အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်တွင်းသတင်းမီဒီ ယာ ၁၂ ခုက ရခိုင်ပြည်နယ် ပဋိ ပက္ခနှင့် ပတ်သက်၍သတင်းဖော် ပြမှုတွင် အစိုးရ၏ထုတ်ပြန်ချက် နှင့်ကြေညာချက်များကို အများ ဆုံးကိုးကား အသုံးပြုကြောင်း Myanmar Institute for Democracy (MID) အဖွဲ့အစီရင် ခံစာတွင် ဖော်ပြသည်။
ရုပ်သံလိုင်း လေးလိုင်းဖြစ် သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား၊ မြဝတီ၊ DVB၊ Up to Date၊ရေဒီယိုဖြစ်သည့် မြန်မာ့အသံ၊ BBC၊ သတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ Eleven၊ The Voice၊ 7 Day၊ အွန်လိုင်းသတင်း မီဒီယာဖြစ်သည့် ဧရာဝတီနှင့် မဇ္ဈိမတို့၏ မောင်တောဒေသအ ကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ် သက်၍ သတင်းဖော်ပြမှုကို MID အဖွဲ့က ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် မှ စက်တင်ဘာ ၈ ရက်အထိလေ့ လာဆန်းစစ်ကာ အစီရင်ခံစာပြု လုပ်ထားသည်။
ရခိုင်ပဋိပက္ခသတင်းများ တင်ဆက်ရာတွင် DVB နှင့် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားက နိုင်ငံ တော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ၊ သမ္မတ ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးတို့၏ ထုတ်ပြန်ချက်များကို အဓိကကိုးကား အသုံးပြုပြီး မြဝ တီ သတင်းဌာနမှာ တပ်မတော်သ တင်းထုတ်ပြန်ရေး၏ ကြေညာချက်များကို အဓိကအသုံးပြုခဲ့ ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
‘‘ပြည်တွင်းသတင်းမီဒီယာ တွေကို ပဋိပက္ခဖြစ်ပွားရာမှ လွတ်လွတ်လပ်လပ် သတင်းသွားယူခွင့် ရရင် သတင်းအရင်းအမြစ်ကို လည်း တိုက်ရိုက်ထိတွေ့တင်ပြ နိုင်မယ်။ သတင်းအမှန်တွေကို ပြည်သူတွေသိအောင် ဖော်ပြနိုင် မယ်။ သတင်းအမှားတွေလည်း ထိုက်သင့်သလောက် လျော့နည်း သွားမယ်’’ ဟု MID အဖွဲ့ တွဲဖက် ဒါရိုက်တာ ဦးမျိုးမင်းဇော်ကပြော သည်။
သတင်းမီဒီယာများအနေ ဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင် အချိန်နှင့် တစ်ပြေးညီ သတင်းရယူ ခြင်းနှင့် သတင်းအရင်းအမြစ်များ စုံလင်အောင် ထိတွေ့ရယူရာတွင် တွေ့ကြုံနေရသည့် အကန့်အ သတ်အတားအဆီးများကို နိုင်ငံ တော်အစိုးရက ကူညီဖယ်ရှားပေး သင့်ကြောင်း ၎င်းကပြောသည်။
Eleven၊ The Voice၊ 7 Day စသည့် သတင်းမီဒီယာတို့က ရခိုင်ပဋိပက္ခသတင်းများ ဖော်ပြရာ တွင် အစိုးရသတင်းထုတ်ပြန်ချက် များအပြင် ဒေသခံတိုင်းရင်းသား များကို မေးမြန်းချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်ကို လေ့ လာတွေ့ရှိရကြောင်း ဦးမျိုးမင်း ဇော်ကဆိုသည်။
အစိုးရပိုင်မီဒီယာများအနေ ဖြင့် သတင်းအရင်းအမြစ် အသုံး ပြုဖော်ပြမှုအပိုင်းတွင် သတင်းအ ရင်းအမြစ် အမျိုးမျိုးမှ ရယူတင်ပြ ခြင်းအားနည်းပြီး အစိုးရအရင်းအ မြစ်မှသာ အများဆုံးအသုံးပြုဖော် ပြခဲ့၍ ပဋိပက္ခဖြစ်စဉ် အစောပိုင်း ကာလအတွင်း တိုက်ရိုက်သတင်း ရယူတင်ပြနိုင်ခြင်း မရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
ပုဂ္ဂလိကပိုင်မီဒီယာ အများစု သည် ပဋိပက္ခဖြစ်စဉ် အစောပိုင်း ကာလများတွင် အစိုးရထုတ်ပြန် ချက်၊ တပ်မတော်၏ ထုတ်ပြန် ချက်၊ ပြည်နယ်အစိုးရ သတင်း အရင်းအမြစ်များကိုသာ အသုံးပြု ဖော်ပြပြီး အစိုးရအစီအစဉ်ဖြင့် သတင်းသွားရောက်ရယူခွင့် ရပြီး နောက်ပိုင်းမှသာ သတင်းထောက်များ တိုက်ရိုက်သတင်းပို့ ဖော် ပြနိုင်သည်ကို တွေ့ရကြောင်း ယင်းအစီရင်ခံစာကဆိုသည်။
သတင်းမီဒီယာများ၏ ဖော် ပြမှု အခြေအနေများကို MID အဖွဲ့က ဘက်ပေါင်းစုံမှ လေ့လာဆန်း စစ်ခြင်းကို ဆလိုဗက်ကီးယားနိုင်ငံမှ သတင်းမီဒီယာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် MEMO 98 အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
========================
251 / End
၁၄ အောက်တိုဘာ ၂၀၁၇ - ၁၆:၅၀
News ID: 860345
ပြည်တွင်းသတင်းမီဒီ ယာ ၁၂ ခုက ရခိုင်ပြည်နယ် ပဋိ ပက္ခနှင့် ပတ်သက်၍သတင်းဖော် ပြမှုတွင် အစိုးရ၏ထုတ်ပြန်ချက် နှင့်ကြေညာချက်များကို အများ ဆုံးကိုးကား အသုံးပြုကြောင်း Myanmar Institute for Democracy (MID) အဖွဲ့အစီရင် ခံစာတွင် ဖော်ပြသည်။