အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရကိုယ်စားလှယ် အဖွဲ့ ‘၀’နှင့်မိုင်းလားဒေသသို့ လာရောက်မည့် ခရီးစဉ်သည် ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့နှင့် ဆွေးနွေးရန် မဟုတ်ကြောင်း မိုင်း လားအဖွဲ့(NDAA)အထွေထွေအ တွင်းရေးမှူးချုပ်ဦးကြည်မြင့်က ပြောသည်။
အစိုးရကိုယ်စားလှယ်များ ‘၀’နှင့် မိုင်းလားသို့ လာရောက် မည်ဟု ပြောကြားသော်လည်း ခရီးစဉ်အကြောင်းအရာအသေး စိတ်ကိုမူ အကြောင်းကြားခြင်းမရှိ သေးကြောင်း ၎င်းကဆိုသည်။
‘‘သူတို့က ဒေသဖွံ့ဖြိုးရေး ကိစ္စလာတဲ့အခါနဲ့ အဲဒီခုနစ်ဖွဲ့နဲ့ မဆိုင်ဘူး။ ‘၀’ရဲ့ ဖွံ့ဖြိုးရေးကိစ္စ နဲ့ မိုင်းလားရဲ့ ဖွံ့ဖြိုးရေးကိစ္စနဲ့ဆို တော့ အဲဒီဘက်နဲ့မဆိုင်ဘူး။ အဲဒီ လိုပဲယူဆတယ်’’ ဟု ဦးကြည်မြင့် ကပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ‘၀’လက်နက်ကိုင် အဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)တို့သည် ယခုအောက် တိုဘာလလယ်၌ တွေ့ဆုံရန်စီစဉ် နေသည်ဟု ကော်မရှင်အဖွဲ့ဝင်ဦး အောင်စိုးက ပြောသည်။
‘‘သီတင်းကျွတ်အပြီးမှာ သွားတွေ့ဖို့ လူကြီးတွေစီစဉ်နေ တာပေါ့။ ရက်ကတော့ ညှိနေကြ တယ်။ ဘယ်သူတွေပါမယ်ဆိုတာ လည်း မသိရသေးဘူး။ တွေ့ဖြစ် ရင်တော့ ငြိမ်းချမ်းရေးအကြောင်း ပဲ ဆွေးနွေးဖြစ်မှာပါ’’ ဟု ဦး အောင်စိုးက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင် သည် ၂၀၁၆ ဒီဇင်ဘာက ‘၀’ဒေ သပန်ဆန်းနှင့် မိုင်းလားဒေသသို့ သွားရောက်၍ ‘၀’နှင့်မိုင်းလား အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်။
ထိုစဉ်က ကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူးဦး ခင်ဇော်ဦးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါသွားပြီး ငြိမ်းချမ်းရေး အပါအ၀င် ဒေသဖွံ့ဖြိုးရေးကိစ္စ များလည်း ဆွေးနွေးခဲ့သည်။
‘၀’နှင့်မိုင်းလားလက်နက် ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဆိုသော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်သည့်အဖွဲ့ အစည်းများဖြစ်ပြီး ယင်းကော်မ တီတွင် ‘၀’လက်နက်ကိုင်အဖွဲ့က ဦးဆောင်မှုရယူထားသည်။
ယင်းမြောက်ပိုင်းခုနစ်ဖွဲ့ သည် အစိုးရနှင့်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တစ်ဖွဲ့ချင်းမတွေ့ ဘဲ ခုနစ်ဖွဲ့စုပေါင်းတွေ့ဆုံရန် မူ ၀ါဒချမှတ်ထားသကဲ့သို့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်း ရေးဆောင်ရွက်နေသည့် အစိုးရ၊ တပ်မတော်တို့ကလည်း ယင်း မြောက်ပိုင်းခုနစ်ဖွဲ့၏ ကော်မတီ အား လက်မခံဘဲ ဆွေးနွေးမှုများကိုလည်း တစ်ဖွဲ့ချင်းစီ(သို့မဟုတ်) အဖွဲ့ခွဲ၍ပြုလုပ်ရန် မူဝါဒ ချမှတ် ထားသည်။ မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ‘၀’အဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့(KIO)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့် အဖွဲ့(MNDAA)နှင့် ရခိုင်အဖွဲ့ (AA)ဟူသော မြန်မာ-တရုတ်နယ် စပ်အခြေစိုက်အဖွဲ့များဖြစ်သည်။
========================
251 / End
၆ အောက်တိုဘာ ၂၀၁၇ - ၁၅:၄၁
News ID: 858637
အစိုးရကိုယ်စားလှယ် အဖွဲ့ ‘၀’နှင့်မိုင်းလားဒေသသို့ လာရောက်မည့် ခရီးစဉ်သည် ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး မြောက် ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့နှင့် ဆွေးနွေးရန် မဟုတ်ကြောင်း မိုင်း လားအဖွဲ့(NDAA)အထွေထွေအ တွင်းရေးမှူးချုပ်ဦးကြည်မြင့်က ပြောသည်။