၂၆ စက်တင်ဘာ ၂၀၁၇ - ၁၅:၄၀
 ပြည်ထောင်စုအဆင့်လွှတ်တော်များ အောက်တိုဘာ ၁၇ ရက် ပြန်လည်ကျင်းပမည် ဖြည့်စွက်ဘတ်ဂျက်နှင့် ဥပဒေအချို့ ပြဋ္ဌာန်းရန်လျာထားဟုဆို

ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို လာ မည့် အောက်တိုဘာ ၁၇ ရက် တွင် ပြန်လည်စတင်ကျင်းပမည် ဖြစ်ကြောင်း ယင်းလွှတ်တော်အ သီးသီးက စက်တင်ဘာ ၂၅ ရက်၌ သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို လာ မည့် အောက်တိုဘာ ၁၇ ရက် တွင် ပြန်လည်စတင်ကျင်းပမည် ဖြစ်ကြောင်း ယင်းလွှတ်တော်အ သီးသီးက စက်တင်ဘာ ၂၅ ရက်၌ သတင်းထုတ်ပြန်သည်။

နေပြည်တော်ရှိ အထက်ပါ လွှတ်တော်သုံးရပ်ကို တစ်ရက် တည်းစတင်ကျင်းပရန် ခေါ်ယူ ထားပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကို ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင်လည်း ကောင်း စတင်မည်ဟု ကြေညာချက်၌ ဖော်ပြသည်။

ယခု ခေါ်ယူသည့် လွှတ် တော်အစည်းအဝေးများသည် ဒုတိယအကြိမ် လွှတ်တော်သက် တမ်းတွင် ဆဋ္ဌမပုံမှန်အစည်းအ ဝေးများအဖြစ်ခေါ်ယူခြင်းဖြစ်ပြီး ဖြည့်စွက် ဘတ်ဂျက်နှင့် ဥပဒေ အချို့ ပြဋ္ဌာန်းရန်လျာထား ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

‘‘အဓိကကတော့ လွှတ် တော်စစချင်း လွှတ်တော်ဖွင့်တာ နဲ့ RE ဘတ်ဂျက် (ဖြည့်စွက်ဘတ် ဂျက်) ပေါ့လေ။ ဆက်လုပ်ရမှာ တော့ အတည်မပြုတဲ့ ဥပဒေတွေ ရှိသေးတယ်။ ကုမ္ပဏီဥပဒေအ တည်ပြုဖို့ ရှိမယ်။ အဲဒါလုပ်ရမယ်။ နောက်ပြီး ပြီးခဲ့တဲ့လွှတ် တော်အစည်းအဝေးမှာ ကျန်တဲ့ ကိစ္စတွေဆက်လုပ်ရမယ်’’ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောသည်။

လာမည့်လွှတ်တော်အစည်း အဝေးအတွင်း ပြဋ္ဌာန်းနိုင်ရန် လျာထားသော ကုမ္ပဏီဥပဒေသည် မြန်မာ့စီးပွားရေးအတွက် အရေးပါပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လည်း ချိတ်ဆက်နေကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က မှတ်ချက်ပြုသည်။

ထို့အပြင် တောင်သူများနှင့် သက်ဆိုင်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဆိုင်ရာ ဥပဒေကို ပြန်လည်ကျင်းပမည့် လွှတ်တော်၌ ဆွေးနွေးအတည်ပြုရန် လျာထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ပဉ္စမပုံမှန်အစည်း အဝေးများကို သြဂုတ် ၃၁ ရက် တွင် ရပ်နားခဲ့ပြီး တစ်လခွဲကျော် အကြာ၌ ပြန်လည်ကျင်းပခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကာလ အတွင်း ဥပဒေသစ်ရှစ်ခု၊ ပြင်ဆင်သည့်ဥပဒေ ၁၁ ခု၊ ရုပ်သိမ်းသည့်ဥပဒေ တစ်ခု စုစုပေါင်း ဥပဒေ ၂၀ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော် ၌ ဥပဒေကြမ်း ၁၆ ခုကို အတည်ပြုနိုင်ခဲ့ပြီး အရေးကြီးအဆို နှစ်ခုအပါအ၀င် အဆို၂၃ ခု တင်သွင်းခဲ့သည်။ အမျိုးသားလွှတ်တော်၌လည်း ကြယ်ပွင့်ပြမေးခွန်း ၂၃၀ကျော်နှင့် ကြယ်ပွင့်မပြမေးခွန်း၂၀၀ကျော် မေးမြန်းခဲ့သည်။

နေပြည်တော်ရှိ ပဉ္စမပုံမှန် အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော်က ၂၁ ရက်၊ ပြည်သူ့လွှတ်တော်က ၅၄ ရက်နှင့် အမျိုးသားလွှတ်တော်က ၅၃ ရက် အသီးသီးခေါ်ယူကာ မေလ၁၈ ရက်မှ သြဂုတ် ၃၁ ရက်အထိ ကြာမြင့်ခဲ့သည်။

========================
251 / End