၂၀ စက်တင်ဘာ ၂၀၁၇ - ၁၆:၅၆
ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စား

ကုန်ထုတ်လုပ်ရေးနှင့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စိတ်ဝင်စားနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုန်ထုတ်လုပ်ရေးနှင့် ဆောက် လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စိတ်ဝင်စားနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောကြားသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များ ညီလာခံသို့ တက် ရောက်လာသည့် တရုတ်စီးပွား ရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ တွင် စီးပွားရေးလုပ်ကိုင်ရန် အ ထက်ပါကဏ္ဍကို ပိုမိုစိတ်ဝင်စား
နေသည်ဟု ပြောကြားကြောင်း ၎င်းကဆိုသည်။

၂နှစ်တစ်ကြိမ် ကျင်းပသည့် ကမ္ဘာ့တရုတ်ကုန်သည်များ ညီလာခံကျင်းပရန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့နှင့်အပြိုင် မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ရာ မြန်မာနိုင်ငံရန်ကုန်မြို့က မဲအသာဖြင့် အနိုင်ရခြင်းကြောင့် စက်တင်ဘာ ၁၆ ရက်တွင်ရန်ကုန်မြို့ရှိ Myanmar Convention Center(MCC)၌ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

‘‘တရုတ်က စီးပွားရေးသမား တွေက ကဏ္ဍအတော်များများမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေ တယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်း တွေမှာ ပိုမိုစိတ်ဝင်စားနေတယ်’’ ဟု ဦးဇော်မင်းဝင်းကပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ်ကိုအခြေခံသည့် တရုတ်စီးပွားရေးလုပ်ငန်းများသည် နာမည်ဆိုးများရှိသော်လည်း ထုတ် ကုန်ကဏ္ဍလုပ်ငန်းများ၊ အခြေခံအဆောက်အအုံကဏ္ဍ လုပ်ငန်းများ စသော အခြားစီးပွားရေးလုပ်ငန်းများ၌ တရုတ်လုပ်ငန်းရှင်၏ လုပ်ကိုင်မှုများ အဆင်ပြေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘တရုတ်ရင်းနှီးမြှုပ်နှံမှုကို လျှပ်စစ်နဲ့ လယ်ယာကဏ္ဍတွေမှာ ပါ လုပ်ကိုင်နိုင်ဖို့ အစိုးရအနေနဲ့ တိုက်တွန်းစေချင်တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

ကမ္ဘာ့တရုတ်ကုန်သည်များ ညီလာခံတွင် ဒုတိယသမ္မတဦးမြင့်ဆွေက တရုတ်စီးပွားရေးသမား များကို သီလဝါ၊ ထားဝယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် တို့၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ သည်။

စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ခရီးသွားလုပ်ငန်း၊ ကူးသန်းရောင်း ဝယ်ရေးနှင့် အခြားလုပ်ငန်းများ တွင် တရုတ်စီးပွားရေးသမားများ အား ရင်းနှီးမြှုပ်နှံရန် ဒုတိယ သမ္မတက ဖိတ်ခေါ်ခဲ့သည်။

ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံရာ၌ ယခင်ကဲ့သို့ နိုင်ငံသား၊ နိုင်ငံခြားသား ခွဲခြားမှုမရှိဘဲ အခွင့်အရေးတန်းတူပေးခြင်း၊ အလုပ်သမားရေးရာ လုပ်ထုံးလုပ်နည်းများ၊ အခွန်စနစ်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးကဏ္ဍ ပွင့်လင်းမြင်သာမှုတို့ကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ၂၀၁၆အောက်တိုဘာက အသစ်ပြဋ္ဌာန်းထားသည့် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်၍ ဒုတိယသမ္မတက ရှင်းပြခဲ့ကြောင်း သိရသည်။

‘‘အခုနောက်ပိုင်း တရုတ် စီးပွားရေးက ထုတ်ကုန်ကဏ္ဍကို ပြောင်းလာတယ်’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာ န ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး သန်းအောင်ကျော်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ငါးလအတွင်း မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ စီးပွားရေးသမားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကန်ဒေါ် လာ သန်း ၆၀၀ ကျော်ရှိပြီး ဒုတိယအများဆုံးဖြစ်သည်။ စင်ကာပူကကန်ဒေါ်လာ တစ်ဘီလီယံခွဲခန့်ဖြင့်အများဆုံး ရင်း နှီးမြှုပ်နှံထားသည်။

========================
251 / End