၁၅ အောက်တိုဘာ ၂၀၁၇ - ၁၇:၅၆
အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဟိန္ဒူဓ​လေ့ဆု​တောင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အစွန်းရောက်ဘင်္ဂါလီအဖွဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ဟိန္ဒူလူမျိုးတွေအတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ ဟိန္ဒူဓလေ့ဆုတောင်းပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အစွန်းရောက်ဘင်္ဂါလီအဖွဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ဟိန္ဒူလူမျိုးတွေအတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ ဟိန္ဒူဓလေ့ဆုတောင်းပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၂ နာရီမှာ မြောက်ဥက္ကလာပမြို့နယ်ရှိ စရီမူသူးမာရီယမ္မာန်မယ်တော်ကြီး သက်သက်လွတ် ဟိန္ဒူဘုရားကျောင်းမှာ ကျင်းပပြုလုပ် ခဲ့တာပါ။

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသက ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်လူမျိုးတွေမှာ စားနပ်ရိက္ခာအဆင်ပြေပေမယ့် အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အထည်တွေလိုအပ်နေသေးတယ်လို့ ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ပေးသူတွေက ပြောပါတယ်။

အစိုးရအဖွဲ့အစည်းတွေနဲ့ တခြားပရဟိတအဖွဲ့အစည်းတွေရဲ့ လှူဒါန်းတာတွေကြောင့် စားနပ်ရိက္ခာအဆင်ပြေပေမယ့် ဟိန္ဒူလူမျိုးတွေရဲ့ ရိုးရာအစားအစာတခုဖြစ်တဲ့ ပဲကိုတော့ ရန်ကုန်တိုင်းက ဟိန္ဒူဘာသာဝင်အဖွဲ့တွေက သွားရောက်လှူဒါန်းပေးနေရတယ်လို့ ဟိန္ဒူ ဘာသာရေးခေါင်းဆောင် ဒေါက်တာလှထွန်းက ဒီဗွီဘီ ကိုပြောပါတယ်။

ဟိန္ဒူဘာသာဝင်လူမျိုးတွေနေထိုင်တဲ့ရွာတွေဟာ တခြားဘာသာဝင်လူမျိုးတွေနဲ့ အလှမ်း ဝေးပြီး သီးသန့်ကြီးဖြစ်နေတာရယ် လုံခြုံရေးမရှိသေးတာကြောင့် ဟိန္ဒူဘာသာဝင်လူမျိုးတွေ အနေနဲ့ နေရပ်ပြန်ဖို့ စိုးရိမ်နေကြသေးတယ်လို့ သူကဆက်ပြောပါတယ်။

========================
251 / End