အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ မွတ်စလင်မ် များ ကို သတ်ဖြတ်နေမှု အတွက် ရှုတ်ချ ဆန္ဒပြ ပွဲ အား အီရန်အစ္စလာမ်မစ် သမ္မတ အီရန် နိုင်ငံ ၏ ကွမ်းမြို့တွင် ဟဇရသ် ဖွာသွေမာ မအ်စူမာ (စ.အ) ၏ ရောင်ဇာတော်တွင် ကျင်းပမည် ဖြစ်ပါတယ်။ ဤ ရှုတ်ချ ဆန္ဒပြ ပွဲသည် မြန်မာနိုင်ငံ ရှိ ဗုဒ္ဓဘာသာဝင်များ ကို ပြစ်တင် ရှုတ်ချ သည့် ဆန္ဒပြ ပွဲမဟုတ်ပါ။ အစွန်းရောက်အကြမ်းဖက် ပြီး ဗုဒ္ဓဘာသာဝင်များအမည်ဖြင့် မွတ်စလင်မ် များကို လူမဆန်စွာ သတ်ဖြတ်နေမှုကို ဆန့်ကျင် ဆန္ဒပြသည့် အစီအစဉ်ဖြစ်ပါတယ်။ တနည်းအား ဖြင့်လူသားချင်းစာနာသည့်အတွက် ကျင်းပခြင်း ဖြစ်ပါတယ်။
ဤအစီအစဉ်ကို စက်တင်ဘာလ ၇ ရက်နေ့ ည မဂ်ရိဗ် နှင့်အေရှာနမာဇ်အပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ဤအစီအစဉ်တွင် သာသနာ့ပညာရှင်များ ၊ ဇေယာရသ်ပြုသူများ အခြား လူအဖွဲ့အစည်း များ ပါဝင်နေရာယူကြမည် ဖြစ်ပါတယ် ။
===================
251/End
၇ စက်တင်ဘာ ၂၀၁၇ - ၁၉:၂၂
News ID: 852947