၁ အောက်တိုဘာ ၂၀၁၇ - ၁၆:၁၉
အမ်းတွင် ဆူပူရန်စည်းရုံးသူကို တရားရုံး၌ ဦးတိုက်တရားစွဲဆိုဟု ဝန်ကြီးချုပ်ပြော

အမ်းမြို့နယ်တွင် ဆူပူမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ပေးပါက လူတစ် ဦးလျှင် ကျပ်ငါးသိန်း ပေးမည်ဆိုကာ မကွေးတိုင်းအတွင်း စည်းရုံးခဲ့သူကို မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက် ထားကာ တရားစွဲခဲ့ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမ်းမြို့နယ်တွင် ဆူပူမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ပေးပါက လူတစ် ဦးလျှင် ကျပ်ငါးသိန်း ပေးမည်ဆိုကာ မကွေးတိုင်းအတွင်း စည်းရုံးခဲ့သူကို မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက် ထားကာ တရားစွဲခဲ့ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်း နယ်လုံဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်းပြီးမှသာ စည်းရုံးသူဟု ဆိုသူ အသက် (၆၀)နှစ်ခန့်ရှိ မကွေးမြို့ခံ အမျိုးသားတစ်ဦးကို တရားစွဲဆိုပြီး အဆိုပါအမှုကို မကွေးခရိုင်တရားရုံးက လက်ခံခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် အဆိုပါအမျိုးသား၏အမည်ကိုမူထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ဦးတိုက်လျှောက်ထားမှုကို လက်ခံ ခဲ့ပြီးနောက် အဆိုပါစည်းရုံးခဲ့သူအား မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို တရားရုံးက ဆုံးဖြတ်မည်ဖြစ်သည်။

မကွေးတိုင်း အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန တိုင်းညွှန်ကြားရေးမှူးက တရားလိုပြုလုပ်ကာ ဆူပူရန် စည်းရုံး သူကို စက်တင်ဘာ ၂၉ ရက်တွင် တရား စွဲဆိုခဲ့သည်။‘‘ကျွန်တော် စပြောကတည်း က တရားဥပဒေနဲ့အညီဖြစ်ဖို့သာ လုပ်မယ်လို့ ပြောခဲ့တာပဲ။ ဥပဒေ ကို ကျော်လွန်ပြီး ကျွန်တော်တို့ ဘာမှမလုပ်ဘူး။ ဥပဒေအရ သက်သေခိုင်လုံရင်ခိုင်လုံသလို၊ မခိုင်လုံရင် မခိုင်လုံသလို ဖြစ်မှာ ပါပဲ။ ကျွန်တော် အစိုးရဌာန တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးမှ အခုလို တရားစွဲဆို ခဲ့တာ ဖြစ်တယ်’’ဟု ဒေါက်တာ အောင်မိုးညိုက စက်တင်ဘာ ၃၀ ရက်တွင် 7Day Daily သတင်းစာအား ပြောသည်။

အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်အောင် လံှု့ဆော်ပေးရန် စည်းရုံးသူသည် ငွေကြေးမြောက် မြားစွာ ရရှိမည်ဖြစ်သဖြင့် ယခုကဲ့ သို့ စည်းရုံးခြင်းဖြစ်သည်ဟု သိရ ကြောင်း ဒေါက်တာအောင်မိုးညို က စက်တင်ဘာ ၂၆ ရက်၌မီဒီယာ များအား ပြောကြားသည်။

အမ်းမြို့တွင် ဆူပူမှုပြုလုပ် ရန် ကျပ်ငါးသိန်းပေးမည်ဖြစ်ပြီး လမ်းတစ်လျှောက် ရေမီးအပြည့်အစုံနှင့် မိန်းကလေး လိုချင်လျှင် တောင်ရမည်ဟု စည်းရုံးခြင်းဖြစ် ကြောင်း၊ တာဝန်ကျေ၍ မကွေး ပြန်ရောက်ပါက ကျပ်ငါးသိန်း ရမည်ဖြစ်ပြီး စည်းရုံးသူကိုယ် တိုင်က ငွေကြေး များစွာရရှိသဖြင့် စည်းရုံးမှုပြုလုပ်သည်ဟု သိရကြောင်း ဝန်ကြီးချုပ်က စက်တင်ဘာ ၂၆ ရက်၌ ပြောကြားထား သည်။

 တောင်တွင်းကြီးမြို့တွင် လည်း ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် ည ၈ နာရီခန့်က အစ္စ လာမ်ဘာသာဝင်များ၏ နေအိမ်၊ ဈေးဆိုင်ခန်းများကို မျက်နှာဖုံးစွပ် လူတစ်စုက ခဲဖြင့်ပစ်ပေါက်ဖျက် ဆီးသဖြင့် ကျပ်သိန်း ၁၈၀ ကျော် ဖိုး ပျက်စီးဆုံးရှုံးခဲ့သည်။ ယင်း ဆူပူမှုဖြစ်စဉ်တွင် ပါဝင်သူခုနစ်ဦး ကို ပုဒ်မငါးခုဖြင့် အမှုဖွင့် အရေး ယူထားသည်။

========================
251 / End