၂၃ စက်တင်ဘာ ၂၀၁၇ - ၁၆:၃၇
ရခိုင်ပြည်နယ်အရေး အချက် ၁၁ ချက် အမြန်အကောင်အထည်ဖော်ရန် ဆုံးဖြတ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူများပြန်လည်စိစစ်လက်ခံရေးအဖွဲ့ အမြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးသူများကို ပြန် လည်စိစစ်လက်ခံရေး အဖွဲ့အမြန် ဆုံးဖွဲ့ရန်နှင့်အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏အမည်စာရင်း ကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံ တကာရဲတပ်ဖွဲ့နှင့်ကုလသမဂ္ဂသို့ ပေးပို့ရန် အပါအ၀င်အချက် ၁၁ ချက်ကို အမြန်ဆုံးအကောင်အ ထည်ဖော်ရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဝင်များအား တိုက်တွန်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးသူများကို ပြန် လည်စိစစ်လက်ခံရေး အဖွဲ့အမြန် ဆုံးဖွဲ့ရန်နှင့်အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ၏အမည်စာရင်း ကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံ တကာရဲတပ်ဖွဲ့နှင့်ကုလသမဂ္ဂသို့ ပေးပို့ရန် အပါအ၀င်အချက် ၁၁ ချက်ကို အမြန်ဆုံးအကောင်အ ထည်ဖော်ရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီဝင်များအား တိုက်တွန်းသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြု ချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မ တီဝင်များသည် စက်တင်ဘာ ၂၂ ရက်တွင် နေပြည်တော်ရှိနိုင်ငံ တော်သမ္မတအိမ်တော်အစည်းအ ဝေးခန်းမ၌ အစည်းအဝေးပြုလုပ် ခဲ့သည်။ အစည်းအဝေးဆုံးဖြတ် ချက်များကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ရန် အ တိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

အစည်းအဝေးဆုံးဖြတ်ချက် ၁၁ ချက်

နေရပ်စွန့်ခွာတိမ်းရှောင်နေ ရသည့် ဒေသခံတိုင်းရင်းသားများ ကို ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက်စသည့်ဌာနေတိုင်း ရင်းသားများလည်း ပါဝင်လျက်ရှိ ရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများ ကိုပါ မပျောက်ပျက်အောင်ထိန်း သိမ်းထားနိုင်ရေးအတွက်ပါ ရည် ရွယ်၍ UN-Habitat-United Nations Human Settlements Programme ထံမှ အကြံဉာဏ် များရယူနိုင်ရေးဆောင်ရွက်သွား ရန်၊

ပြန်လည်လက်ခံမည့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူ များအား ၁၉၉၃ သဘောတူညီ ချက်ကိုအခြေခံ၍ စိစစ်မှုများစနစ် တကျဆောင်ရွက်ရန်နှင့် ပြန် လည်စိစစ်လက်ခံရေးအဖွဲ့တစ် ဖွဲ့ အမြန်ဆုံးဖွဲ့စည်းဆောင်ရွက် ရန်၊

ယာယီ နေရာချထားပြီး နောက် ပြန်လည်နေရာချထားရာ တွင် မူလကထက်ပိုမိုအဆင်ပြေ နိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ခြုံငုံပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဉာဏ် များရယူဆောင်ရွက်ရန်၊

မောင်တောဒေသအတွင်း လမ်းကွန်ရက်များစနစ်တကျရေး ဆွဲဆောင်ရွက်ရာတွင် လျှပ်စစ် ဓာတ်အားလိုင်းများ၊ ရေမြောင်း စနစ်များ၊ စာသင်ကျောင်း၊ ဆေး ရုံနှင့် ရဲကင်းစခန်းများစသည်တို့ ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုး ရေးနှင့် ယှဉ်တွဲဆောင်ရွက်ရန်၊

ARSA အကြမ်းဖက်သမား များ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံး နေသော ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေအမြန်ဆုံးသိရှိနိုင်ရန် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်၊

