၉ စက်တင်ဘာ ၂၀၁၇ - ၁၇:၅၀
ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးရွှေမောင်ကို အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ် တရားစွဲ ဦးရွှေမောင်မှာ ပါတီနှင့် မသက်ဆိုင်တော့ဟု ပါတီပြောရေ

အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲခံထားရ သည့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော် အမတ်ဟောင်း ဦးရွှေမောင်ကို ပါ တီက ထုတ်ပယ်ထားပြီးဖြစ်သဖြင့် ပါတီနှင့်လုံးဝမသက်ဆိုင်တော့ ကြောင်း ယင်းပါတီ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲခံထားရ သည့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော် အမတ်ဟောင်း ဦးရွှေမောင်ကို ပါ တီက ထုတ်ပယ်ထားပြီးဖြစ်သဖြင့် ပါတီနှင့်လုံးဝမသက်ဆိုင်တော့ ကြောင်း ယင်းပါတီ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ဦးရွှေမောင်သည့် ဘင်္ဂါလီ အကြမ်းဖက်သမားများအား အား ပေးလှုံ့ဆော်သည့် ဗီဒီယိုဖိုင် များကို လူမှုကွန်ရက်ပေါ်တွင် ဖော်ပြသဖြင့်   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရား စွဲခြင်း ဖြစ်သည်။

‘‘သူ့ကိုလွန်ခဲ့တဲ့ ၂၀၁၅ သြဂုတ် ၃၁ ရက်နေ့ကတည်းက ပါတီက ထုတ်ပယ်ပြီးသားပါ။ လက်ရှိမှာ ဦးရွှေမောင်သည် ကျွန် တော်တို့ပါတီနဲ့ လုံးဝဆက်စပ်မှု မရှိဘူး’’ဟု ဒေါက်တာနန္ဒာလှမြင့် က ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက သတ်မှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း များကို ချိုးဖောက်သဖြင့် ဦးရွှေ မောင်ကိုပါတီဗဟိုကော်မတီဆုံး ဖြတ်ချက်အရ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်း ရွှေကပြောသည်။

ဦးရွှေမောင်ကို ဘူးသီး တောင်မြို့မရဲစခန်း စခန်းမှူးရဲမှူး သောင်းကြွယ်က တရားလိုပြုလုပ် ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ဖြင့် စက်တင်ဘာ ၁ ရက်က ဘူးသီးတောင်မြို့မရဲ စခန်းတွင် အမှုဖွင့်ခဲ့သည်။

ဦးရွှေမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီက ၀င်ရောက်ရွေးချယ်ခံပြီး အနိုင်ရရှိကာ ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦး ဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲခံထားရ သည့် ဦးရွှေမောင်သည် နိုင်ငံတ ကာအဖွဲ့အစည်းများနှင့် အဆက် အသွယ်ပြုလုပ်ပြီး   ရခိုင်ဒေသ တည်ငြိမ်မှု မရှိစေရန် သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်သဖြင့် ပါတီကထုတ်ပယ်ခြင်းဖြစ်ကြောင်း ဒေါက်တာစန်းရွှေကဆိုသည်။

‘‘သူက သွေးထိုးလှုံ့ဆော် တာတွေ လုပ်တယ်။ ဖေ့စ်ဘွတ်ခ် မှာရော။ သူ့ဆောင်ရွက်ချက်တွေ က ပါတီစည်းကမ်းနဲ့မညီလို့ ထုတ်လိုက်တာပါ’’ဟု ၎င်းကဆို သည်။

ဦးရွှေမောင်ကို အကြမ်းဖက် မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အပေါ်   ဒေါက် တာစန်းရွှေက ‘‘အကြမ်းဖက်မှု မှာ သူကနောက်ကွယ်က လုပ် ဆောင်နေတယ်လို့ သိကြတာပေါ့ နော်။ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ ရိုဟင် ဂျာဆိုတဲ့ အသုံးအနှုန်းကိုသုံးပြီး တော့ သူကအားပေးအားမြှောက် လှုံ့ဆော်တယ်ဆိုတဲ့ သဘောပါ နေပါတယ်ခင်ဗျာ’’ ဟု မှတ်ချက် ပြုသည်။  

