၇ အောက်တိုဘာ ၂၀၁၇ - ၁၆:၄၃
၈၈ မျိုးဆက်များ အဓိကပါဝင်မည့် ပါတီသစ်တွင် လူငယ်နှင့် အမျိုးသမီးများကို အလေးထားစည်းရုံးမည်ဟု ဦးကိုကိုကြီးပြော

ခေတ်အဆက်ဆက် နိုင်ငံရေးမျိုးဆက်များအပါအဝင် ၈၈ မျိုးဆက်များ အဓိကပါဝင်မည့် နိုင်ငံရေးပါတီသစ်တွင် လူငယ်နှင့် အမျိုးသမီးများ အင်တိုက်အား တိုက် ပါဝင်နိုင်ရေး အလေးထား စည်းရုံးရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဦးကိုကိုကြီးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ခေတ်အဆက်ဆက် နိုင်ငံရေးမျိုးဆက်များအပါအဝင် ၈၈ မျိုးဆက်များ အဓိကပါဝင်မည့် နိုင်ငံရေးပါတီသစ်တွင် လူငယ်နှင့် အမျိုးသမီးများ အင်တိုက်အား တိုက် ပါဝင်နိုင်ရေး အလေးထား စည်းရုံးရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ဦးကိုကိုကြီးက ပြောကြားသည်။

အောက်တိုဘာ ၄ ရက်က ပဲခူးမြို့ရှိ ဂရင်းဆိုရှယ်ခန်းမ၌ ပြုလုပ်သော နိုင်ငံရေးပါတီဖြစ် မြောက်ရေးကော်မတီ (ပဲခူးတိုင်း ဒေသကြီး) ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းအခမ်းအနားတွင် ဦးကို ကိုကြီးက အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံရေးပါတီသစ် ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ‘‘နံပါတ် (၁)က ပြည်သူတို့အခက် အခဲအကျပ်အတည်းကနေ လွန် မြောက်ဖို့၊ ဖြေရှင်းဖို့၊ နံပါတ် (၂) က လက်ရှိအခြေအနေထက် ပိုမို ကောင်းမွန်တဲ့ အခြေအနေတစ် ရပ်ကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

၎င်းတို့ ဦးဆောင်တည် ထောင်မည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးနှင့်ပတ်သက်၍ အတွေ့ အကြုံရှိပြီးသူများ၊ ရေရှည်နိုင်ငံ ရေးလုပ်နိုင်သူများ၊ လက်ရှိနိုင်ငံ ရေးအပြောင်းအလဲဖြစ်ပေါ်စေ ရန် ကျရာနေရာများက ဝန်းရံကာ စွန့်လွှတ်အနစ်အနာခံခဲ့သူများ၊ ရှစ်လေးလုံး လူထုအရေးတော်ပုံ တွင် ပါဝင်ခဲ့သူများနှင့် မျိုးဆက် များအပါအဝင် နောင်မျိုးဆက် များ ပါဝင်တည်ထောင်မည့် ပါတီ ဖြစ်သောကြောင့် သာမန်နိုင်ငံရေး ပါတီမျိုးမဟုတ်ကြောင်း ဦးကိုကို ကြီးက ဆက်လက်ပြောသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်မှ ၈၈ မျိုးဆက်များအပါအဝင် ခေတ်အ ဆက်ဆက် နိုင်ငံရေးမျိုးဆက်များ စုစုပေါင်း ၆၀ ခန့် တက်ရောက်ကြ ပြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီ (ပဲခူးတိုင်းဒေသကြီး) ကို နာယကအဖွဲ့အပါအဝင် စည်း ရုံးရေးကော်မတီ၊ ဘဏ္ဍာရေး ကော်မတီ၊ သတင်းနှင့် ပြန်ကြား ရေးကော်မတီနှင့် ရုံးအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီး ရုံးခန်းကို ပဲခူးမြို့ မဂ္ဂတ္တစ်လမ်းတွင် ဖွင့်လှစ်ခဲ့ သည်။

ထို့အပြင် ပဲခူးတိုင်းဒေသ ကြီးရှိ ခရိုင်နှင့် မြို့နယ်များတွင် ဖြစ်မြောက်ရေးကော်မတီများ ဆက်လက်ဖွဲ့စည်းမည်ဖြစ်ပြီး လက်ရှိတွင် ဖွဲ့စည်းပြီးသော နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော် မတီများအနေဖြင့် ပြည်သူများ၏  နစ်နာမှုများ၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများနှင့် လယ်ယာမြေ စသောကိစ္စများတွင် နစ်နာသော ပြည်သူလူထုဘက်က ရပ်တည်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး နိုင်ငံရေးပါ တီ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးအောင်ကျော်မိုး (ခ) ဦးဘိုတောက်က ရှင်းပြသည်။

‘‘၈၈ ကာလကနေ ဒီဘက် ကို တောက်လျှောက်နိုင်ငံရေးဖြစ် စဉ်ကြီးထဲမှာ ပါဝင်လာပြီးတော့ အတွေ့အကြုံအရသော်လည်း ကောင်း၊ လေ့လာမှုသော်လည်း ကောင်း အထိုက်အလျောက်တွေ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ဦးဆောင်ပြီးတော့ ထွက်ပေါ်လာ ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းဒေသမှာရော၊ ကျွန်တော်တို့ တိုင်းပြည်အတွက်ရော တကယ် ကို အကျိုးရှိတဲ့ပါတီတစ်ခု ဖြစ်ကို ဖြစ်ရမယ်လို့ ကျွန်တော်တို့က ယုံကြည်မှုနဲ့ပဲ ပါတီအသစ်ပေါ် ပေါက်ဖို့ လုပ်တာပါ’’ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁ ရက်က ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေးရုံးခန်းကို ဟင်္သာတမြို့တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ် ကာ တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည် နယ်များတွင်လည်း ဆက်လက် ဖွင့်လှစ်မည်ဖြစ်သည်။

========================
251 / End