၈ အောက်တိုဘာ ၂၀၁၇ - ၁၃:၃၁
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသည့် အရေအတွက်ကိုသိရန် စာရင်းကောက်ယူမှုများ လုပ်ဆောင်နေ

ရန်ကုန် ။ ။ မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသည့် အရေအတွက် အတိအကျကို သိရှိရန်အတွက် စာရင်းကောက်ယူမှုများ လုပ်ဆောင် နေပြီဟု လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန် ။             ။ မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသည့် အရေအတွက် အတိအကျကို သိရှိရန်အတွက် စာရင်းကောက်ယူမှုများ လုပ်ဆောင် နေပြီဟု လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

“ ဒီဟာတွေအတွက်ကိုလည်းဆောင်ရွက်နေတယ်။ အခုအဖွဲ့တွေဖွဲ့ပြီး စရင်းကောက်တာတွေလုပ်နေပြီ။ အတိအကျမသိသေး တော့ ပြောရခက်နေ တာပေါ့။ စာရင်းကောက်ယူဆောင်ရွက်မှုတွေ လုပ်နေပြီ အင်အားနဲ့တော့ “ ဟု ပြည်ထောင်စုဝန်ကြီး ကဆိုသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်သူများစာရင်းကောက်ယူနေမှုကို အစိုးဘက်မှ အမြန်ဆုံးအကောင်အထည်ဖော်နေပြီး စာရင်းအတိအကျ ထွက်မည့်နေ့ကိုမှု ပြောဆို၍ မရသေးကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က မဇ္စျိမသို့ဖြေကြားထားသည်။

စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂါလီဦးရေ  တစ်သောင်း ခုနှစ်ထောင်ကျော် ဘင်္ဂါလားဒေ့ရှ် သို့ထွက်ခွာရန်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ရာ အစိုးရမှ ၄င်းတို့ အခက်အခဲများ အား ညှိနှိုင်းပေးခဲ့ပြီး စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ်ရှိ ဒုအိုးသည်မ ကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာရန်ကြိုးပမ်းခဲ့ကြပြီး  ဘင်္ဂလားဒေ့ရှ်ဘက်မှ လူများမှ လာရောက်ရန် ခေါ်ခြင်း၊ ဒေသခံတချို့က ဖုန်းဖြင့်ခြိမ်း ခြောက်ခြင်း များ ရှိခဲ့ကြောင်းသိရသည်။

========================
251 / End