အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ။ ။ တောင်တွင်းကြီး မြို့ ၌ ပဋိပက္ခ ဖြစ်စဉ်ဆန်ဆန် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်သူများကို ထိထိရောက်ရောက်အရေးယူရန်ပြင်ဆင်နေသည်ဟု အစိုးရက ညတွင်းချင်း သတင်းထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ "ယနေ့ည ၇နာရီ ၄၅ ခနု့်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျောက် ဆိုင်များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်သွားသည်" ဟု အစိုးရမှ ထုတ်ပြန်သည်။
အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ခရိုင်ရဲမှူးကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
"ည ၇နာရီကျော်လောက်က လူအုပ်စု တဖြည်းဖြည်းများလာတယ် အနီးနား သွားမကြည့်ရဲဘူး။ ပြောသံကြားရတာကတော့ အစ္စလာမ်ဆိုင်တွေ ခဲနဲ့ပေါက်ခံရတယ် ။ ဗလီနား စုစု စုစု ဖြစ်လာတော့ မကြာခင် လုံခြုံရေးတွေ ရောက်လာတယ်။ အကြီးအကျယ်တော့ ဘာမှမဖြစ်ပါဘူး" ဟု တောင်တွင်းကြီးမြို့ခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
ယင်းအပြင် သွေးထိုးလှုံ့ဆော်မှုများ၊ အဓိကရုဏ်းဖန်တီးသူများအား ထိထိရောက်ရောက် အရေးယူသွားမည်ဟု အစိုးရမှ ထုတ်ပြန်ထားသည့်အတွက် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် သတိပေးထားသည်။
လက်ရှိတွင် တောင်တွင်းကြီးမြို့အခြေအနေ စိုးရိမ်ရန်မရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
=====================
251/ End
၁၁ စက်တင်ဘာ ၂၀၁၇ - ၁၄:၂၇
News ID: 853591
ရန်ကုန် ၊ စက်တင်ဘာ ၁၀ ။ ။ တောင်တွင်းကြီး မြို့ ၌ ပဋိပက္ခ ဖြစ်စဉ်ဆန်ဆန် ကိစ္စရပ်နှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်သူများကို ထိထိရောက်ရောက်အရေးယူရန်ပြင်ဆင်နေသည်ဟု အစိုးရက ညတွင်းချင်း သတင်းထုတ်ပြန်လိုက်သည်။