အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးမြို့တွင် နေ အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား ရာ ယင်းနေအိမ်တွင် တရုတ်နိုင်ငံသားနှစ်ဦး ခွင့်ပြုချက်မရှိဘဲ ငှားရမ်းနေထိုင်ကြောင်း စစ်ဆေးပေါ်ပေါက်၍ အိမ်ရှင်နှင့် တရုတ်နိုင်ငံသားများကို အရေးယူထားကြောင်း ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဌေးမင်းက ပြော သည်။
မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ၆၆ လမ်းနှင့် ၆၇ လမ်း ကြား၊ သဇင်လမ်းနှင့် ရတနာ အောင်မြေလမ်းကြားရှိ တရုတ် နိုင်ငံသားနှစ်ဦး ငှားရမ်းနေထိုင် သော အာရ်စီနှစ်ထပ်အဆောက် အအုံသည် အောက်တိုဘာ ၁၃ ရက်က မီးလောင်ခဲ့သည်။
‘‘မီးလောင်တဲ့အမှုကတော့ ရဲကပဲ ဆက်လုပ်သွားတယ်။ တရုတ်နိုင်ငံသားတွေက ကျောက် မျက်အရောင်းအ၀ယ်လာလုပ်တဲ့ အခါ ကျောထောက်နောက်ခံ ကုမ္ပဏီမရှိဘဲ သူတို့ဘာသာ လုပ် ကိုင်တယ်၊ နေထိုင်တယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် လ၀က အနေနဲ့ အရေးယူတာပါ။ သူတို့ ကို ပြည်နှင်ဖို့အတွက် နေပြည် တော်ကို တင်ထားပြီးပါပြီ’’ဟု ဦးကျော်ဌေးမင်းက ပြောသည်။
၎င်းတို့ကို လ၀ကအက် ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့် ကာ ဒဏ်ငွေကျပ်သုံးသိန်းချမှတ် အရေးယူခဲ့ပြီး အိမ်ရှင်ကိုလည်း နိုင်ငံခြားသား မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၅(၁)အရ ဒဏ် ငွေ ငါးသိန်းချမှတ်အရေးယူခဲ့ သည်။
ထို့အပြင် နေအိမ်မီးလောင် မှုကြောင့် တရုတ်နိုင်ငံသားနှစ်ဦးကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် လည်းအမှုဖွင့်ထားကြောင်း မန္တလေးမြို့ အမှတ် ၁၁ ရဲစခန်းမှ စခန်းမှူး ရဲ
အုပ်ဝင်းဗိုလ်က ပြောသည်။
တရုတ်နိုင်ငံသားနှစ်ဦးသည် မန္တလေးမြို့တွင် ကျောက်ရောင်း ၀ယ်ရေးလုပ်ကိုင်နေပြီး လွန်ခဲ့ သည့် ရှစ်လခန့်ကစတင်ကာ ယင်းအိမ်၌ ငှားရမ်းနေထိုင်ခဲ့ ကြောင်း၊ ကနဦးငှားရမ်းနေထိုင်စဉ်က သက်ဆိုင်ရာလ၀ကဌာနသို့ အကြောင်းကြားခဲ့သော်လည်း တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီး ယခုပြန်လည်ရောက်ရှိလာချိန်တွင် အကြောင်းကြားခြင်း မရှိကြောင်း ဦးကျော်ဌေးမင်းက ပြောသည်။
========================
251 / End
မီးလောင်ရာမှ တရားမ၀င်ငှားရမ်းနေထိုင်ကြောင်း စစ်ဆေးပေါ်ပေါက်၍ တရုတ်နိုင်ငံသားနှစ်ဦးနှင့် အိမ်ရှင်ကို အရေးယူ
၂၀ အောက်တိုဘာ ၂၀၁၇ - ၁၈:၃၆
News ID: 861550