အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု ဖြစ်စဉ်၌ အဓိက အားနည်းချက်နှစ်ချက်ကို ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က စက် တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြော ကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ဆောင်ရွက်ရာတွင် NCA အပေါ် နားလည်မှုနည်းပါးခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၏ အားနည်းချက်များ ကြုံတွေ့နေရ ကြောင်း ၎င်းကပြောသည်။
‘‘FPNCC ပဲဖြစ်စေ၊ UNFC ပဲဖြစ်စေ၊ ကျွန်တော်တို့လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့PPSTပဲဖြစ်စေ သဘောထားတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီနိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ပြုပြင်စေချင်ကြတဲ့အချက်တွေက ရှိပါ တယ်။ ဒီမူဘောင်ကို ပြုပြင်နိုင် မယ်ဆိုရင်တော့ နောက်ထပ် လက်မှတ်ထိုးမယ့်အဖွဲ့တွေလည်း ပိုမိုများပြားလာနိုင်သလို ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကလည်း ပိုမို ပြီးတော့ ချောမွေ့လာမယ်လို့ ယုံ ကြည်ပါတယ်’’ဟု ဒုတိယဗိုလ် ချုပ်ကြီး ယွက်ဆစ်က ပြောသည်။
FPNCC သည် မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ ဖြစ်သည်။
RCSS အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ပါ အချက် များမှ ပါဝင်ခွင့်ရှိသည့် အစုအဖွဲ့၊ ၂၁ ရာစုပင်လုံတွင် ဆွေးနွေးရ သည့် အကြောင်းအရာခေါင်းစဉ် များ၊ ပြည်ထောင်စုသဘောတူညီ စာချုပ် အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြောင်း ဆုံးဖြတ်ခွင့်နှင့် စာချုပ်၌ ထည့်သွင်းမည့် အချက်များကို သဘောတူ ကြောင်း လက်မှတ်ရေးထိုးရာတွင် သက်ဆိုင်ရာအစုအဖွဲ့၏ ကိုယ် စားလှယ်တစ်ဦးကသာ လက် မှတ်ရေးထိုးစေခြင်း စသည့် အချက်တို့ကို ပြင်ဆင်လိုကြောင်း RCSS အတွင်းရေးမှူး (၃) ဒုတိယဗိုလ်မှူးကြီးစိုင်းငင်းက ရှင်းပြသည်။
‘‘ဥပမာ ကျွန်တော်တို့ EAOs က ရှစ်ဖွဲ့ရှိတယ်ဆိုရင် အဲဒီရှစ်ဖွဲ့ စလုံးက ပြီးခဲ့တဲ့ ညီလာခံမှာ အဖွဲ့ ခေါင်းဆောင်ပဒိုစော ကွယ်ထူးဝင်း က ကိုယ်စားပြုထိုးခဲ့တဲ့ အနေ အထားပေါ့။ ကျွန်တော်တို့က အဲဒါကို ပြင်စေချင်တယ်။ ရှစ်ဖွဲ့ ရှိတဲ့အတွက် ရှစ်ဖွဲ့စလုံးထိုးပါ။ သဘောမတူလို့ မထိုးနိုင်ရင်လည်း မထိုးနဲ့ဆိုတဲ့ သဘောပေါ့’’ဟုဒုဗိုလ်မှူးကြီးစိုင်းငင်းက ရှင်းပြသည်။
ဆက်လက်၍‘‘နောက်တစ် ချက်ကလည်း အကယ်၍ ဒီစာ ချုပ်က ပြည့်စုံတဲ့စာချုပ်တွေ ရလာပြီဆိုပါက အကောင်အထည် ဖော်တဲ့အပိုင်းမှာ မူဘောင်ထဲမှာ သူရေးထားတာက အစိုးရနဲ့ လွှတ် တော်ပဲ တာဝန်ရှိတယ်။ ကျွန် တော်တို့က လုံးဝပျောက်နေ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့က အကောင်အထည်ဖော်တဲ့ အပိုင်းမှာလည်း ကျွန်တော်တို့ EAOs တွေ ပါဝင်စေချင်တယ်ဆို တဲ့ အနေအထားပေါ့နော်’’ဟု ၎င်း က ရှင်းပြသည်။
ထို့အပြင် NLD အစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်နေခြင်းနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု တွင် အပြည်ပြည်ဆိုင်ရာကကူညီ လိုခြင်း စသည့် အားသာချက်များ ရှိသော်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစု ကြည်၏ လုပ်ဆောင်ချက်များကို ကျေနပ်အားရမှု မရှိသေးဟု ဒုတိ ယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။
‘‘ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အ ခက်အခဲတွေကိုလည်း နားလည် ပါတယ်’’ဟု ၎င်းကဆိုသည်။
အစိုးရသစ်လက်ထက်တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ ပါ ဝင်သည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို နှစ်ကြိမ်ကျင်းပ ပြီးဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌတို့သည် အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအဖြစ် စက် တင်ဘာ ၁၁ ရက်က နေပြည် တော်၌ တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးထားသည်။ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ချိန်တိုတောင်းသော်လည်း ယုံကြည်မှုတည်ဆောက်ရေး အားရကျေနပ်မှုရှိသည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။ စက်တင်ဘာ ၁၀ ရက်က စတင်ခဲ့သော RCSS ကိုယ်စား လှယ်အဖွဲ့၏ နေပြည်တော်နှင့် ရန်ကုန်ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သာမကဒုတိယတပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊နိုင်ငံတကာသံတမန်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးထားသည်။
RCSS သည် ထိုင်းနယ်စပ် လွယ်တိုင်းလျန်ဒေသတွင် ဗဟို ဌာနချုပ်တည်ရှိပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ်(NCA) ကိုလည်း လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
========================
251 / End
၁၆ စက်တင်ဘာ ၂၀၁၇ - ၁၈:၂၀
News ID: 854628
အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု ဖြစ်စဉ်၌ အဓိက အားနည်းချက်နှစ်ချက်ကို ရှမ်း ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က စက် တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြော ကြားသည်။