကျော်ကြာ ဖမ်းဆီးအ ရေးယူခံထားရသည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကချင်ပြည်နယ် မိုးမောက်မြို့နယ် တရားရုံးက အမှုမမြောက်ဟု ဆို ကာ စက်တင်ဘာ ၁ ရက်တွင် စီ ရင်ချက်ချမှတ်၍ တရားသေလွှတ် ပေးခဲ့သည်။
‘‘ရှစ်လကျွန်တော့်ကို ချုပ် ထားတာကို နစ်နာတယ်။ ဘာညာ မျိုးလည်း မသတ်မှတ်ချင်တော့ပါ ဘူး။ တိုင်းပြည် ငြိမ်းချမ်းရေးအ တွက် အာဃာတတရားကိုလည်း မထားချင်ဘူး’’ဟု လွတ်မြောက် လာသည့် ဦးမင်းဌေးက ပြော သည်။ ၎င်းအနေဖြင့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များတွင် ဆက်လက် ပါဝင် ဆောင်ရွက်မည်ဟု ဆို သည်။
ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကချင်လက်နက် ကိုင်အဖွဲ့ (KIA) နှင့်ဆက်သွယ် သည်ဆိုကာ မြစ်ကြီးနား-လွယ် ဂျယ်လမ်းမ၌ ဖမ်းဆီးပြီး တပ်မ တော်အရာရှိတစ်ဦးက တရားလို ပြုတရားစွဲဆိုခဲ့သည်။
‘‘ကျွန်မတို့ကြည့်ရတဲ့ အနေ အထားအရတော့ တရားရုံးက တ ကယ်ပဲ သူ့ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တယ်လို့ ယုံကြည်တယ် ပေါ့။ တရားရုံးကတော့ ကိုမင်း ဌေးကိုစွဲထားတဲ့ အမှုတွေက အမှု မမြောက်ဘူးပေါ့နော်။ အဲဒါ တရားသေ လွှတ်လိုက်တာပါပဲ’’ ဟု ဦးမင်းဌေး၏ ဇနီးဒေါ်နန်းယဉ် က ပြောသည်။
ဦးမင်းဌေးအနေဖြင့် အပြစ် မရှိဘဲ ရှစ်လကျော် အကျဉ်းကျခဲ့ ခြင်းသည် မဖြစ်သင့်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက် လက်ဆောင်ရွက်ရာတွင် တစ် ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည် ဆောက်နိုင်ရန် သည်းခံမှုများ ထားရမည်ဟု ၎င်းကဆိုသည်။
ဦးမင်းဌေးကို (၂၅) ကြိမ် ရုံးထုတ် စစ်ဆေးပြီးနောက် တရားရုံးက အပြစ်မရှိဟု ဆုံးဖြတ် ခဲ့သည်။ ဦးမင်းဌေး၏ ရုံးချိန်းသို့ ABSDF ဥက္ကဋ္ဌဦးသံခဲ ကိုယ်တိုင် တရားရုံးသို့ သွားရောက်ထွက် ဆိုပြီး အစိုးရနှင့် ABSDF တို့အကြား ပြည်နယ်အဆင့်၊ ပြည် ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သ ဘောတူစာချုပ်ချုပ် ဆိုထားမှုများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက် မှတ်ရေးထိုး ထားမှုအပေါ် အခြေ ခံ၍ ဦးမင်းဌေးလွတ်မြောက်ရေး ကြိုးစားခဲ့သည်။
ဦးမင်းဌေး ပြန်လည်လွတ် မြောက်လာမှုအပေါ် ဝမ်းသာ ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း (AAPP) မှ ဦးဘိုကြည်က ပြောသည်။
‘‘တရားဥပဒေစိုးမိုးတဲ့ နိုင်ငံ မှာ ဆိုရင်တော့ ဒီလူတွေဟာအစ ကတည်းက အဖမ်းမခံရသင့်သူ တွေပါ။ ဒီအကြောင်းနဲ့ ပတ်သက် ပြီး စဉ်းစားမိတာသူတို့တွေ အခု လို အဖမ်းခံခဲ့ရတဲ့အတွက် နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ တ ကယ်ဆိုရင် အစိုးရက သူတို့ကို နစ်နာကြေး တစ်ခုခုစဉ်းစားပေး သင့်တယ်။ နစ်နာကြေးဆိုတာ မှာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ စိုးရိမ်ရ မှုတွေ၊ အချုပ်ခန်းထဲမှာနေခဲ့ရတဲ့ အတွက် ဆုံးရှုံးသွားခဲ့ရတဲ့ နိုင်ငံ သားအခွင့်အရေးတွေ၊ သူ့မိသား စုရဲ့ စိုးရိမ်ပူပန်ရမှုတွေ၊ ကုန်ကျ ရတဲ့ငွေကြေးတွေ အစရှိသဖြင့် အများကြီးပါ။ ဒါတွေအတွက် နိုင်ငံတော်က တစ်ခုခုပြန် လုပ်ပေး ရမယ်ဆိုတဲ့ ဥပဒေနဲ့ ယဉ်ကျေးမှု တစ်ခုတော့ရှိဖို့ လိုအပ်နေပါ တယ်’’ဟု ဦးဘိုကြည်က ဆို သည်။
ဦးမင်းဌေးကို တရားရုံးက တရားသေ လွှတ်ပေးသည့်နေ့ တွင်ပင် ပုဒ်မ ၁၇ (၁) အပါအဝင် ပုဒ်မ အသီးသီးဖြင့် တပ်မတော်က တရားစွဲဆိုထားည့် သတင်းသမား ခြောက်ဦးနှင့် လူပုဂ္ဂိုလ်နှစ်ဦးကို တပ်မတော်က အမှုကျေအေး၍ ရုပ်သိမ်းပေးခဲ့သည်။
=====================
251/ End
၂ စက်တင်ဘာ ၂၀၁၇ - ၁၇:၅၅
News ID: 852030
မတရားအသင်း ဆက် သွယ်မှုအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ရှစ်လကျော်ကြာ ဖမ်းဆီးအ ရေးယူခံထားရသည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကချင်ပြည်နယ် မိုးမောက်မြို့နယ် တရားရုံးက အမှုမမြောက်ဟု ဆို ကာ စက်တင်ဘာ ၁ ရက်တွင် စီ ရင်ချက်ချမှတ်၍ တရားသေလွှတ် ပေးခဲ့သည်။