ဦးရွှေမောင်သည် ၂၀၁၇ သြဂုတ် ၂၅ ရက်က စတင်ခဲ့သော မောင်တောဒေသအကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ တွင် အပြစ်မဲ့သူများအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အ ကြမ်းဖက်မှုများနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ထံ အထူး မေတ္တာရပ်ခံချက်အပါအ၀င် ရို ဟင်ဂျာအရေးကို အစဉ်တစိုက် တိုက်တွန်းရေးသားခဲ့သည်။ လက်ရှိ၌ ၎င်းသည် Arakan Institute For Peace & Develop -ment (AiPAD)  ဥက္ကဋ္ဌအဖြစ် အမေရိကန်ပြည်ထောင်စု တက္က ဆက်ပြည်နယ်သို့  ရောက်ရှိနေ ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်ပေ့ခ်ျ ၌ ဖော်ပြထားသည်။

အဆိုပါ အမှုဖွင့်ချက်ကို ဘူး သီးတောင်မြို့မရဲစခန်းကတစ်ဆင့် ရခိုင်ပြည်နယ် မှုခင်းတပ်ဖွဲ့ကို လွှဲ ပြောင်းထားပြီး မှုခင်းတပ်ဖွဲ့က စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ရဲမှူးသောင်းကြွယ်က ဆိုသည်။

‘‘ပြစ်မှုကျူးလွန်ဖို့ အားပေး လှုံ့ဆော်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာ မှာ ကြံရာပါအဖြစ် ပူးပေါင်းပါ ၀င်ခဲ့တဲ့အတွက် တရားစွဲတာပါ’’ ဟု ၎င်းကပြောပြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများပြုလုပ်နေသည့် အ ကြမ်းဖက်အဖွဲ့အစည်းများအပါ အ၀င် ယင်းအကြမ်းဖက်အဖွဲ့အ စည်းများနှင့် ဆက်စပ်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပ ဒေအရ အရေးယူမည်ဟု နိုင်ငံ တော်အတိုင်ပင်ခံရုံးက ထုတ်ပြန် ထားသည်။

အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေကို ပြီးခဲ့သည့် ၂၀၁၄ ဇွန်လတွင် ပြည်ထောင်စုလွှတ် တော်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀ အရ အနည်း ဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် အများ ဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့်အပြင်   ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

အကြမ်းဖက်မှုကို ကျူးလွန် သူ၊ ကျူးလွန်ရန်အားထုတ်သူ၊ အားပေးကူညီသူ၊ လှုံ့ဆော်သူ (သို့မဟုတ်) ကြံရာပါအဖြစ် ဆောင်ရွက်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေး ယူနိုင်ကြောင်း ဥပဒေတွင် ဖော် ပြထားသည်။

လက်ရှိ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်အတွက် တာဝန်ရှိသော ARSA အကြမ်း ဖက်သမားများကို တားဆီးနှိမ်နင်း ရေး အကြမ်းဖက်တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7DayDaily  သတင်းစာအား ပြောထား သည်။

အကြမ်းဖက်အဖွဲ့အစည်း များ၊ အကြမ်းဖက်သမားများကို တားဆီးနှိမ်နင်းရေး အကြမ်းဖက် တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်   နိုင်ငံများနှင့်လည်း ကောင်း၊  ဒေသဆိုင်ရာအဖွဲ့ဝင် နိုင်ငံများနှင့်လည်းကောင်း နိုင်ငံ အချင်းချင်း အကူအညီပေးရေး နှင့် စပ်လျဉ်း၍ တည်ဆဲပြစ်မှုဆိုင် ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်း ချင်းအကူအညီပေးရေး ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်သည်ဟု အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၌ ပါရှိသည်။

=====================
251/ End