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်း တွင် အသက်မသေဘဲရောက်ရှိ နေသည်ဟု သတင်းထွက်ပေါ်နေ သော ဟိန္ဒူဘာသာဝင် အမျိုး သမီးခြောက်ဦးနှင့် ကလေးငယ် သုံးဦးတို့အား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီးဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့် လည်း ထပ်မံတောင်းခံသွားရန်၊

အကြမ်းဖက်မှုတွင်ပါဝင်သူ များအား အရေးယူနိုင်ရေးဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းရန်နှင့် အကြမ်းဖက်မှုတွင်ပါဝင်ခဲ့သူများ ၏ အမည်စာရင်းအား ဘင်္ဂလား ဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့ နှင့် ကုလသမဂ္ဂသို့ပေးပို့သွားရန်၊

နယ်ခြားဒေသလုံခြုံရေးဆိုင် ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေးနိုင်ရန် ဖိတ်ကြား ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင် မီ ရွှေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အား ထပ်မံဖိတ်ကြားရန်၊

ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ထဲ ရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ် တွင် ဘင်္ဂလားဒေ့ရှ်ရဲချုပ်လိုက်ပါ နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲချုပ်ကလည်း သီးခြားဖိတ် ကြားထားခဲ့ပြီး ထပ်မံဖိတ်ကြား ရန်နှင့် လာမည့်သီတင်းပတ်အ တွင်းမြန်မာနိုင်ငံရှိ သံတမန်များ အား မောင်တောဒေသသို့ ပို့ ဆောင်ပေးနိုင်ရေးအစီအမံများ ဆက်လက်ဆောင်ရွက်ရန်တို့ဖြစ် သည်။

အစည်းအဝေးဆုံးဖြတ်ချက် တွင် ပါဝင်သော ARSA အကြမ်း ဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာ ၀င် ၉၃ ဦး၏သတင်းကိုမောင် တောဒေသ တစ်ကျော့ပြန်တိုက် ခိုက်ခံရမှုအပြီး ပြည်တွင်း၊ ပြည်ပ သတင်းဌာနများက အစိုးရအစီအ စဉ်ဖြင့် ပထမဆုံးအကြိမ်သတင်း ယူခဲ့စဉ်ကပင် ကယ်ဆယ်ရေး စခန်းရောက် ဟိန္ဒူဘာသာဝင်များ က သတင်းထောက်များနှင့်တာ ၀န်ရှိသူများအား အသိပေးသော် လည်း ဒေသတွင်းတာဝန်ရှိသူများ က အတည်မပြုခဲ့ပေ။

နိုင်ငံတကာ သံတမန်များ လာမည့်တစ်ပတ်အတွင်း သွား ရောက်နိုင်ရန်စီစဉ်နေပြီး စက် တင်ဘာ ၂၂ ရက်တွင် ဂျပန်နိုင်ငံ မှ သံတမန်အဖွဲ့သွားရောက်လေ့ လာနေပြီဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

‘‘ဂျပန်အဖွဲ့ ဒီနေ့သွားတယ်။ ကျန်တာကတော့ သံတမန်တွေစု ပြီးသွားမှာ’’ ဟု ၎င်းကဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို စက်တင်ဘာ ၁၂ ရက်တွင် ဖွဲ့ စည်းခဲ့ပြီး ၁၈ ရက် မှ ၂၀ ရက်အတွင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များသို့ ကွင်းဆင်းလေ့လာခဲ့သည်။ ယင်းကော်မတီသည် စက်တင်ဘာ ၁၄ ရက်နှင့် ၂၁ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၈ ရက်တွင် တတိယအကြိမ် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။

‘‘၂၈ ရက်မှာ ပြန်စည်းဝေး ပြီး ဦးစားပေးလုပ်ငန်းစီမံချက်ဆို တာ ထွက်ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ စီမံချက်ပေါ်လာပြီး နိုင်ငံ တော်အကြီးအကဲတွေရဲ့ လမ်း ညွှန်ချက်တွေနဲ့ မဟာဗျူဟာစီမံ ချက်တွေကို စတင်လုပ်မယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

========================
251 / End