အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကာဂျစ္စတန်နိုင်ငံတွင် ယှဉ်ပြိုင်မည့် အာရှ ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာ့လက် ရွေးစင်အသင်းနှင့် ကာဂျစ္စတန်အသင်းတို့ပွဲကို လုံခြုံ ရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
ယင်းပွဲကို စက်တင်ဘာ ၅ ရက် (ယနေ့)တွင် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကပ်မြို့ ဒိုလန်အိုယူဇာကော့ ကွင်း၌ ကျင်းပမည်ဖြစ်သော်လည်း လုံခြုံရေးအခြေ အနေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ကြောင်းနှင့် ပြန်လည် ကျင်းပမည့် ရက်၊ အချိန်နှင့် နေရာတို့ကို အာရှဘော လုံးအဖွဲ့ချုပ်က ပြန်လည်ရေးဆွဲထုတ်ပြန်မည်ဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာဂျစ္စတန်ဘောလုံးအဖွဲ့ ချုပ်အနေဖြင့် လုံခြုံရေးစိတ်ချရ ခြင်းမရှိသဖြင့် အဆိုပါပွဲစဉ်ကို ရက်ရွှေ့ပေးရန် အာရှဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့အား မေတ္တာရပ်ခံ တောင်းဆိုခဲ့ရာ သဘောတူခွင့်ပြုခဲ့သဖြင့် ပွဲရွှေ့ခဲ့ကြောင်းဆိုသည်။ ယင်းပွဲရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ပြီးနောက် ဧည့်သည်မြန်မာအသင်းသည် စက်တင်ဘာ ၄ ရက်တွင်ပင် ကာဂျစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ခဲ့သည်။
ရခိုင်ပြည်နယ်မှ ဖြစ်ရပ်များ နှင့်ပတ်သက်၍ ကာဂျစ္စတန်နိုင်ငံ တွင် ဆန္ဒပြမှုနှင့် အကြမ်းဖက်မှု များဖြစ်ပေါ်လာနိုင်သဖြင့် ၀န်ကြီးချုပ် ဆာပါအီဇာကော့ဇ်၏ ဆုံးဖြတ်ချက်အရ ယင်းပွဲကို ရွှေ့ ဆိုင်းခဲ့ကြောင်း ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနအား ဖြေကြားသည်။ အဆိုပါပွဲကို အခြားနိုင်ငံတွင် ပြန်လည်ကျင်းပနိုင် ကြောင်း ကာဂျစ္စတန်ဘောလုံးအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူတန်နော့ဗ်က ဆို သည်။
၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စု (က) ပွဲစဉ်နှစ်ပွဲ ပြီးဆုံးချိန် တွင် မြန်မာအသင်းနှင့် ကာဂျစ္စ တန်အသင်းတို့သည် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် သုံးမှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်အသာရရှိထားသည့် မြန်မာအသင်းက ဒုတိယ၊ ကာဂျစ္စတန်အသင်းက တတိယနေရာ၌ အသီးသီးရပ်တည်နေသည်။ ယင်းအုပ်စုနှစ်ပွဲအပြီးတွင် နှစ်ပွဲစလုံးအနိုင်ရရှိထားသည့် အိန္ဒိယအသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုကို ဦးဆောင်ထားသည်။
=====================
251/ End
ကာဂျစ္စတန်နှင့် မြန်မာဘောလုံးပွဲ လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်း အဆိုပါပွဲကို အခြားနိုင်ငံတွင် ပြန်လည်ကျင်းပနိုင်ကြောင်း ကာဂျ
၄ စက်တင်ဘာ ၂၀၁၇ - ၁၆:၂၁
News ID: 852385
ကာဂျစ္စတန်နိုင်ငံတွင် ယှဉ်ပြိုင်မည့် အာရှ ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာ့လက် ရွေးစင်အသင်းနှင့် ကာဂျစ္စတန်အသင်းတို့ပွဲကို လုံခြုံ ရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။