အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သယံဇာတဆိုင်ရာခိုးမှုများ လိုက်ပါဆောင်ရွက်ရာတွင် ထိ ရောက်သည့်ပြစ်ဒဏ်ရရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဥပ ဒေချုပ်ရုံးတွင် စက်တင်ဘာ ၈ ရက်က ကျင်းပသည့် ပြည်ထောင်စု ရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှဥပဒေချုပ်များ၊ ဥပဒေအရာရှိများ တတိယအ ကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအ ဝေး ထပ်ဆင့်ရှင်းလင်းပွဲ၌ ၎င်း ကပြောကြားသည်။
‘‘စစ်ကိုင်းတိုင်းအတွင်း သ ယံဇာတခိုးယူမှုများ၊ သစ်တော အမှုများ၊ သတ္တုတွင်းအမှုများ လိုက်ပါဆောင်ရွက်ရာမှာ နောင် ကြဉ်ဟန့်တားလောက်တဲ့ ပြစ် ဒဏ်ရရှိရေး အလေးထားဆောင် ရွက်ကြပါ’’ ဟု ဒေါက်တာမြင့်နိုင် ကပြောသည်။
အဆိုပါအမှုများတွင် ပြစ်မှု နှင့် ပြစ်ဒဏ်မျှတမှုမရှိလျှင်သော် လည်းကောင်း၊ အသုံးပြုယာဉ်၊ ပစ္စည်းများကို အကျိုးအကြောင်း ဆီလျော်မှုမရှိဘဲ ပိုင်ရှင်ထံပြန်ပေးစေရန် အမိန့်ချမှတ်ထားလျှင် သော်လည်းကောင်း၊ တရားခံကို လွှတ်လျှင်သော်လည်းကောင်း ပြင်ဆင်မှု၊ အယူခံမှုများ တင်သွင်းရန် ဝန်ကြီးချုပ်က ပြောသည်။ယင်းကိစ္စကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒတစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရန် ဒေါက်တာမြင့်နိုင်က တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများအား မှာကြားခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ ဥပဒေအရာရှိ ဦးသန့်စင်က‘‘သတ္တုခိုးတဲ့အမှုတွေမှာလည်း ထိထိ ရောက်ရောက်လုပ်နေပါတယ်။ ဒီလူတွေကို ထိထိရောက်ရောက် အပြစ်ပေးတာတင် မကပါဘူး။ သူတို့အသုံးပြုတဲ့ ယာဉ်၊ ပစ္စည်းတွေ ကို နိုင်ငံဘဏ္ဍာ သိမ်းလို့ရအောင် ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် ဆောင်ရွက်နေပါတယ်’’ ဟု ပြောသည်။ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ ဥပဒေချုပ်များသည် သက် ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ဖြစ်ကြောင်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဥပဒေချုပ်အောက်ရှိ ဥပဒေအရာ ရှိများသည် သက်ဆိုင်ရာ အစိုးရ အဖွဲ့၏ ဥပဒေဆိုင်ရာ ကိစ္စရပ် များကို အစိုးရရှေ့နေအဖြစ်လိုက် ပါဆောင်ရွက်ရသည်။
=====================
251/ End
၉ စက်တင်ဘာ ၂၀၁၇ - ၁၈:၄၁
News ID: 853262
သယံဇာတဆိုင်ရာခိုးမှုများ လိုက်ပါဆောင်ရွက်ရာတွင် ထိ ရောက်သည့်ပြစ်ဒဏ်ရရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။