အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသော ဘူးသီးတောင်ဒေသခံ ၅၀၀ ခန့်ကို နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဘူးသီးတောင်မြို့နယ် သရဖီကျေးရွာရှိ ဒေသခံ တိုင်းရင်းသားများသည် ကယ်ဆယ်ရေးစခန်း၌ ခိုလှုံနေရာမှ နေရပ်သို့ပြန်ရန် ဆန္ဒရှိကြ၍ စက်တင် ဘာ ၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ် လမ်းကြောင်းလုံခြုံရေးလိုက်ပါလျက် ပြန်လည်ပို့ ဆောင်ပေးခဲ့ရာ စုစုပေါင်း ၂၂၂ ဦးရှိကြောင်း တပ်မ တော်က သတင်းထုတ်ပြန်သည်။
အလားတူ စက်တင်ဘာ ၈ ရက်ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာမှ ဒေသခံ တိုင်းရင်းသား ၂၇၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လိုက်ပါလျက် ၎င်းတို့၏နေရပ်သို့ ပြန်လည် ကူညီပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဘူးသီးတောင်မြို့သို့ ရောက် ရှိနေသော လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ‘‘ကယ် ဆယ်ရေးစခန်းနဲ့ နီးတဲ့ကျေးရွာ တွေက ဒေသခံတွေ ပြန်နေကြပြီ။ သူတို့ပြန်ကြပေမယ့် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဆက် လုပ်သွားမယ်’’ဟု ပြောသည်။
နေရပ်ပြန်ကြသည့် လူဦးရေ စာရင်းကို စိစစ်နေဆဲဖြစ်ကြောင်း မောင်တောခရိုင် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦး စီးဌာန ဦးစီးမှူး ဦးမောင်မောင်ကြီး က ပြောသည်။
အစိုးရ သတင်းထုတ်ပြန် ချက်များအရ သြဂုတ် ၂၅ ရက်က စတင်ခဲ့သည့် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် စက်တင်ဘာ ၅ ရက်အထိ ပြည် တွင်းနေရပ်စွန့်ခွာသူ တိုင်းရင်း သား နှစ်သောင်းခြောက်ထောင် ကျော်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် (၃၁) မှ (၃၅) အကြားတွင် ယာယီတဲများဖြင့် နေထိုင်သူ သုံးသောင်းကျော်ရှိသည်။
ARSA အစွန်းရောက် အ ကြမ်းဖက်သမားများ၏ အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာသူများအနေဖြင့် မောင် တောမြို့နယ်အတွင်း ဖွင့်လှစ် ထားသည့် ယာယီစခန်းခုနစ်ခုအ နက် အနီးဆုံးစခန်းသို့ သွားရောက်စုစည်းရန် အစိုးရသတင်းထုတ် ပြန်ရေးကော်မတီက စက်တင်ဘာ ၈ ရက်တွင် အသိပေးချက်ထုတ် ပြန်ထားသည်။
နေရာအနှံ့ပြန့်ကျဲနေသော နေရပ်စွန့်ခွာသူများအား လူသား ချင်းစာနာထောက်ထားမှုအကူအ ညီများ၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် လုံခြုံဘေးကင်းမှုများဆောင် ရွက်ပေးရာတွင် ကြက်ခြေနီလှုပ် ရှားမှု (Red Cross Movement-RCM)ဖြင့် ဆောင်ရွက်မည် ဖြစ် သည်။
=====================
251/ End
၁၁ စက်တင်ဘာ ၂၀၁၇ - ၁၄:၅၈
News ID: 853603
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရသော ဘူးသီးတောင်ဒေသခံ ၅၀၀ ခန့်ကို နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။